ကိုယ့်ဆီကသာတယ်

ဆရာခင်ဗျာ ခုပုံထဲက လမ်းမျိုးက မြန်မာပြည်မှာပဲရှိတယ်လို့ထင်နေတာ အမေရိကားမှာလည်းရှိတာပဲနော်။

အမေရိကားဆိုတာ တိုင်းပြည်က ကြီးတယ် ကျယ်တယ်။
တရုပ် ဧရိယာစတုရန်းမိုင် 3.6 million square miles ၃့၆ သန်းကျော်။
ယူအက်စ်အေ ဧရိယာစတုရန်းမိုင် 3.5 million square miles ၃့၅ သန်းကျော်။
ရုရှား ဧရိယာစတုရန်းမိုင် 6.602 million square miles ၆ သန်းကျော်။
မြန်မာ ဧရိယာစတုရန်းမိုင် 261,227 square miles ၂ သိန်းကျော်။

ရောက်တဲ့တိုင်းပြည်တွေကို အမြဲတမ်း ကိုယ့်နိုင်ငံနဲ့ ယှဉ်ကြည့်မိတယ်။ ရောက်ဖူးသမျှတော့ နိုင်ငံ ၃၀ ထဲမှာ နီပေါနဲ့ ကမ္ဘောဒီယားလောက်သာ ကိုယ့်ထက်ညံ့တယ်။

ယူအက်အေရောက်စမှာ တိုက်တွေတာတွေ လမ်းတွေကားတွေကို မကြည့်ပဲ သစ်ပင်ပန်းပင်တွေသာ ကြည့်မိတယ်။ ဒီတိုင်းပြည်မှာ ပိတောက်ပန်းမရှိ။ စပယ်ပန်းနဲ့ နှင်းဆီပန်းကိုယ့်ဆီကပန်းတွေလောက် မမွှေး။ ကိုယ့်ဆီကသာတယ်။

Dr. တင့်ဆွေ
၁၂-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး