စထောဘယ်ရီ

နီစပြုလာပြီ။ လေးငါးလုံးရှိပြီ။ ၂ နှစ်နေရင်တော့ စားပေရော့လို့ တနေ့က ပက်ကွန်ထရိုး ခေါ် အကောင် သေးသေး မွှားမွှားတွေကို ရှင်းပေးတဲ့ကုမ္ပဏီက လာလုပ်ပေးသူက ပြောသွားတယ်။

စထောဘယ်ရီသတ်ပုံလည်း မေးကြဦးမည်။ အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့ လဲကြစေချင်တယ်။ စတော၊ စတော် မဟုတ်ပါ။

အနားကချဉ်ပေါင်လည်း သန်လာပြီ။ စထောဘယ်ရီကို ဘိုဆန်သတဲ့။ ချဉ်ပေါင်က တောဆန်းသတဲ့။ ကျွန်တော်တို့က တခင်းထဲမှာ စိုက်ထားတယ်။ လူစားစာတွေ။ ရှဥ့်ကတော့ စထောဘယ်ရီသာစားတယ်။

စားကောင်းတယ်

စောင်ခြမ်းပင်အောက်မှာ မေးတယ်။ ကျန်းမာရေးအတွက် ဘယ်လို ကျေးဇူးများသလဲ သိချင်ပါတယ် ဆရာ စောင်ခြမ်းချဉ် ကြိုက်သူပါခင်ဗျ တဲ့။

လူအများစားသောက်တာတွေကို တခုစီရေးရင် ရေးတာတခုတည်းသာကောင်းပြီး ကျန်တာတွေက စားမရာမဟုတ်လို့ လူအများစုက ထင်တတ်ကြတယ်။

တမြန်နေ့ညက ချယ်ရီသီးပုံလေး တင်တော့ ဘာကောင်းသလဲ မေးတော့ စားကောင်းတယ်လို့ ဖြေခဲ့တယ်။

အမည်ဆန်းတဲ့ အသီးတွေ အပင်တွေ အပွင့်တွေ အရွက်တွေဆိုရင် ၉၆ ပါးပျောက်တယ်လို့ တယောက်ယောက်ရေးရင် မေးကြပြီ။ အချိန်ပိုတွေ ကုန်စေတယ်။ အဲတာတွေက စားမကောင်း၊ မစားကောင်းပါ။

ဒေါက်တာတင့်ဆွေ
၅-၇-၂၀၂၀

ဒေါက်တာတင့်ဆွေ
၅-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး