ဥပုသ် သို့မဟုတ် သီလမယူတော့သည့် မြန်မာစာ

တခုလောက်မေးခွင့်ပြုပါဆရာရှင့် ဥပုဒ် ဥပုပ် ဥပုသ် ဘယ်ဟာအမှန်လဲရှင့် အဲလိုသုံးမျိုးလုံးတွေ့နေရလို့ပါ ကျမကတော့ ဥပုဒ်ထင်လို့ပါရှင့် (ပို့ပေးတဲ့ပုံထဲမှာ ဥပုပ် တဲ့)။

ပုသ်
ဥပုသ်သီလ
ဥပုသ်စောင့်

ပုပ်
ခင်ပုပ်ငှက်
ဆူးပုပ်ရွက်
ပုပ္ပါးတောင်
ပုပ်စပ်
ပုပ်ပွ
ပုပ်အဲ့အဲ့
ပုပ်စော်နံ
ဝက်ပုပ်ရွာ
သစ်ပုပ်ပင်
သစ်ပုပ်ရွာ
အစိမ်းပုပ်ရောင်
အပုပ်နံ့
မြွေငန်းပုပ်
လငပုပ်ဖမ်း

ပုတ်
စပါးပုတ်
ပါဋလိပုတ်ပြည်
ပုတ်ခတ်ပြောဆို
ပုတ်တလုတ်ကန်
ပုတ်ပြတ်ငှားရမ်း
ပုတ်သင်ညို
ရိုက်ပုတ်သည်
လှိုင်းပုတ်သည်
အိုးပုတ်
ဆောက်ပုတ်လက်နက် (ထုရိုက်စရာ)
ရေလှိုင်းပုတ်
တင်းပုတ်

ပုဒ်
ဇနပုဒ်
နာမ်ပုဒ်
ပုဒ်ထီးပုဒ်မ
ပုဒ်ပါဇ်အကရာ
သိက္ခာပုဒ်

ပုထ်
ဣရိယာပုထ်

ပုဂ်
ပုဂ္ဂိုလ်
ပုဂ္ဂလိက
ပုဂ္ဂလဓိဋ္ဌာန်

ပုစ်
ပုစ္ဆာ

ပုဗ်
ပုဗ္ဗနိမိတ်
ပုဗ္ဗကြယ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး