ဤဆိုဤ ကျွဲဆိုကျွဲ

ဆရာတင်ထားတဲ့ တထာင်လောက်ကို ဖတ်ပြီးပါပြီခင်ဗျာ တ နှင့် တစ် ကို ဘယ်လိုနေရာမှာ ခွဲခြားပြီး အသုံးပြုသည်ကို ရှင်းရှင်းလင်းလင်းမသိပါ။ အမှန်ကို သိချင်၍ မေးပါသည်ခင်ဗျာ ယခု တစ်ကျပ်သည် ကျွန်တော်ရေးသည့် တစ်ကျပ် မဟုတ်ပါ။ ငွေကြေးပေါ်တွေရိုက်နှိပ်ထားသော စာလုံးဖြစ်ပါသည်။ ဆရာတင်ထားသည့် ဥပမာများတွင် တဆယ်ကျပ် တသွေးတသံ တမိန့် အသီးတရာ အညှာတခု ဟုဖတ်ရပါသည်။ တဆယ်ကျပ် နှင့် တစ်ကျပ်ဟု ရေးသားခြင်းတွင် တ နှင့် တစ်အား မည်သည့်အချိန်တွင် ခွဲခြားအသုံးပြုရမည်ကို ကွဲကွဲပြားပြား သိရှိလို၍မေးပါသည်။ ကျေးဇူးတင်ပါသည်ခင်ဗျား။

Kyat ငွေစက္ကူပေါ်က ရုပ်ပုံ နှင့် သတ်ပုံ သမိုင်း https://doctortintswe.blogspot.com/2019/12/kyat.html
Pictures on Kyat ကျပ်ငွေပေါ်က ပုံများသမိုင်း https://doctortintswe.blogspot.com/2016/11/pictures-on-kyat.html
Tit for tat (2) အလင်္ကာပန်းကုံး တ ကို တစ်လို့မသုံး http://doctortintswe.blogspot.com/2016/01/tit-for-tat-2.html
Tit for tat (3) တစ်နေတဲ့ ခေတ်ကြီး http://doctortintswe.blogspot.com/2016/01/tit-for-tat-3.html
Tit for tat အနန္တသူရိယ မှားသလား http://doctortintswe.blogspot.com/2016/01/tit-for-tat.html
To my Burmese teachers ကျွန်ုပ်၏ မြန်မာစာဆရာများသို့ http://doctortintswe.blogspot.com/2016/01/to-my-burmese-teachers.html
စုတ်ပြဲနေသော သတ်ပုံကျမ်းများ https://doctortintswe.blogspot.com/2020/06/blog-post_0.html
တ နှင့် တစ် https://doctortintswe.blogspot.com/2017/08/blog-post_86.html
တစ် သမိုင်း သံခိပ် https://doctortintswe.blogspot.com/2018/09/blog-post_69.html
တစ် အသုံးမှန်များ https://doctortintswe.blogspot.com/2018/12/blog-post_354.html
တစ်လို့ပြင်တာ ပလီတာ https://doctortintswe.blogspot.com/2019/06/blog-post_435.html

မြန်မာစာသတ်ပုံတွေ အမိန့်နဲ့ပြောင်းတာကိုတော့ အသေအချာသိပါတယ်။ အရင်ကရေးတာတွေ မှားနေလို့ မဟုတ်ပဲ၊ ကုလားထိုင်ရ မြန်မာစာဆရာကြီးတွေက အမိန့်ပေးနိုင်သူ တဦးတည်းအလိုကျလုပ်ခဲ့တာ။ ၁၉၈၀ ကျော်ကစပြီး ၁၉၉၀ ကနေ မရေးမနေရဖြစ်လာတာ။ အရင်ကရေးတာတွေ မှားနေလို့ မဟုတ်ပဲ ရေးခိုင်းတာ။

စစ်အစိုးရလက်အောက်မှာ ပေါ်လစီသတ်ပုံမဟုတ်ရင် ဘယ်နေရာမှ ရေးလို့မရခဲ့ပါ။ အခုတော့ စာသင်ကျောင်းတွေ၊ ရုံးတွေ၊ ဘဏ်တွေနဲ့ လွှတ်တော်ကလွဲရင် မူလသတ်ပုံမှန်အတိုင်း ရေးလို့ရနေပါပြီ။ ဒါပေမဲ့ အမှန်ကိုရေးတဲ့သူ ၀့၀၀၁% လောက်သာရှိတယ်။ ပိုက်ဆံတွေလည်း လူခိုင်းသလို မတစ်ရာကနေ တစ်ရတယ်။

ခေတ်ကာလအပြောင်းအလဲသဘောက ဒီလိုပဲ။ အများက ဤဆို ဤ၊ ကျွဲဆို ကျွဲ။ ဘယ်တတ်နိုင်ပါ့မလဲ။

ဒေါက်တာတင့်ဆွေ
၈-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး