ဆဲဗင်းဂျူလိုင်

ခုနစ်ဂဏန်း (၇) ကို မြန်မာလို မှန်အောင်ရေးတတ်သူ နည်းလာစေတဲ့ အကြောင်းခံတခုဟာ ဆဲဗင်းဇူလိုင်နောက်က စတင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်က။

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးကထွက်ခဲ့ကြသူတွေက ကျောင်းသားတွေ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ။

စစ်အာဏာရှင်ဆန့်ကျင်ရေး အမြစ်ဖြတ်ရန်အလို့ငှာ ကျောင်းသားတွေကို နှိမ်နင်းစေ။ တက္ကသိုလ်တွေမှာ ပညာအစစ်တွေ မသင်စေနဲ့။ မြန်မာစာ၊ အင်္ဂလိပ်စာ ဘာစာဖြစ်ဖြစ် ဖြစ်သလိုသာသင်စေ။

အာဏာရှင်စီမံကိန်းက အောင်မြင်တယ်။ အမှားသာသိကြသူတွေက အဖြစ်မှန်တွေနဲ့ ရေးသားနည်းမှန်တွေကို အမှားလို့ ထင်ကြစေ။ ရန်လုပ်ကြစေ။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၆-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး