ငှက်ပျောပင်စိုက် မိလိုက်ဖပါ

ငှက်ပျောပင် မစိုက်ဘူးလား ဆရာရှင့်

ဘယ်အပင်မဆို စိုက်လို့ရနိုင်တဲ့ ရာသီဥတုနဲ့ ရေမြေ ရွေးတယ်။ မြန်မာပြည်မှာလည်း ငှက်ပျောဖြစ်တဲ့နေရာမှာသာ ဖြစ်ထွန်းတယ်။ ကျွန်တော့ဇာတိမင်းရွာမှာ ဝက်မလွတ် ခေါ် သီးမွှေးငှက်ပျော၊ ဒေါ်မြမြအေးဇာတိ ညောင်ကန်မှာ ဖီးကြမ်းငှက်ပျော အလွန်ဖြစ်တယ်။ အိန္ဒိယမှာနေခဲ့ရစဉ်က တောင်ပိုင်းမှာသာငှက်ပျောသီးပေါတယ်။

ယူအက်စ်အေကို ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အီကွေဒေါ၊ ကော့်စတာရီကာ၊ ကိုလမ်ဘီယာစတဲ့ အလယ်အမေရိကန် တိုင်းပြည်တွေကနေ တင်သွင်းတယ်။ယူအက်စ်အေမှာ ၉၄% ကပြည်ပကနေတင်သွင်းတယ်။

ငှက်ပျောပင်စိုက် မိလိုက်ဖပါဆိုစကား ရှိတယ်။ အမိဘက်က ယုတ်နိမ့်ပါက သားသမီးလည်း နှုတ်ထွက်ဆိုးတတ်၏။ အဖဘက်က ယုတ်နိမ့် ပါက သားသမီးလည်း အပြုအမူဆိုးတတ်၏။ မိဖနှစ်ပါးစလုံးက ယုတ်နိမ့်ပါက သားသမီးလည်း နှုတ်ထွက်လည်းဆိုးတတ်၏။ အပြုအမူလည်း ဆိုးတတ်၏။

ဒေါက်တာတင့်ဆွေ
၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး