အညီအမျှ မျှဝေပေးပါ

ဆရာရှင့် မျှဝေလို့ရေးတာအမှန်လား မျဝေလို့ရေးတာအမှန်လား ဘယ်ဟာကမှန်ပါသလဲရှင်

ထပ်တူထပ်မျှ
ပိုင်ဆိုင်သမျှ
ပျမ်းမျှ
မည်ရွေ့မည်မျှ
မျှတသည်
မျှလောက်ရုံ
မျှဝေပေးပါ
အညီအမျှ
အနည်းငယ်မျှ
အဘယ်မျှ
အမျှဝေသည်
ဤရွေ့ဤမျှ
ရေးမိသမျှ

သိတင်းကျွတ်ရာသီမှာ ကြံစဉ်သမျှအောင်မြင်ခြင် (သတ်ပုံမှား ဆုတောင်းစာ)

ပြန်တွေး၍ကြည့်၊ မင်းအသိပင်၊ ယခင်တည၊ ချိန်းတွေ့ကြတော့၊ မျှ၍ဝေခွဲ၊ တအုံးထဲမှာ တွဲ၍ အိပ်ခဲ့ဘူးပါသည်။ (၁၉၆၇ ခုနှစ် နိုဝင်္ဘာလထုတ် ငွေတာရီမဂ္ဂဇင်းပါ မောင်သာရရေးတဲ့ကဗျာ)

၁၉၆၇ မှာ ကျွန်တော် ဆေးကျောင်းရောက်နေပြီ။ မဂ္ဂဇင်းတွေမှာရော ကျောင်းတွေမှာပါ မြန်မာစာသတ်ပုံကို မှန်အောင် ရေးသားကြပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး