နှုတ်ခမ်းစူနေသော မြန်မာစာ
မြန်မာစာရေးတဲ့အခါ စလုံးနဲ့ဆလိမ် နေရာမှားနေတာ အမြဲလိုလိုတွေ့နေရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ မြန်မာစာချစ်သူများ ဝိုင်းဝန်းပြုပြင်ပေးကြပါဦးဗျာ။
စ နဲ့ ဆ အသံ မကွဲတာတွေလည်း အတော်တွေ့ရတယ်။
စူ
စူကာသီး
စူလာနဖါပင်
စူဠာမဏိ (စူဠာမုဏိ)
စူဠာသမ္ဘဝ
နှုတ်ခမ်းစူသည်
စူစူအောင့်အောင့်
စူပုပ်
ဆူ
ဆူဆူပူပူမလုပ်ပါနှင့်
ဆူညံသံက နားအကြားကို ထိခိုက်စေနိုင်သည်
ဆူနာမီ၊
ဆူပါပါဝါ၊
ဆူပါမင်း၊
ဆူပါမွန်း
ဆူပါမာကက်၊
ဆူကြုံနိမ့်မြင့်မခွဲခြားသင့်
ဆူဖြိုးသည် (တကိုယ်လုံးပြည့်ဖြိုးသည်၊ စီးပွားရေးကောင်းသည်)
ဆူရှီးစားမလား
ဆူလွယ်နပ်လွယ်
ဘုရားတဆူ
ရေနွေးဆူနေပြီ
1. ကင်စာတွေများ ဖြစ်မလား ကြောက်နေတာပါ (ကင်ဆာလို့ ရေးရတယ်။)
2. ကျွန်တော် အခုတလော လျှာအောက်က အသားက ဆူးဆူးပြီး ယားနေပါတယ်ဆရာ။
3. ကျွန်တော့်အမေမှာ ရင်သားကင်စာ စဖြစ်နေတယ်လို့ ဆရာဝန်ကပြောတယ်ဆရာ (ကင်ဆာလို့ ရေးရ)။
4. ကျွန်မသမီးလေးက ၄၈ရက်သားပါဆရာ။ သူ့ချက်ကလေးက အခုချိန်ထိ ဆူတက်နေပါတယ်ရှင့်။ (စူ)
5. ကျွန်မသားလေး ကိုးလရှိပါပြီ။ သူ့အတွက် အစာပြေမုန့်လေးတွေလုပ်ကျွေးရင် သကြားသုံးလို့ရလားရှင့်။
6. ကျမသားလေးချက်က လက်တဆစ်လောက် ဆူထွက်လာပါတယ် (စူ)
7. ကျမအလုပ်ထဲမှာ ဆတ်စလူးစာလုံးပေါင်းပေးပါလို့ပြောလို့ဒီလိုရေးပေးလိုက်တာ အားလုံးကဝိုင်းငြင်းတာခံလိုက်ရတယ် စပ်စလူးပါတဲ့ ကျမကလည်းမကြာဖူးဘူး ဆလိမ်နဲ့ဆတ်တာပါဆိုတာကို ကျမကရှမ်းပြည်သူ ငြင်းသူက ရန်ကုန်သူဗမာစစ်မို့ သူကသာလျှင်မှန်တယ်ဆိုပြီးဝိုင်းပြောကြလို့ အရှုံးပေးခဲ့ရတယ်
8. ဂျပန် စူနာမီသတိပေးချက် (ဆူ)
9. စူပါမာကက်က ရောင်းတာတွေ ကင်ဆာဖြစ်နိုင်ပါသလား။ (ဆူပါမားကက်)
10. ဆရာ သမီးက ၃၃နှစ်၊ ဘယ်ဘက်ရင်အုံနားက တခါတခါ ဆူးပြီးနာတယ်ဆရာ။
11. ဆရာရှင့် ကျွန်မ နို့မထွက်လို့ သားကိုနို့ဗူးတိုက်ရပါတယ်။ သားက ခဏခဏလဲ ဗိုက်စာတက်တယ်။ စာနဲ့အချိန်မှာ နို့ဗူးမရရင် ကျွတ်ကျွတ်ညံအောင်အော်ငိုပါတယ်။ (ဗိုက်ဆာတတ်လို့သာရေးရတယ်။)
12. ဆရာရှင့် ကျွန်မကအသက်၂၄ ပါ အိမ်ထောင်ရှိပါတယ် အိမ်ထောင်ကျပြီးတည်းက တခါတလေကျရင် မိန်းမကိုယ်က ဆူးပြီးအောင့်ပါတယ် အိပ်နေတဲ့ချိန်ပဲဖြစ်တာပါရှင့် ဘာဖြစ်တတ်လဲဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်
13. ဆရာခင်ဗျ ငါးရိုးဆူးနေလို့ လမ်းညွှန်ပြပါခင်ဗျာ လေးစားစွာဖြင့်
14. ဆရာခင်ဗျာ သိချင်တာလေးတခုရှိလို့ မေးခွင့်ပြုပါ။ အလောင်းစည်သူမင်းလို့ ပေါင်းတာလား၊ အလောင်းစီသူလို့ ပေါင်းတာလားခင်ဗျာ။ ကျွန်တော်သိထားတာက အလောင်းစည်သူမင်းလို့ပဲ သိထားလို့ပါ။ အသိ အကိုတယောက်က အလောင်းစီသူဟုပြောလို့ပါ။ ဆရာက မြန်မာစာအရေးအသားကို အကိုးအကားလေးတွေနဲ့ အသေးစိပ်ဖြေတတ်လို့ မေးလိုက်ရပါသည်ခင်ဗျာ။ လေးစားစွာဖြင့်။ (အလောင်းစည်သူမင်းက မှန်ပါတယ်။ အသေးစိတ်က မှန်တယ်။)
15. ဆရာမင်္ဂလာပါရှင့်။ သမီးအသက်က၂၆ နှစ်ပါရှင့်။ သမီးမိန်းမကိုယ်က ဆူးဆူးနေတယ်ဆရာ။
16. ဆရာရှင့် သမီးရဲ့အမျိုးသားက လူကအရမ်းမဝပေမဲ့ ဗိုက်က သာမန်ထက်တော့ ဆူပါတယ်။ (စူ)
17. ဆရာရှင့် သမီးရဲ့အမျိုးသားက အသက် ၃၂ ပါ။ သူကပေါင်ချိန် ၁၆၅-၁၇၀၊ အရပ်က ၆ ပေ။ လူကအရမ်းမဝပေမဲ့ ဗိုက်က သာမန်ထက်တော့ ဆူပါတယ်။
18. ဆရာရှင့် သမီးလေးက တနှစ်နဲ့ ၇လပါ ငါးအရိုးဆူးနေလို့ပါဆရာ။ အရေးပေါ်ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်ရမလဲရှင်။ တောမှာနေတာဆိုတော့ ဘယ်ကိုမှသွားလို့မရပါ။ အကူအညီတောင်းပါတယ်ရှင်။
19. ဆရာရှင့် အသက် ၃၃ နှစ် ကိုယ်ဝန် ၃၇ ပတ် မြောက် မှာ နှာစီး ချောင်းစိုး ဖြစ်နေလို့ OG နဲ့ ပြန်ပြဖို့က ငါးရက်လောက် လိုပါသေးတယ် ဒီကြားထဲ အချွဲထ ပြီး ချောင်းစိုးသလိပ်ပျောက်အောင် ဘာလိုနေထိုင်သင့်လည်း ဆိုတာ အကြံပေးစေချင်ပါတယ် ညဘက်တွေ ချောင်းပိုစိုးလွန်းလို့ကောင်းကောင်းအိပ်မရပါ ဘိုက်ထဲက ကလေးတွက် ထိခိုက်နိုင်လားလည်း သိချင်ပါတယ် ဆရာ ဖြေပေးပါအုံးရှင်
20. ဆူပါ (ဆူပါက ပိုမှန်တယ်။)
21. ဗိုက်စာတယ်ဆရာ။ (ဗိုက်ဆာတယ်လို့ ရေးရတယ်။)
22. သမီး သားအိမ်ဟာ အပေါ့သွားရင်လည်း ဘာမမဖြစ်ဘူး အလေးသွားရင်ဆူလာပါတယ်ဆရာ။ သမီး အပျိုပါ။ ချောင်းဆိုလည်း မဆူပါ။ (စူ)
23. သမီး သားအိမ်ဟာ အပေါ့သွားရင်လည်း ဘာမမဖြစ်ဘူး အလေးသွားရင်ဆူလာပါတယ်ဆရာ။ သမီး အပျိုပါ။ ချောင်းဆိုလည်း မဆူပါ။ (စူ)
24. အာထွာစောင်း (အာထွာဆောင်း) အဲတာမှားသူက အတော်ကိုများတယ်။
အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုရေးကြတာလည်း စလုံး နှင့် ဆလိန် မကွဲကြပါ။ မြန်မာစာမှားတာက ပိုဆိုးတယ်။ ကျွန်တော့်ကိုလည်း စရာလို့ခေါ်သူကရှိသေး။
ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments
Post a Comment