လက်ျာ နှင့် ဇေယျ

စိတ်တော့မရှင်းဘူးဆရာ ဥပမာ - ဗိုလ်လက်ျာ။ ဗိုလ်ဇေယျ အမည်ကျတော့ (ဗိုလ်ဇေကျ)လို့ရေးလို့မရပြန်။

လက်ယာ (ညာဘက်) နဲ့ လက်ယာရံက မြန်မာသတ်ပုံစာအုပ်တွေမှာ ပါတယ်။ လက်ျာလို့ မပါ။ ပါဠိလည်း မဟုတ်ပါ။

၁၈၈၄ ခုနှစ် မတိုင်မီကထုတ်တဲ့ ဇိနတ္ထပကာသနီကျမ်းမှာလည်း လကျာ်တော်ရံ အရှင်သာရိပုတ္တာထေရ်လို့ ပါတယ်။ ၁၈၇၇ ခုနှစ်ထုတ် ယုဒသန်အဘိဓာန်မှာလည်း လက်ျာစာလုံး ပါတယ်။ ၁၉၅၄ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်းမှာလည်း လက်ျာ စာလုံးတွေ ပါတယ်။

ဇေယျ ကတော့ ပါဠိ။ အောင်ရာသော။ အထူးသဖြင့်ကြီးသည်။

ဒေါက်တာတင့်ဆွေ
၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး