Breathing Exercises အသက်ရှူလေ့ကျင့်ခန်း

ဆရာရှင့် ကျွန်မ မနေ့က ဓါတ်မှန်ပြန်ရိုက်ရပါတယ်။ ယခင်ကထက်ပိုကောင်းလာပါတယ်။ လွန်ခဲ့သော ၆နှစ် TB ဖြစ်ရာမှအမာရွတ်ကျန်ခြင်းကြောင့် လေပြွန်ပိတ်တယ်ဟု အထူးကုမှပြောကြားပါတယ်။ weightလည်း ၁၀ ပေါင် တတ်လာပါတယ်။ ပျောက်ကင်းရန်မလွယ်ဟု သိရပါတယ်။ အသက်ရှုလေ့ကျင့်ခန်းတော့ ပုံမှန်လုပ်ခိုင်းပါတယ်။ နားမလည်လို့ပါရှင့်။ အသက်ရှုလေ့ကျင့်ခန်းအကြောင်းလေး ဖြေကြားပေးပါရှင့်။ ကလေးငယ်တွေနဲ့မို့ တခုတခုဖြစ်မှာ ကြောက်မိပါတယ်။ စိတ်လည်းကျပါတယ်။ ကျေးဇူးပါဆရာရှင့်

အဆုတ်အားကောင်းစေရန် အသက်ရှူလေ့ကျင့်ခန်းကို COPD ခေါ် နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ ရှိသူတွေအတွက် လိုအပ်တယ်။

၁။ Pursed-lips breathing ပါးစပ်ပိတ် အသက်ရှူနည်း
ပိုလွယ်တယ်။ လုပ်စမရှိသေးသူတွေ ဒီနည်းလုပ်သင့်တယ်။ အသက်ရှူသွင်းတာ ထုတ်တာကို ဖြေးဖြေးသာလုပ်ပါ။
နှာခေါင်းကနေ လေကို ဖြည်းဖြည်းရှူသွင်းပါ။
နှာခေါင်းကနေ လေကို ဖြည်းဖြည်းထုတ်ပါ။
အဲဒီအတိုင်း ဆက်တိုက်လုပ်ဆောင်ပါ။

၂။ Diaphragmatic breathing ဒိုင်ယာဖရမ်ဖြင့် အသက်ရှူနည်း
လူတိုင်းမှာ ရင်ခေါင်ဒးနဲ့ ဝမ်းဗိုက်ကြား ဒိုင်ယာဖရမ်ခေါ် ကြွက်သားကြီးရှိတယ်။ အသက်ရှူတိုင်း အတက်အောက် ရွေ့တယ်။ ဗိုက်နဲ့အသက်ရှူနည်းလို့လည်း ခေါ်နိုင်တယ်။ ထိုင်နည်းနဲ့ အိပ်နေနည်း တခုခု လုပ်နိုင်တယ်။ ပခုံးနှစ်ဘက်ကို သက်တော့သက်သာထားပါ။ လက်တဘက်ကို ရင်ခေါင်းပေါ်မှာနဲ့ ကျန်တဘက်ကို ဝမ်းဗိုက်ပေါ်မှာ တင်ထားပါ။
နှာခေါင်းကနေ လေရှူသွင်းလိုက်ပါ။ ၂ စက္ကန့်ကြာပါစေ။
လေတွေ ရင်ခေါင်းထဲရော ဝမ်းဗိုက်ထဲပါ ဝင်လာတာ သတိထားမိမယ်။
ဗိုက်ပိုင်းက ရင်ခေါင်းပိုင်းထက် ပိုဖေါင်းတာသိမယ်။
၂ စက္ကန့်ကြာ လေပြန်ထုတ်ပါ။ ဗိုက်ကို လက်ကနေဖိထုတ်သလိုလုပ်ပါ။
အဲဒီအတိုင်း ဆက်တိုက်လုပ်ဆောင်ပါ။

အခုရေးတာ အကြမ်းသဘောသာဖြစ်တယ်။ ကျွမ်းကျင်သူတွေက လူနာတဦးချင်းအတွက် လမ်းညွှန်ပါမယ်။ အစာအာဟာရ ပြည့်ဝ + မျှတအောင်စားပါ။ လေသန့်ရာမှာနေထိုင်ပါ။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး မသင့်။

ဒေါက်တာတင့်ဆွေ
၈-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး