Bronchiectasis ဘရောင်ခီယက်တဆစ်

ဆရာရှင့်ကျွန်မအသက် ၃၂။ မိခင်တဦးပါ။ TB ဆေးသောက်နေရပါတယ်။ ဆရာရှင့် CT အဖြေလေးပါ။ ကျွန်မတီဘီဆေး သောက်နေရပါတယ်။ နောက်တပတ်ဆို ၈လပြည့်ပါပီ (ပါပြီ)။ weight လည်းတတ်လာပါတယ်။ ချောင်းမဆိုးတော့ပေမဲ ခဏခဏချွဲကြပ်ပါတယ်။ နာတာရှည်ဖြစ်နေမလားလို့ပါ ဆောင်ရန် ရှောင်ရန်လေး လမ်းညွန်ပေးပါ။ ကျေးဇူးပါရှင့်။

Bronchiectasis ဘရောင်ခီရက်တဆစ်
လေပြွန်လမ်း တလျှောက်မှာ ပျက်စီးပြီးပြီး ကြီးလာမယ်။ လေကိုသန့်စေအာင်လုပ်ပေးဘို့ ဆဲလ်လေးတွေမှာ Cilia အမွှေး သေးသေးလေးတွေ ရှိနေတယ်။ ဒါတွေပါ ပျက်စီးလာမယ်။ ဆက်ပြီး Mucus အချွဲတွေ Sputum သလိပ်တွေကို ရှင်းထုတ်ဘို့ ခက်ခဲလာမယ်။ ပိုးဝင်လာစေမယ်။ လေပြွန်လမ်း ပိုမိုပျက်စီးလာမယ်။ ဒီရောဂါအတွက် Antibiotic ပိုးသေဆေး နဲ့ Physiotherapy ရုပ်ပိုင်းကုသပေမှုတွေ အရင်ကထက် ကောင်းလာတယ်။

ဖြစ်လာသူ အရင်လိုထိ ပြန်မကောင်းနိုင်။ ဆောရီး။ နာတာရှည်ရောဂါတခုဖြစ်တယ်။ အဆုတ်ထဲကလေပြွန်တွေ ပျက်စီးပြီး ကျယ်နေတယ်။ ချွဲရှင်းရတာ အရင်လို မလုပ်နိုင်တော့ပါ။ ရောဂါပိုး မကြာခဏ ဝင်မယ်။

နာတာရှည်ချေင်းဆိုးနေမယ်၊ ချွဲတွေလည်းထွက်မယ်။ အာသီးရောင်တာ၊ လေပြွန်ရောင်တာ၊ ဆိုးနပ်စ်ခေါ် နှာခေါင်းဘေးက လေအိတ်လေးတွေရောင်တာ မကြာခဏဖြစ်နိုင်တယ်။ အသက်ရှူရတာ အားမရ၊ အသက်ရှူရင် အသံထွက်နေမယ်။ လူကလည်း အားနည်းနေမယ်။

COPD ရောဂါနဲ့ ဆင်တာတွေရှိတယ်။ အဲဒါက emphysema, chronic bronchitis, asthma ရောဂါတွေကို ခြုံပြီး ခေါ်တာဖြစ်တယ်။

Bronchiectasis ရောဂါကို ပဋိဇီဝဆေး ခေါ် ဘက်တီးရီးယားသေဆေး လိုတိုင်း ပေးရတယ်။ ချွဲထွက်စေနည်း လက်လှမ်းမီတာ လုပ်ရတယ်။ COPD မှာတော့ ပန်းနာရှူဆေးပါလိုနိုင်တယ်။

Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html
COPD နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ https://doctortintswe.blogspot.com/2014/11/copd_28.html

တဦးလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး