Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။

ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ တပြည်လုံးခြောက်ခြောက်ကပ်ကပ်၊ ဒေါသတငွေ့ငွေ့နဲ့ဆိုတော့ ဗိုလ်ခင်ညွန့်က အောင်ဆန်းကွင်းမှာ နာမယ်ကြီးဆယ်လီတွေခေါ်ပြီး စတိတ်ရှိုးလုပ်တာ ပွဲငတ်နေတော့ စည်ကားချက်ပေါ့။ အဲ့မှာ ကျော်ဟိန်းကလဲ ထုံးစံအတိုင်းလာဖြေဖျော်တယ်။ သူက ဒါလောက်စည်ကားပြီး ပျော်စရာကောင်းတာ ဘာဒီမိုကရေစီ လိုအုံးမှာလဲလို့ မိုက်နဲ့ပြောလိုက်တော့ ဘာပြောကောင်းမလဲ ဝိုင်းဆဲကြတာ အမြီးကိုကုပ်သွားတော့တာဘဲ တဲ့။

အဲလို ဆယ်လီကို လီဆယ်လို့ ခေါ်တယ်။

အရင်ရွေးကောက်ပွဲမှာ ဣတ္တိလိင်လီဆယ်တွေသုံးတယ်။

အခုတခါ ဆင်းတုတော်လီဆယ်တဲ့။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂၀၂၀

နိဂုံး

ဆရာက ဒီဥပမာလေးကို နိုင်ငံရေးကိစ္စမှာ ကြုံလို့သုံးပေမဲ့ လူတဦး သေဆုံးချိန်မှာတောင် တရားရူထောင့်က မကြည့်ဘဲ ဘယ်အမြင် ဘယ်ရူထောင့်နဲ့ ကြည့်လိုက်သလဲတော့ ဆရာ့ရင်ထဲ အသိဆုံးဖြစ်မှာပါ ဆရာ့ရဲ့ ကျန်းမာရေးအသိ စာလုံးပေါင်း သတ်ပုံ အသိလေးတွေကို လေ့လာချင်မိလို့ ကိုယ့်သဘောနဲ့ကို Follow လုပ်ထားတာပါ ဆရာ့ လုပ်နေကြ (လုပ်နေကျ)  ထုံးစံအရ Block လုပ်လိုက်လဲ ရပါတယ်ရှင့် (ကွန်မင့် အပြည့်အစုံ မဟုတ်ပါ။ ဆောရီး။)

အမြင်မတူတာနဲ့တော့ ဘလော့တာ မလုပ်ပါ။ ဖရင်းတွေထဲမှာ တပ်မတော်အမှုထမ်း အရာထမ်းတွေလည်းပါတယ်။ သူငယ်ချင်းတွေထဲမှာ မဆလ နဲ့ ပြည်ခိုင်ဖြိုးတွေလည်းပါတယ်။ ဘူချာစိန်လွင်လည်း တရားစခန်းရောက်ပါတယ်။

သမိုင်းဆိုတာ သည်အတိုင်းပဲ။ တပင်ရွှေထီးနဲ့ သူ့နိဂုံး။ နတ်သျှင်နောင်နဲ့ သူ့နိဂုံး။ တော်ခဲ့တာလည်း သိ။ မတော်တာကိုလည်း သမိုင်းမှာ မဖျောက်ရပါ။ နတ်သျှင်နောင်ရေးတဲ့ ရတုတွေကို မကြာမကြာ အကိုးအကားပြုပါတယ်။ တပင်ရွှေထီး စစ်သားရွေးနည်းလည်း ဥပမာပေးပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး