Children Hypertension ကလေး သွေးတိုးတိုင်းခြင်း

သမီးလေးက အသက်ငါးနှစ်ပါ ခေါင်းမူးတယ် ဗိုက်နာတယ် ပျို့ပီး (ပြီး)အန်ချင်တယ်ပြောတာလေးရက်ရှိပီ (ရှိပြီ) အစားလဲမစား ဝမ်းမသွားပါဘူး ခြေဖျားတွေအေးပါတယ် သွေးပေါင်က 85-45 ရှိပါတယ် မွေးကင်းစတုန်းကစစ်တာ G6PD ရှိပါတယ် ၆ လမှာစစ်တော့ ရောဂါမရှိတော့ဘူးလို့ လဲပြောပါတယ် ဆေးခန်းမပြရသေးပါဘူးရှင့် ဘာလုပ်ရမလဲ ဖြေပေးပါအုံးရှင့်

G6PD ရှိထားသူ မရှိတော့ဆိုတာ ဟုတ်ပါရဲ့လား။ ကလေးကို သွေးတိုးတိုင်းလေ့မရှိပါ။ သွေးတိုးတိုင်းအဝတ်စ အရွယ်တော်တာလိုတယ်။

Cuff Sizes သွေးဖိအားတိုင်းကရိယာသုံး လက်မောင်းပတ်အဝတ်စ အရွယ်အစား
• လူကြီး (သေး) လက်မောင်းပတ်အရွယ်အစား 22 to 26 cm - လက်မောင်းပတ်အဝတ်စ အရွယ်အစား 12 × 22 cm
• လူကြီး (ပုံမှန်) လက်မောင်းပတ်အရွယ်အစား 27 to 34 cm - လက်မောင်းပတ်အဝတ်စ အရွယ်အစား 16 × 30 cm
• လူကြီး (ကြီး) လက်မောင်းပတ်အရွယ်အစား 35 to 44 cm - လက်မောင်းပတ်အဝတ်စ အရွယ်အစား 16 × 36 cm

ကလေးများ
• Newborns and premature infants မွေးစကလေးငယ် 4 × 8 cm
• Infants အသက်တနှစ်ထိ 6 × 12 cm
• Older children ကလေးကြီး 9 × 18 cm

Classification of Hypertension သွေးတိုး အတန်းအစားခွဲခြားခြင်း
အထက်ဂဏန်း / အောက်ဂဏန်း
• Normal ပုံမှန် = 119 နှင့်နည်း / 79 နှင့်နည်း
• Prehypertension သွေးတိုးရှိတော့မည် 120 မှ 139 / 80 မှ 89
• Stage 1 hypertension သွေးဆိုးအဆင့် (၁) 140 မှ 159 / 90 မှ 99
• Stage 2 hypertension သွေးဆိုးအဆင့် (၂) 160 နှင့်အထက် / 100 နှင့်အထက်

ဒေါက်တာတင့်ဆွေ
၃-၇-၂၀၁၉
၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး