Contraception fails ကိုယ်ဝန်တားဆေး တားနည်းများ ထိရောက်မှု အားနည်း

(ကန်တော့)

တရားဝင်ကိုယ်ဝန်ဖျက်လူနာတွေထဲက ၄ ယောက်မှာ ၁ ယောက်မှာ တားဆေး တားနည်းတခုခုသုံးနေရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရကြတာဖြစ်တယ်လို့ ၇-၇-၂ဝ၁၇ နေ့ထွက် ဆေးပညာသတင်းကဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း အဲလိုဖြစ်တဲ့အမျိုးသမီးပေါင်း တသောင်းလေးထောင်ရှိတယ်။

တားဆေးတားနည်းတွေထဲမှာ ရေတိုအမျိုးအစားနဲ့ တာရှည်ခံရှိတာမှာ ရေတိုအုပ်စုထဲက တားဆေးကို အများဆုံး သုံးကြတယ်။ Larcs ခေါ် တာရှည်ခံတွေဆိုတာ Depo ထိုးဆေးနည်း၊ Implants အရေပြားအောက်ထားရတဲ့ တားဆေးချောင်း၊ IUDs ခေါ် သားအိမ်ထဲထည့်ထားနည်းနဲ့ IUSs ခေါ် သားအိမ်ထဲထည့်ထားနည်းတွေဖြစ်တယ်။

ဘယ်နည်းကမှ ၁ဝဝ% အာမမခံပါ။ တာရှည်ခံတွေက ၉၉% အထိကာကွယ်တယ်။ နေ့စဉ်စားဆေးက ၈၁% သာ ကာကွယ်တယ်။ ကွန်ဒွမ်က ၈၂% သာရှိတယ်။

အင်္ဂလန်မှာ
Oral contraceptive pills တားဆေးစားသူ = ၄၅%၊
Implant အရေပြားအောက်ဆေးချောင်းထည့်ထားသူ = ၁၅%၊
Male condoms ကွန်ဒွမ်သုံးသူ = ၁၄%၊
Intra-uterine device (IUD) or intra-uterine system (IUS) သားအိမ်ထဲထည့်ထားသူ = ၁၄% နဲ့
Injectable contraceptive ထိုးဆေးထိုးသူ = ၉% ရှိတယ်။

၂ဝ၁၅ ခုနှစ်တုန်းက တာရှည်ခံနည်းသုံးထာသူ ၅% ကျော်က ကိုယ်ဝန်ပတ် ၂၀ ကျော်မှာ ဖျက်ဘို့လာခဲ့ကြတယ်။ ၃% က ၁၉ ပတ်ထက်စောကြတယ်။ သူတို့ဆီမှာ ကိုယ်ဝန် ၂၄ ပတ်အထိကို ဖျက်ချခွင့်ရှိတယ်။

ဒေါက်တာတင့်ဆွေ
၇-၇-၂၀၁၇
၇-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး