Do Not Read This ကျွန်တော့်စာတွေ မဖတ်သင့်သူများ

ဆရာ မင်္ဂလာပါ အသက် ၃၅နှစ် သားဦးကိုယ်ဝန် ငါးလထဲမှာပါ နေထိုင် ကျမ်းမာရေးကောင်းပါတယ် မေးချင်တာက ဗိုက်ထဲက ကလေး အချင်းရစ်ပြီး အဖတ်မတင်တတ်ဘူးဆိုတာ မိခင်နေထိုင်မှု့ပုံစံကြောင့် ဖြစ်တာလား ဘယ်လို အကြောင်းကြောင့်လဲ ဆိုတာ သိပါရစေရှင့်

ကိုယ်ဝန်အပ်ပါသလား။ အာထွာဆောင်းရိုက်ပါသလား။ အပ်ထားရင် လိုတာကို ဆရာဝန်က ပြောပါမယ်။

ခဏခဏတင်ပြထားတယ်။ ကိုယ်ဝန်ဆောင်တွေ ကိုယ့်မှာ တကယ်ဖြစ်မနေတဲ့ မူမမှန်ကိုယ်ဝန် အကြောင်းတွေကို စိတ်မဝင်စားသင့်။ နားမထောင်သင့်။ မမေးသင့်။ ကျွန်တော်ရေးတင်ထားတဲ့ အဲလို မူမမှန် ကိုယ်ဝန်စာတွေကိုပါ မဖတ်သင့်။

မှု့ မှာ အောက်မြစ် မလိုအပ်ပါ။

အပိုတွေ တကယ်မရှိတာတွေကို စိတ်ပါဝင်စားသူတွေဟာ ကိုယ့်မှာတကယ်ဖြစ်နေတာကို မသိပဲ နေတတ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး