Emerald မြ သို့မဟုတ် အမ်မရာ

အမည်မှည့်ထားတာကို စာနဲ့ ဘယ်လိုရေးသင့်သလဲ မေးတယ်။ နာမည်က Emerald ပါ မြန်မာလိုရေးရင် အမ်မရာ လို့ရေးရမလား၊ မ ကိုနှစ်လုံးဆင့်ပြီး ရေးရမလား။ ဆရာရဲ့မြေးမလေးနာမည်က အမရာဆွေလို့ရေးထားတာတွေ့လို့ပါ။

Emerald ဆိုတာ မြန်မာလို မြ။

အသံထွက်ရေးလိုရင် https://www.youtube.com/watch?v=1-OaffnBk7Q အင်းမရဲလ်။

အမည်ကိုတော့ (အင်းမရဲလ်) လို့ရေးတာ မသင့်လောက်ပါ။ (အင်မရယ်) ဆိုရင် (အင်မ) ကိုအထူးပြု ဖတ်ကြမယ်။ (အမ်မရာ) ပိုသင့်မလားမပြောတတ်။ (အမရာ) က မြန်မာလိုအမည်။ အမ္မရာဆိုရင် ပါဠိလား ထင်မယ်။ ပါဠိ မဟုတ်ပါ။

အမည်မှည့်ခေါ်တာမှာ ကိုယ်ပိုင်အခွင့်အရေးဖြစ်တယ်။ စံကိုက်သတ်ပုံနဲ့ မညီလည်း မှည့်ကြတယ်။ ရေးထားတဲ့စာကို ဖတ်တဲ့သူတွေမှာလည်း သူတို့အခွင့်အရေးရှိလို့ ဖတ်တတ်သလို ဖတ်ကြတယ်။

အင်္ဂလိပ်စာလုံးသုံးရင် အင်္ဂလိပ်လိုဖတ်တတ်တဲ့ အသိုင်းအဝိုင်းမှာ အဆင်ပြေပါတယ်။ ကနေ့ခေတ်က ပြည်ပနဲ့ ကူးလူး ဆက်ဆံမှု အလွန်များတယ်။ မြန်မာစာလုံးစစ်စစ် တချို့က ခက်ခဲတယ်။

အသုံးတည့်တာက စာလုံး ၂ လုံးတည်းသာပါတဲ့ အမည်။ ကျွန်တော့် သားသမီးတွေအမည် အဆုံးမှာ ကျွန်တော့အမည် စာလုံး ၂ လုံးထည့်ခဲ့တာ။ မြေးတွေအတွက် တလုံးတည်းသာ ထည့်တော့တယ်။ အဲတာမှ အဆင်ပြေတယ်။

အမည်မှည့်တာ ကိုယ်ပိုင်အခွင့်အရေးအပြင် ကိုယ်ပိုင်သုတအသိနဲ့ ဖြစ်သင့်တယ်။

ဒေါက်တာတင့်ဆွေ
၈-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး