Excuse အကြောင်းပြချက် နမူနာတခု

စာအရေးအသားအကြောင်းရေးတဲ့အခါ အကြောင်းပြချက်အမျိုးမျိုးလာတယ်။ အခုဟာက နမူနာတခုသာ။
(စ) တကယ်မသိကြတာတော့မဟုတ်ပါဆရာ messenger မှာ စကားအများကြီးပြောရင် အမြန်ပြောနိုင်ဖို့အတွက် တချို့စကားတွေကိုချန်p ရေးတတ်ကြပါတယ် ကျနော်ကိုယ်တိုင်လည်း fb နဲ့ messenger မှာဒီတိုင်းပဲရေးပါတယ် ဒါကသင်ကြားမှုနဲ့မဆိုင်ပါဘူး ကလေးတွေကိုသင်ကြားရာမှာတော့ ဒီလိုတေမသင်ပါဘူး ခေတ်နဲ့လိုက်လျောညီထွေ အသုံးပြုမှုပါဆရာ (ဆုံး)

ဘာကြောင့် လွဲရေး မှားရေးသလဲ အကြောင်းပြချက်တွေ တရာမက ရထားပြီးပြီ။ တန်းစီ မရေးတော့ပါ။ အပ်ကြောင်း ထပ်နေပြီ။ ရင်းနှီးသူတွေ အချင်းချင်း၊ လင်မယား၊ သမီးရည်စား စာရေးကြတာ ပြောရန်မရှိပါ။

ဆရာဝန်ဆီကို စာရေးတာ ပြောရမယ်။ အရေးကြီးတာတွေကို ရေးမေးတာ။ ကင်ဆာ၊ HIV ပါတယ်။ ကိုယ်ဝန်နဲ့ ကလေးငယ်ရောဂါတွေပါတယ်။ ကိုယ့်အမေ အဖေရောဂါတွေပါတယ်။ အဲတာကို အကြောင်းပြချက်ထဲကလိုရေးတာ မသင့်မှန်ပါ။

စာသင်ရာမှာတော့ အဲလိုတွေ မပါဘူးတဲ့။ တင်ပြထားတဲ့ စနစ်သစ်ပညာရေးဆိုတာ ဆရာဆရာမတွေက ရေးတာ မဟုတ်ပါလား။ ကျောင်းသုံးစာအုပ် အမှားတွေ မကြာခဏတင်ပြနေတယ်။ မနည်းတော့ပါ။ စာမေးပွဲမေးခွန်း အမှားတွေလည်း မနည်းတော့ပါ။

ဆုတောင်းစာတွေ တရားစာတွေ သတ်ပုံအမှားတွေရေးတာတွေကို ခွင့်လွှတ်သင့်တယ်လို့ ထင်ပါသလား။ ကိုယ့်အိမ် ဘုရားခန်းကို ဖုယားခဏ်းလို့ရေးထာတာ လာမပြောပါ။ လူအများမြင်ရာမှာ တင်နေကြတာ။ ဟိုပို့ဒီပို့ ပို့နေကြတာ။ ဆိုင်းဘုတ်မှာ ရေးနေကြတာ။

အင်္ဂလိပ်လို အိတ်စကျုလို့ေ ခ်ါတယ်။ မြန်မာလို ဘုန်းကြီးခေါင်းခေါက်ပြီး ကန်တော့ပါလို့ပြောတာနဲ့ တူတယ်။

စနစ်သစ်ပညာရေးဆိုတာ မက်စင်ဂျာ စာရေးနည်း သင်တန်းကျောင်းမဖြစ်သင့်ပါ။ (ပုံအတွက် ကန်တော့)

ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး