Face Value မည်သူ့မျက်နှာ ကြည့်ရမည်နည်း

သတ်ပုံအမှားစာ ကနေ့တင်တော့ ကွန်မင့်တချို့က စနစ်သစ်ပညာရေးတခုလုံးကို အပြစ်တင်ရကောင်းလားဆိုပြီး စိတ်ဆိုး ကြတယ်။ ဆောရီး။

ကျွန်တော်က ဖဆပလ ခေတ် ပြည်တော်သာစီမံကိန်းအရ ပညာသင်ကြားရေးကို မီလိုက်တယ်။ ကိုလိုနီခေတ်နဲ့ မတူတဲ့ စနစ်သစ်ပညာရေးစနစ်သစ် ဖြစ်တယ်။

အလယ်တန်းရောက်တော့ စစ်အာဏာသိမ်းတာနဲ့ကြုံတယ်။ ဆေးကျောင်းရောက်တော့ မြန်မာ့ဆိုရှယ်လစ်ပညာရေးစနစ်။ အသစ်ပါပဲ။ ပညာရေးဝန်ကြီးတယောက်တက်ရင် အသစ်ကတမျိုး။

ရွေးကောက်ပွဲနဲ့ အစိုးရလုပ်နိုင်တဲ့ခေတ်မှာ ပညာရေးစနစ်သစ်တမျိုးဖြစ်လာတယ်။

ပညာရေးစနစ်သစ်တွေအားလုံးထဲမှာ မြန်မာစာသတ်ပုံတွေကို မူအရမှားတာကိုသင်ပေးတာ ၁၉၉၀ ခုနှစ် နောက်က စပါတယ်။ လက်ရှိပညာရေးစနစ်ဆိုတာကလည်း သတ်ပုံကို အမှန်ပြန်မပြင်ပါ။

ကျွန်တော် မြန်မာစာ့မျက်နှာကို ကြည့်ရေးမိတာ တောင်းပန်ရမလို။

ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး