Tracheostomy အမေချက်ကျွေးတဲ့ ထမင်းဟင်းကို ပြန်သတိရသလိုပဲ

မင်္ဂလာပါ ဆရာခင်ဗျ (လပက) ရွာကပါ ကျွန်တော့် အဖေကိုဆေးကုပေးခဲ့ဖူးပါတယ် ဆရာတော့ မမှတ်မိလောက်ဘူး ကျွန်တော်တို့ငယ်ငယ်ကပေါ့ အဖေက မေးခိုင်ပိုးဆိုလား လည်ပင်းကနေဖောက်တဲ့ ဆရာ့လက်ရာနဲ့ အဖေလည်း ကျန်းကျန်းမာမာရှိနေပါတယ်။ နာမည် ဦ့း့ ပါ ကျေးဇူးပါ ဆရာ။

မေးခိုင်ရောဂါ အတော်ကြောက်စရာကောင်းတယ်။ အသက်အန္တရာယ်ထိ စိုးရိမ်ရတယ်။ ကြွက်သားတွေ တင်းတောင့်ပြီး သူ့အလုပ်သူ မလုပ်နိုင်။ မေးရိုးနဲ့ ပါးစပ်က ကြွက်သားတွေက အရင်ဖြစ်တယ်။ ပါးစပ်ဟမရ။ ဗိုက်ကကြွက်သားတွေ တင်းတောင့်နေမယ်။ အိပ်ရင် ခါးကအောက်ကြမ်းပြင်ကိုမထိ ကော့လန်နေမယ်။ အသက်ရှူလမ်းကြွက်သားတွေပါ ထိခိုက်ရင် အသက်ရှူရတာခက်၊ ချွဲထုတ်တာ မလုပ်နိုင်တော့။ အဲဒီအဆင့်မှာ လည်ပင်းမှာ အပါက်ဖေါက်ပေးပြီး၊ ချွဲတွေ ရှင်းထုတ်ပေးရတယ်။

ကျွန်တော်တို့ဆရာဝန်လုပ်ရတဲ့ခေတ်က နယ်တွေမှာတော့ ဖြစ်သလို ရှိတဲ့ခွဲစိတ်ကရိယာနဲ့သာ ဆေးကုသပေးနိုင်ခဲ့တယ်။

အခုလိုမက်ဆေ့ခ်ျမျိုးလာတာ ဘာနဲ့တူသလဲ။ ငယ်ငယ်က အမေချက်ကျွေးတဲ့ ထမင်းဟင်းကို ပြန်သတိရသလိုပဲ။ အမေ ဖြစ်သလိုချက်ကျွေးတဲ့ ထမင်းဟင်းက ကိုယ့်အတွက် အကောင်းဆုံး။

ကျွန်တော်ဆေးကုသပေးခဲ့သူတွေနဲ့ ဒီစာဖတ်ရသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၇-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး