Pale hillside ပုလဲတောင်ပေါ်

ဆရာ ပုလဲမြို့နယ် ဖလန်ပင်ရွာမရောက်ခင် တောတဲလေးတွေနဲ့ တောင်ယာခုတ်တောင်သူလုပ်ပြီး သူ့ဘဝနဲ့သူ ပျော်နေကြတဲ့ နုံချာလှတဲ့ပြည်သူတွေရဲ့ထီးနန်းလေးတွေကြည့်ပါအုံးဆရာ၊ ဒီနေ့ရိုက်လာတာပါ။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရဲ့ တဝက်လောက်ကို တောင်ပေါ်လို့ခေါ်ပါတယ်။ မြို့နယ်ဆရာဝန်လုပ်တုံးကရော ၁၉၉ဝ ရွေးကောက်ပွဲတုံးကပါ တောင်ပေါ်တရွာတွေကို ရွာတိုင်းစေ့ရောက်ခဲ့ပါတယ်။ ၂၅ နှစ်ကြာတော့လည်း သူတို့လူနေမှုဘဝ ပြောင်းလဲတိုးတက်တာ မတွေ့ရပါ။

၂ဝ၁၅ မှာ တောင်ပေါ်သားတွေဆီ စည်းရုံးရေးဆင်းကြသူတွေကို အားပေးလိုက်ပါတယ်။ တိုင်းရင်းသားလို့လည်း အခေါ်မခံရ၊ တောင်ပေါ်သားလို့လည်းမခေါ်ကြပေမယ့် သူတို့လည်း ဖွံ့ဖြိုးမှုနောက်ကျနေတာပါ။ ဒီတခေါက်ကနေ သူတို့ဘဝအတွက် ကူညီရာရောက်ပါစေသား။

ဒေါက်တာတင့်ဆွေ
၂-၁၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး