ဇိုးကနဲ ဇတ်ကနဲ

နောက်ထပ် တွေ့ရပြန်ပါတယ်။ လက်ရှိထုတ်ဝေထားတဲ့ မြန်မာအဘိဓာန်ကသာ အမှန်လို့ တယောက်ပြီးတယောက် ကူးတင်နေကြတယ်။ မှားလေ့ရှိသော မြန်မာစကားလုံးများ (၁) မှာ (ဇိုးကနဲ ဇက်ကနဲ) ကို (ဆိုးကနဲ ဆတ်ကနဲ) လို့ ရေးတာက အမှန်လို့တွေ့ရပြန်ပါတယ်။

(ဇိုးကနဲ ဇက်ကနဲ) ကို၌က အရင်ကလည်း ဘယ်သူမှမသုံးပါ။ (ဇိုးကနဲ ဇတ်ကနဲ) လို့ (တ) သတ်နဲ့သာသုံးပါတယ်။

(ဆတ်ကနဲ) လို့ရေးတာကတော့ အဓိပ္ပါယ်မမှားပါ။ (ဆိုးကနဲ) က အဓိပ္ပါယ် တက်တက်စင်လွဲပါတယ်။

(ဇိုးကနဲ ဇတ်ကနဲ) ဟာ လှုပ်ရှားမှုမြန်ဆန်တာကို ထိထိမိမိဖေါ်ပြရာမှာသုံးပါတယ်။ (ဇိုးဇိုးဇတ်ဇတ်) လို့လည်း သုံးပါတယ်။ (ဇွတ်၊ ဇွတ်ဒရွတ်) လို့သုံးသလိုဖြစ်တယ်။ ဗန်းစကားသဘောနဲ့ (ဇွတ်ကြီးပဲ)၊ (ဇွတ်သမား) လို့ ကနေ့အထိသုံးတယ် ထင်ပါတယ်။ (ဆွတ်သမား) လို့သာရေးခိုင်းရင် ပန်းခူးတဲ့သူလို့ပဲထင်မယ်။

အဆိုတော် မေဆွိဆိုတဲ့ ဇွတ်ချစ်မယ်သီချင်းရှိတယ်။ တွယ်တာ ဆိုတာလည်းရှိတယ်။ သီချင်းရေးဆရာ သုခမိန်လှိုင်က ဆွတ်ချစ်မယ်လို့ မရေးပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ