ကြေ ကျေ ကြော် ကျော် ကြေး ကျေး ကြယ် ကျယ်

၁။ ကြော်ငြာလည်းသံသယဖြစ်နေတယ်:-) ကျော်ငြာ ထင်ပေါ်ကျော်ကြားအောင် ဆရာအမြင်ပြောပါအုံး

၂။ ကျော် နဲ့ ကြော် အသုံးလည်း သိချင်ပါတယ်ဆရာ။ ကြော် ငါးကြော် ပဲကြော်၊ မုံ့ဆီကြော်၊…

၃။ ကျေညာလား ကြေညာလားဆရာ

ကြေ
ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ၊
စိစိညက်ညက်ကြေ၊
တွန့်ကြေ၊
ဖွတ်ဖွတ်ကြေ၊
မွမွကြေ၊
မုန့်မုန့်ညက်ညက်ကြေ၊
အစာကြေ၊
အညာအကြေ၊
အတွင်းကြေကြေ၊
ထောင်းထောင်းကြေ၊
ကြေကွဲဝမ်းနည်း၊
ကြေမွ၊
ကြေပြုန်း၊

ကျေ
ကျမ်းကျေ၊
ကျိန်းကျေ၊
စာကျေ၊
စိတ်မကျေပွဲ၊
စိတ်ကျေ၊
တာဝန်ကျေ၊
ဒဏ်ကျေဆေး၊
ပဲတင်းပဲကျေ၊
ပျက်ကျေ၊
မင်းတိုင်းကျေ၊
ဝတ်ကျေတမ်းကျေ၊
အခဲမကျေ၊
အသုံးလုံးကျေ၊
ကျေချမ်း၊
ကျေညက်၊
ကျေညာသည်၊
ကျေနပ်၊
ကျေပွန် (ကျေပြွန်)၊
ကျေရာကြေကြောင်း၊
ကျေလည်၊
ကျေပျောက်၊
ကျေအေး၊
နောကျေ၊
ကြွေးကျေ၊
လောကွတ်ကျေ၊
သေကျေ၊
အောက်သက်ကျေ။

ကြော်
ငါးကြော်
ပဲကြော်၊
မုံ့ဆီကြော်၊
အကြော်စုံ၊
ကြွေးကြော်သည်၊
ကြော်ငြာစာ၊
ကြော်လှော်သည်၊

ကျော်
ကျူးကျော်၊
ခုန်ကျော်၊
တကျော်ကျော်ခေါ်၊
ပထမကျော်
မင်းရဲကျော်စွာ
လူကျော်လူမော်
အကျော်စန့်တကူး၊
ကျော်စွာမင်း
ကျော်ထင်နော်ရထာ၊
ကျော်စော၊
ကျော်ဇေယျ၊

ကျေး
ကျေးရွာ၊
ကျေးလက်၊
မွေးကျေးဇူး၊
ကျေးကျွန်၊
ကျေးငှက်၊
ကျေးသား၊
ယဉ်ကျေးမှု။

ကြေး
ကြေးငွေဥစ္စာ၊
ငါးအကြေးခွံ၊
ကြေနီ၊
ကြေးဝါ၊
ကြေးစည်၊
ကြေးမုံမှန်၊
အညစ်အကြေး၊
ကြေးစားမ၊
ကြေးရတတ်။

ကျယ်
ကြီးကျယ်ခန်းနား၊
အကျဉ်းအကျယ်၊
ကျယ်ဝန်း၊
အသံကျယ်၊
နကျယ်ကောင်၊
လူကျယ်၊
ပညာကျယ်ဝန်း။

ကြယ်
မိုးပေါ်ကကြယ်၊
ဆန်းကြယ်၊
သီလစင်ကြယ်၊
ကြယ်တပွင့်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ