Hammer မှတ်ကရော ဥပဒေ

မြန်မာပြည်ဟာ ကျွန်တော့်ဟုမ်း ဖြစ်လို့ပါလို့ ရေးထားတယ်။ အဲတာက စိတ်သဘောထား။ ဥပဒေကတော့ တခြား။

မနေ့က ဒေါက်တာစိန်ဝင်းနဲ့ စကားပြောဖြစ်တယ်။ သူ့သဘောထားကို ပြောပြတယ်။ သူက အခုထိ မြန်မာနိုင်ငံသား။ အမေရိကန်နိုင်ငံသား မဟုတ်ပါ။ သူက ယူအက်စ်အေမှာနေတာ ၁၉၉၂ ကတည်းက။ စီတီဇင်လျှောက်ရင် ရနေတာ နှစ်ပေါင်း ၂ဝ ကျော်လောက်ရှိပြီ။ သူရော ကျွန်တော်ပါ အခုထိ နေထိုင်ခွင့်သာ ရထားတာ၊ မြန်မာပြည်ကနေလာတဲ့ တရားဝင်ဒုက္ခသည်။ ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသားပဲမှတ်ယူတယ်။

ကျွန်တော်တို့တတွေ မြန်မာပြည်ပြန်ရင် နိုင်ငံခြားသားလို့ သတ်မှတ်ယူဆပြီး ဆက်ဆံခံရမယ်။ ကားလက်မှတ်၊ ဟော်တယ်ခ အစစ ၃ ဆ ပေးရမယ်။ ရွှေတိဂုံဘုရားဖူးလည်း အဲလိုပဲထင်တယ်။

ပီအာ ခေါ်တာကို လျှောက်ထားခွင့်မရှိသူ ၃ စားရှိသတဲ့။ ရဖြူဂျီ ခေါ် ကျွန်တော်တို့လို ဒုက္ခသည်တွေ၊ အဆိုင်လီ ခေါ် အဆိုင်လမ် ခံယူသူတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုရှိသူတွေတဲ့။

ပြည်ပရောက်နေသူတွေ တိုင်းပြည်အတွက် တတ်သိထားတာတွေကို သယ်လာဖြန့်ဖြူပေးပါလို့တော့ မိန့်ခွန်းတွေမှာ ပါတယ်။ လက်ရှိဥပဒေအရ ပြည်တွင်းမှာ အလုပ်လုပ်ခွင့်မရှိပါ။ ဒေါက်တာစိန်ဝင်းက သင်္ချာပါမောက္ခ။ စာသင်ချင်တယ်။ ကျွန်တော်လည်း တတ်တာလေးတွေ လုပ်ပေးခွင့်ရှိမှာမဟုတ်။ 

မင်းတို့က ဒို့ကိုတော်လှန်ပြီး ထွက်သွားကြတာ၊ မှတ်ကရောဥပဒေက အခုထိရှိသေးတယ်။ တူနဲ့ထုတဲ့ဥပဒေ။ ပန်းပဲဖိုကတူ။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ