ဖွါး နှင့် ဘွား

၁။ အဘွားကို အဖွား ဆိုပြီး ရေးသားနေကြတာလည်းတွေ့နေရတယ် ဆရာ

၂။ ဆရာရှင့် ဖွား နဲ့ ဘွား ဆိုတဲ့စကားလုံး အသုံးနှုန်းလေးပြောပြပေးပါအုန်း ကျေးဇူးတင်ပါသည်

ကွန်တော်လည်း မှားတတ်တယ်။

ဖွါး
ဇိတ်ဖွါး (ဆိတ်ဖွါးလို့ ပြောနေကြတာများတယ်။)
တဖွါးဖွါးဖြစ်
ဖွါးခါခဏ
ဖွါးဖက်ပင်
ဖွါးဖက်တော်
ဖွါးဖွါး = ခဏခဏ
ဖွါးဖွါးကေဆံ (ဖွါးလျားချထာသောဆံပင်)
ဖွါးမြင်သည်
ဖွါးမြင်တော်မူသည်
ဖွါးလျား (ဆံပင် ဖွါးလျားချထားသည်။ အွန်လိင်းသတ်ပုံကျမ်းမှာ ဖွားရရားလို့ရေးထားတယ်။ ပြင်သင့်တယ်။)
ဖွါးသီလ
ဖွါးကာမတ္တ
မီးတဖွါးဖွါးကျ
သားဖွါးခန်း
သားဖွါးဆရာမ
သားဖွါးမီးယပ်

ဖာ ဖါ ဖွာ ဖွာ ဖား ဖါး နှစ်မျိုးလုံးရေးနိုင်တယ်။ အရင်က ဖတ်တဲ့သူတွေလွယ်ကူရှင်းလင်းအောင် ဖါ ဖါး ဖွါးလို့ ရေးကြတာများတယ်။

ဘွား
ဘွားဘွားဘိုးဘိုး
ဘွားဘွားပေါ်
ဘွားအေ
ဘိုးဘွားဘီဘင်
ဘိုးဘွား

ဖွားလို့မရေးတာကို မှားတယ်ထင်သူတွေက ထင်ကြတယ်။ ဖွါး မမှားပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Burmese Proverbs စကာပုံများ (က)