Myths မဟုတ်သော မမှန်သော မှားသော လွဲသော

1. ကင်ဆာကြောင့် မသေနိုင်ကြတော့ပါဘူး
2. ကိုယ်ဝန်လရင့်လာချိန် ရေချိုးရင် ခြေထောက် ဗိုက် စသည်တို့ ကို အသာလေး အရင်လောင်းပြီးမှချိုးရတယ် ပြောကြတယ်ဆရာ
3. ကိုယ်ဝန်ဆောင် လက်ဖက်စားရင် သံဓာတ်အားနည်းတယ် ကလေးဦးနှောက်မဖွံ့ဖြိုးဘူးဆိုတာ ဟုတ်ပါသလားဆရာ။ ကလေး အင်္ဂါစုံဖို့ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘာတွေစားလို့ဘာတွေရှောင်ရမလဲဆရာရှင့်။
4. ကိုယ်ဝန်ဆောင် အသီးအရွက်အစိမ်းမစားရဘူးလို့ သိထားပါတယ်ရှင့်။
5. ကိုယ်ဝန်ဆောင် နေစောင်းရင်ရေမချိုးရဘူးဆိုတာ ဟုတ်ပါသလားဆရာ။
6. ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ မမွေးခင် လေဆေးကို သောက်ကြပါတယ်။
7. ကိုယ်ဝန်ဆောင်နေစဉ်မှာ မိတ္တူကူးစက်မှာ မိတ္တူမကူးရဘူးဆိုတာ ဟုတ်ပါသလားရှင့်
8. ကိုယ်ဝန်နုချိန် နာနတ်သီးမစားရ၊ ပျက်ကျတတ်တယ်လို့ ပြောကြတယ်ဆရာ၊
9. ကလေးကခုဆို၂လနဲ့၉ရက်သားပါရှင် ခြေထောင်ကိုပြင်ခိုင်းကြပါတယ်။ မပြင်ရင် ခွင်မယ်လို့ပြောကြပါတယ်။
10. ကလေးမီးဖွားထားသည့် မိခင်တွေက ဆပ်ပြာတလလောက်မသုံးရဘူးဆိုတာ ဟုတ်ပါသလား။
11. ကလေးမွေးပြီး ဘယ်နှစ်ရက်ကြာရင် ခေါင်းလျှော်လို့ ရပါလဲဆရာ။
12. ဆနွင်းလုံး သောက်တာ အန္တာရာယ်ဖြစ်နိုင်လားရှင်။ သမီးက အသားရေ လှချင်လို့ ဆနွင်းလုံးတွေကို တနေ့ကို မနက် ၅လုံး ည ၅ လုံး သောက်ပါတယ်။
13. ညဘက်ရေချိုးရင် ကလေးရေပေါင်တတ်တယ်ပြောလို့
14. ပင်မှည့်သီးသောက်ရင် ၁ဝ ရက်အတွင်း ပျောက်တယ်ဆိုတာဟုတ်ပါသလား။
15. မီးတွင်းထဲ ဆပ်ပြာကိုင်မကိုင်ရဘူး အဆစ်အမြစ် ကိုက်တတ်တယ်ပြောတယ်ဆရာ။
16. မီးနေသည် ဝက်သားမစားရဘူးဆိုတာ ဟုတ်ပါသလားရှင်။
17. လူကြီးတွေက ကလေးရင်ပြည့်နေတယ် ရေမချိုးနဲ့လို့ တားတတ်ကြလို့ပါ။
18. သွးပေါင်ကျတာဆိုလို့ အစားလည်းရှောင်ပါတယ်ဆရာ
19. သားဦးကိုယ်ဝန် ၃၈ပတ်ထဲမှာပါ ပဲမြစ်ပြုတ်စားလို့ရလား သိချင်လို့ပါရှင်
20. အစာအိမ်ရောဂါရှိသူများ ရဲယိုသီးစားလို့မရဘူးဆိုတာဟုတ်ပါသလားရှင်
21. အုန်းစိမ်းရည်သောက်ရင် ပျက်ကျတတ်တယ်ပြောကြလို့ဟုတ်ပါလား ရှင့်။
22. ပြောနေကြတဲ့ရောဂါတွေ ပျောက်ကင်းလိုပါက ကဇွန်းရွက် ရေစင်အောင်ဆေး၊ အစိမ်းရောင်မပျောက်အောင် ရေနွေးလေးထဲစိမ် တို့စား အခုစား အခုပျောက်။
23. ရေကို မတ်တပ်ရပ်ပြီး ဘာကြောင့် မသောက်သင့်တာလဲ

ရှိသေးတယ်။ မှတ်မထားအားလို့။ လာဦးမယ်။ မှတ်ထားချိန်ရရင် မှတ်ထားမယ်။

ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ