ပါးစပ်ပါ ဈေးရောက် Get link Facebook X Pinterest Email Other Apps - August 25, 2020 နှာခေါင်းစည်းလို့ ရေးရတယ်။ နှာခေါင်းစည်းကို ပါးစပ်ပါဖုံးရမယ်လို့ ရေးလိုတာမှာ ပါးစပ်ပါတပ်ဆင်လာရမလို ဖြစ်နေတယ်။ပဲရေးရေး ဘဲရေးရေး မမှားပါ။ ဒေါက်တာတင့်ဆွေ Get link Facebook X Pinterest Email Other Apps Comments
Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်) - January 03, 2017 • ကလေး တင်ပါးဆုံပြုသည့်အနေအထားဖြင့်မွေးခြင်း၊ - breech delivery • ကလေး အတွင်းခံအဝတ်ကြောင့် ဖြစ်ရသည့် အနီစက်များ - diaper rash • ကလေးငယ်များတွင်ဖြစ်သော ဗိုင်းရပ်စ် အဖျားရောဂါ - roseola • ကလေးငယ်များအား စောင့်ရှောက်ခြင်း - nursery • ကလေးမဖွါးမီ၊ ကိုယ်ဝန်ဆောင်ချိန် - prenatal (antenatal) • ကလေးမရနိုင်ခြင်း - infertile • ကလေးမမွေးစေရန် တားဆီးခြင်း - birth control • ကလေးရနိုင်စေရန်အတွက် အကြံဥာဏ်ရယူခြင်း - fertility counseling • ကလေးအထူးကု - pediatrician • ကလေးအသေမွေး - stillbirth • ကလေးမွေးချင်လို့နာ - labor pain • ကလေးမွေးခြင်း - labor and delivery • ကလေးမွေးပြီး စိတ်ဓါတ်ကျခြင်း - postpartum depression • ကလေးမွေးရာတွင် လွယ်ကူစေရန်အားပေးသည့်နည်း - Lamaze method • ကလေးမွေးလူနာဆောင် - maternity ward • ကလေးမွေးစေရန် တမင်လုပ်ပေးခြင်း - induced labor • ကလေးမွေးနိုင်ရန် မွေးလမ်းကြောင်း ချဲ့ကိုက်ခြင်း - episiotomy • ကာကွယ်ဆေး - vaccine • ကာကွယ်ဆေးထိုးခြင်း - Vaccination • ကာဗွန်မိုနော့ဆိုက် - carbon monoxide • ကာဗွန်ဟိုက်ဒရိတ်၊ (ကစီဓါတ်) (သကြား -အချိုဓါတ်) - carbohydrates • ... Read more
Menoral ဟော်မုန်းဆေးတမျိုး - July 02, 2019 ၁။ မင်္ဂလာပါဆရာရှင့် အသက်က 25 အိမ်ထောင်မရှိ အပျိုပါရှင့် ရာသီမလာတာ နှစ်လလောက်ရှိလို့ ဆေးခန်းသွားပြတာ menoral တနေ့နှစ်လုံးနဲ့ ၂၁ ရက်သောက်ခိုင်းပါတယ်ရှင့်သူ့ရဲ့အကျိုးသက်ရောက်ပုံလေးဖြေပေးပါဆရာရှင့် ၂။ မင်္ဂလာပါဆရာ Menoral (Norethisterone Tablet Bp) ဆိုတဲ့ဆေးကို တားဆေးအဖြစ်သုံးလို့ ရပါလားရှင့်။ အဲ့ဒီဆေး အကြောင်းလေး ဆရာအချိန်ရရင် ရှင်းပြစေလိုပါတယ်။ ၃။ အသက် ၂၂ အမျိုးသမီးပါ အိမ်ထောင်မရှိ။ ရာသီခဏခဏလာလို့ OG ဆီသွားပြပါတယ်။ menoral နာမည်နဲ့ဆေးကို တနေ့သုံးလုံးတိုက်ပါတယ်။ (၁) ထိုဆေးကို တားဆေးအဖြစ်သုံးနိုင်ပါသလား။ (၂) ထိုဆေးနှင့်အတူ အရေးပေါ်တားဆေး ecc2 အားသောက်နိုင်ပါသလား။ Menoral (Norethisterone) 5mg Tablets စားဆေးဟာ Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းဆေးဖြစ်တယ်။ ရာသီမမှန်သူ၊ ရာသီလာစဉ်နာသူ၊ ရာသီများသူ၊ အင်ဒိုမီထရီယိုးဆစ်ရောဂါရှိသူတွေကို ပေးတယ်။ ဆေးအဆများတာကို ရင်သားကင်ဆာတချို့ကိုပေးတယ်။ ရာသီများသူကို 5 mg တနေ့ ၃ ကြိမ်၊ ၁ဝ ရက်။ နောက်မှာ ၁၉-၂၆ ရက်တွေ 5 mg တနေ့ ၂ ကြိမ်။ ရာသီမလာစေအာင် ရာသီလာရမယ့်ရက်ထက် ၃ ရက်စောပြီး 5 mg တနေ့ ၃ ကြိမ်၊ ၃ ရက်။ ရင်သားကင်ဆာအတွက် 40 mg နေ့စဉ်ကနေ 60 mg အထိတိုးပေးတယ်... Read more
Burmese Proverbs စကာပုံများ (က) - February 08, 2018 ပူးတွဲပါပုံကိုတွေလို့ ဇနီးကပြောပြထားတာ ၃-၄ ရက်ရှိပြီး။ အခုတော့ ကိုယ်တိုင်တွေ့တယ်။ စကားပုံ၊ စကားထာ၊ ဆိုရိုးစကားတွေကို မမေ့ကြစေချင်ပါ။ က နဲ့စတာတွေကိုသာ အရင်တင်ပါတယ်။ ကံကိုယုံပြီး ဆူးပုံနင်း ကံကိုယုံတော့ စုံလုံးကန်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ကံသည် အလုပ်အလုပ်သည် ကံ ကံသာလျှင်အမိ ကံသာလျှင်အဖ ကံကောင်းရင် တချက် ကံမကောင်းရင် တသက် ကချင်ရက် လက်ကျိုး ကင်းခြေများ ခြေတချောင်းကျိုး၍ အသွားမပျက် ကဆုန်နယုန် စွေ့စွေ့ခုန် ကတုံးပေါ် ထိပ်ကွက် ကျွဲပါး စောင်းတီး ကရိုး မက ဆန်း၍က နှပ်ပစ်ခံရ ကွန်တချက် ဟင်းတခွက် ကွမ်းသီးကြိုက် တောင်ငူပို့ ကိစ္စများမြောင် လူတို့ဘောင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကိုယ့်ဒူး ကိုယ်ချွန် ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ ကိုယ်ထင် ကုတင်ရွှေနန်း ကိုယ်ဖြစ် ကိုယ်ခံ ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ ကုန်းပေါ်ရောက်မှ ရေမမွန်းစေနှင့် ကုလားမနိုင် ရခိုင်မဲ ကုလားသိုက် ကျားဝင်ကိုက် ကုသိုလ်တပဲ ငရဲတပိဿာ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး ကလေးကျမှ လှေခါးထောင် ကျင်ကြီးစွန့်ရာ ကျင်ငယ်ပါ ကျည်ပွေ့ကောင်းလို့ ဆန်ဖြူ ကျန်းမာခြင်းသည် လာဘ်တပါး ကျားဆရာကြောင် ကြောင်ဆရာကြွက် ကျား... Read more
Comments
Post a Comment