မှန်နေတာကို မှားအောင်ပြင်တာ ပညာလား




ဆရာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း နည်းနည်းဝေဖန်ပေးပါဦး


ဟုတ်။ အမှန်တွေကို မှားအောင်ပြေားတာလို့ ယေဘုယျ ပြောပါရစေ။ 


၂၀၁၈ ခုနှစ် တတိယအကြိမ်ပြင်ဆင်ထုတ်ဝေတဲ့ မြန်မာအဘိဓာန်မှာ

၁။ လည်းကို လဲ လို့ပြောင်းသတဲ့။ မှားတယ်။ မဟုတ်ပါ။

လည်း သည် လဲ မဟုတ်။

အိပ်ရာထဲလဲနေသော ချစ်ချစ်လည်း ကိုဗစ်ကူးစက်ခံရခြင်းမရှိပါ။


၂။ မယ့် ကို မဲ့ ပြောင်းသတဲ့။ မှားတယ်။ မဟုတ်ပါ။

ချစ်ချစ်သောက်မည့်ခွက်ထဲ = စာအရမှန်တယ်။

ချစ်ချစ်သောက်မယ့်ခွက်ထဲ = စကားအသုံးဖြစ်တယ်

ချစ်ချစ်သောက်မဲ့ခွက်ထဲ = မှားတယ်။ မဲ့ဆိုတာ မရှိတာ။


၃။ ဦး ကို အုံးပြောင်းသတဲ့။ မှားတယ်။ မဟုတ်ပါ။

ချစ်ချစ်လာဦးမည် ကို ချစ် ချစ်လာအုံးမယ်လို့ ပြောင်းခိုင်းသတဲ့။

ချစ်ချစ်ခေါင်းအုံးပေါ် ကျွန်တော်ပါ လာအုံးမယ် ဖြစ်နေတယ်။


တ ကို တစ်လုပ်တာမှာ ဆင်ခြေပေးစဉ်ကလည်း အဲလိုဘဲ။ ကိုယ့်အမှုသည် လူသတ်ခဲ့တာသိပေမဲ့ လွတ်အောင်ပြောတဲ့ ရှေ့နေရဲ့ လျှောက်လဲချက်လိုဘဲ။


ခေတ်ကြီးသည် မှားပြီးရင်း မှားနေ၏။ မြန်မာပြည်မှာနဲ့ မြန်မာစာမှာသာ ဤသို့ဖြစ်ပါ၏။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Burmese Proverbs စကာပုံများ (က)