ချူချာတော်မူလှသော ဦးပုည

စလေဦးပုညရေးခဲ့တဲ့ ဘုန်းမွေ့တော့မယ်လေးချိုးကိုတင်ထားတာ ဖတ်ရတယ်။ သစ်နက်ကယ် လျှော်တေဟာနှင့်၊ မန်းသေလာ တောင်အကွေ့မှာလ၊ ယနေ့ပင် တဝါဆိုတော့မယ်၊ ယဉ်နဂို ညိုညိုနုရယ်၊ မင်းသာဓုပေးလို့ရေးထားလို့ (တစ်ဝါဆို) မဟုတ်ပါလား Smile လို့ကွန်မင့်လိုက်ပါတယ်။

အဲတာရဲ့အောက်မှာတော့ ပျိုမေတွေအတွက်တေးထပ်ကို ဆက်ဖတ်ရတယ်။ မျက်နှာကို ခြေနှင့်ကျောက်စေတော့၊ သွေမဖောက် ခုနော်၊ လင်ငါးယောက်ပေါ်စေ ကျွန်တော်ကမလွဲ၊ တစ်သက်လုံး လင်ငယ်နေပါ၊ သည်မေကို ရိုးပြာကျစွဲ။ လင်ငယ်နေတာမှာ တစ်လုပ်ထားလို့ No smile လုပ်လိုက်မိပါတယ်။ ဆောရီး။

စလေဦးပုညအကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ သည်လိုစာတွေပါတယ်။

မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်။ ဆွေမောင်နှင့်မယ်၊ ကျီဆယ်သမှု၊ ပန်းခိုင်လု၍။ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ခဲ့ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ရေ၊ လှိုင်းဗောင်ဗင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းစိုင်လောင်ခြစ်၊ ကျမျက်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်။ (ဆဒ္ဒန်ဆင်မင်းဝတ္ထု)

အကာဆူးခက် ပင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ၊ နေပူကြဲကြဲ၊ ဝက်သိုက်ထဲတွင်၊ အုဌ်ခဲခေါင်းအုံး၊ အိုးတလုံးဖျာမရှိ၊ ဘူမိကမ္မလာ၊ မြေမွေ့ရာထက်၊ ချူချာတော်မူလှသော။ (ကာကဝလ္လိယဝတ္ထု)

ချူချာတော်မူလှသော ဦးပုညခင်ဗျာ တတွေမှာ စသတ်မပါ။ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်နိုင်ကြစေသောဝ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ