ချစ် ခြစ် ချက်

၁။ ဆရာရှင့် နေခြစ်ခြစ်တောက်ပူတာလာာား ချစ်ချစ်တောက်ပူးတာလားသိချင်ပါတယ်ရှင့်။

၂။ ဆရာ မင်္ဂလာပါ။ ကျွန်မအသက်ကတော့ ၂၂ နှစ်ရှိပြီဆရာ။ ကျွန်မကိုယ်ဝန်က ၃ လပြည့်တော့မယ်၊ ဒါပေမယ့် သွေးခနခနဆင်းနေလို့ ဘာများလုပ်သင့်သလဲဆရာ။ ဆရာအကူညီလေးလိုချင်လို့ဘာ။ ကျွန်မ ဘာဆက်လုပ်သင့်သလဲဆရာ။

ဆရာဝန်ပြသင့်။

ဟုတ်ကဲ့ဘာ အခုသအိမ်ချစ်ရမယ်တဲ့ဆရာ။

သားအိမ်လို့ ရေးရတယ်။ ချစ်ရမယ်တော့ မဟုတ်လောက်ပါ။ ခြစ်လို့ ရေးရတယ်။ ဟုတ်ကဲ့ပါလို့ ရေးရမယ်။ ခဏခဏလို့ ရေးရမယ်။

၃။ ခွဲစိတ်ဆိုတာ အရေပြားချစ်ထုပ်ရမှာလားဆရာ။

ချစ် မဟုတ်ပါ။ ထုပ် မဟုတ်ပါ။ ခြစ်ထုတ်လို့ ရေးရမယ်။

၎။ သားဦးကိုယ်ဝန် ၂ လပျက်ကျလို့ သားအိမ်ချက်ဖူးပါတယ်။့

အိုဂျီက သားအိမ်ကို မချက်လောက်ပါ။ သားအိမ်ခြစ်လို့ ရေးရမယ်။

ချစ်
ချစ်ကျွမ်းဝင်
ချစ်ခင်ကြင်နာ
ချစ်ချစ်ချုတ်ချုတ်
ချစ်ချစ်တောက်ပူ
ချစ်တီး (အိန္ဒိယတောင်ပိုင်းလူမျိုး)
ချစ်ကြိုက်
ချစ်ကြည်ရေး
ချစ်သား ချစ်သမီး
မျိုးချစ်စိတ်
ဟင်းအိုး ချစ်သွားသည်

ခြစ်
ကုတ်ခြစ်သည်
ဇွန်းခြစ်အုန်းသီး
ထွန်ခြစ်
မီးခြစ်ဆံ
ခြစ်ခြစ်ကုတ်ကုတ်
ခြစ်သား (လက်သမားသုံး)
လက်နှင့်ရေးခြစ်
သားအိမ်ခြစ်သည်
အာခေါင်ခြစ်အော်သည်
အုန်းခြစ်
ရေခဲခြစ်

ချက်
ချက်ကာင်းတွေ့ပြီ
ချက်ကျလက်ကျ
ချက်ချက်မြည်
ချက်ချင်းပြီး
ချက်ချာ
ချက်စူ
ချက်တိုင်
ချက်ထိုး (စစ်တုရင်)
ချက်ကြိုး
ချက်ခြင်း
ချက်ပြုတ်
ချက်မြှုပ်အရပ်
ချက်လက်မှတ်
ချက်ကောင်းမိ
ချက်ကျောက်
ချက်ဆေး
ချက်ဖောင်း
ချက်ဗွေ
ချက်ကြွေ
တံခါးချက်ထိုးပါ
ထမင်းချက်
ဗဟိုချက်
မှတ်ချက်
ရန်သူ့လက်ချက်
အချက်ကျကျပြောသည်
အချက်ပေးသည်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ