တနှစ်တခါ

တနှစ်တခါ ပေါ်လို့လာ ငါလည်းမင်းလောင်း ထီးဖြူဆောင်းစကားပုံကို ငယ်ကတည်းကသိတယ်။ တစ်နှစ်တစ်ခါဆင်နွဲ ဘိုးတော်ကြီးနတ်ပွဲဆိုတဲ့ ပို့စ်တခု တွေ့တာနဲ့ ဂူဂယ်လ်မှာ တနှစ်တခါတွေကို လိုက်ရှာပါတယ်။

၁။ စစ်ကိုင်းမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ၊ အိမ်ခြေ ၆၀ သာသာလောက်သာရှိတဲ့ မအူပင်သာဒွန်း ရွာလေးက တနှစ်တခါ ကျင်းပမြဲ မြင်းဖြူရှင်ဘိုးဘိုးကြီးကို (ဗမာနတ်ပွဲသတင်း)

၂။ မြင်ရတဲ့ အဆောင်တွေက တနှစ်တခါ သက်တမ်းကုန်လို့ နတ်ကွန်းမှာ ပြန်လာချိတ်ထားတဲ့ အဆောင်တွေပါ (ဂျပန်နတ်ပွဲသတင်း)

၃။ တနှစ်တခါ၏ ရိုးရာလမုန့်ပွဲနေ့ ရောက်လာပါတော့မည်ဖြစ်ပါသည်။ (တရုပ်လမုန့် သတင်း)

၎။ တနှစ်တခါ၊ (၆) လ တခါ လောက် ကိုယ့်အိမ်၊ ဆိုင်ခန်း၊ လုပ်ငန်းတွေကို ပြန်ပြုပြင် ထိန်းသိမ်းပြီးတော့ (အိုးအိမ်အင်ဂျင်နီယာသတင်း)

၅။ ဆိုးလ် နိုင်ငံတကာမီးရှူးမီးပန်းပွဲတော် Seoul တနှစ်တခါ ကျင်းပတဲ့ 여의도 한강 ယော (ကိုရီးယားသတင်း)

၆။ အရင်စော်ဘွားခေတ်ကတဲက ဈေးလုပ်တဲ့နေရာဟောင်းလေးကို တနှစ်တခါ ပြန်လည်ကျင်းပတာလို့ဘဲ မှတ်ယူကြပါရန် (ရှမ်းသတင်း)

၇။ တနှစ်တခါ ရောက်လို့လာ မြန်မာနှစ်သစ်ကူးအတာရေသင်္ကြန်ပွဲကို (မြန်မာ့သင်္ကြန်ပွဲတော်သတင်း)

၈။ တနှစ်တခါ ဒီအချိန်ဒီအခါ ရောက်လာရင် တော့ ဒီပွဲကို ကြိုးစားပြီး (ပြင်သစ် သင်္ကြန်ပွဲသတင်း)

၉။ တနှစ်တခါ ငရဲရှာ လူ့ရွာဘုရားပွဲ (တရားစာပို့စ်)

၁၀။ တနှစ်တခါ ဝတ်ကျေတန်းကျေ အလေးပြုခံရ ဥက္ကဌကြီး၏ လမ်းညွှန်မှုဖြင့်လို့ တလျှောက်လုံး အော်ခဲ့ပြီး မအောင်မြင်ပဲ ကျဆုံးတော့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့ လက်ညှိုးထိုး တရားခံလုပ်ခံရ (မင်းလူရေးတဲ့ကဗျာ)

သတ်ပုံမှန်ရေးသူတွေများလာတာ မြန်မာစာအတွက် အားတက်စရာကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ