ပိုးစုန်းကြူးတမျှဖြစ်လဲ

စာရေးဆရာမ ခင်ဆွေဦး ရေးခဲ့တာ။ ခုခေတ်မှာ တမှန်သမျှနီးပါးကို တစ်လုပ်ခိုင်းထားလို့ တချို့က တဆိုရင် တလုံးမကျန် စသတ်ကြတော့တယ်။ နမူနာ ၃ ခုသာတင်ပြပါတယ်။ နံပတ် ၃ က တရားစာထဲမှာ။

၁။ အိမ်ကြီး၏ အရှေ့ဘက်ဆုံး အခန်းကျယ်ကြီး တစ်ခန်းတွင် အပြစ်ပြောစရာ မရှိအောင် နတ်သမီးတစ်မျှ လှပလှသည့်

၂။ တစ်ဖျတ်ဖျတ် လွင့်နေသော ဝတ်ရုံနှင့် သူမသည် နတ်သမီးတစ်မျှ ချောမောသည်။ ရှန်းယွဲ့၏ သနားစဖွယ် နူးနူးညံ့ညံ့

၃။ ယောကျာ်းတိုင်း လက်ကို အစမ်းခံကြရာမှ နတ်သမီးတစ်မျှ ကောင်းမွန်လှသည့် အတွေ့အထိကို သိကြပုံ၊ ဘုရင်က

ကြူး
ရိုက်ကြူး
ကာမကြူး
ထစ်ကြူးမြည်
ပိုးစုန်းကြူး၊
မိုးသားကြူး
ခြီးကြူး (ခြီးကျူး)
ရင့်ကြူး (အသံဖြင့်ကြူးရင့်သည်)
လွန်လွန်ကြူးကြူး၊
အစားကြူး
အလွန်အကြူး
ဆော်ကြူး
မေထုန်ကြူး
ကြွေအန်ကြူး
သေသောက်ကြူး

မြန်မာစာ ပိုးစုန်းကြူးတမျှသာ လင်းနိုင်ပါတော့တယ်။ ပုံတင်ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Burmese Proverbs စကာပုံများ (က)