Golf ဂေါက် ဂေါက် ဂေါက်

တချက်တည်း ကျင်းဝင်တာ ဂေါက်သီးဝါသနာအိုးတွေအတွက်တော့ ဝမ်းမြောက်စရာသတင်းမို့တင်တာတော့ သိပါတယ်။ ဝေဖန်စရာလည်းရှိလို့ ရေးကြတာလေးတွေပါ ဖတ်ရတယ်။

တယောက်ကတော့ သတင်းမဟုတ်တာသတင်းလုပ်တာ့ မြင်ကပ်စရာကောင်းတယ်တဲ့။

နောက်တယောက်ကရေးတယ် တချက်တည်း ကျင်းဝင်တော့ ဘာဖြစ်တုန်း။ စပါးအထွက်တိုးရင်လဲ ထားပါအုံး (ဆရာအောင်သင်း) တဲ့။

ကျွန်တော့်သူငယ်ချင်း ဆရာဝန်တယောက်ကတော့ မြင်မြင်ချင်း နာရေးကြော်ငြာမှတ်သွားတယ်တဲ့။

ကျွန်တော်လည်း အငြိမ်မနေပဲ ရေးမိသေးတယ်။ ကျင်းသမားကလည်း ကျင်းပဲသိတယ်။ Smile လို့။

ဆရာဝန်တွေကတော့ ဂေါက်ရောဂါနဲ့ ဂေါက်နိုင်တဲ့ရောဂါတွေအကြောင်းပဲ ခေါင်းထဲမှာရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး