Mushroom Face မှိုရတဲ့မျက်နှာ

ဖေ့စ်ဘွတ်မှာ ပရိုဖိုင်းလ်ပုံက အရေးပါတယ်။ နာမည် အိုင်ဒီကလည်း အရေးကြီးတယ်။ မေးခွန်းတွေ ထောင်ဂဏန်းမက ဖြေနေရတော့ အိုင်ဒီကိုဖတ်တာနဲ့ ရောဂါကိုမှန်းရတာ တခါတခါမှန်တယ်။ ဆရာဝန်မှမဟုတ်ပါ တခြားလူတွေလည်း စိတ်ကူးသိပ်ယဉ်တဲ့နာမည်တွေကနေ ဘာတွေမေးတတ်သလည်း စဉ်းစားကြည့်လို့ရပါတယ်။ လူ့ကလန့်၊ လူ့ဂွစာ ဆိုတာလည်းရှိတာပဲ။

ပရိုဖိုင်းလ်ပုံကို မကြာမကြာပြောင်းကြတာ ဝါသနာထုံသူတွေရှိတယ်။ အဲတာက အီမိုးရှင်းအရ အပြောင်းအလဲလုပ်ကြတာ။ နိုင်ငံရေးအရ ပြောင်းကြတာများတယ်။ အစ်ရှူးပူပူပေါ်လာရင် ပြောင်းကြပြီ။ ကျွန်တော်တို့တိုင်းပြည်မှာ အစ်ရှူးကလည်း ခဏခဏရှူးတတ်တော့ ပုံပြောင်းရတာ ရောင်းကောင်းတဲ့ မုန့်ဟင်ခါးသည် လက်မလည်သလိုပဲ။

ငယ်ရွယ်သူတွေကနေ ပရိုဖိုင်းလ်ပုံမှာ မင်းသား-မင်သမီးပုံကို ယူသုံးကြတာ ပြောစရာမရှိပါ။ သက်ကြီးရွယ်အိုတွေက ချောတုန်းလှတုန်းကပုံမျိုးတင်လေ့ရှိတယ်။ အဲတာလည်း ခွင့်လွှတ်ကြပါ။ သူများကို အဲလိုလိုက်ပြောနေတဲ့ ကျွန်တော်က တမျိုး။ ကိုယ့်ပုံအစစ်ကို တခါမှအပြောင်းအလဲမလုပ်ပါ။ အဲတာမှာ ပြောစရာရှိလာတယ်။ ပုံက ၂ဝဝ၉ ကတည်းက ရိုက်ထားတာမို့ ငယ်ချင်ယောင်ဆောင်ရာ ကျတယ်။ ဆင်ခြေတော့ ပေးတတ်ပါတယ်။ အဲဒီပုံကို ဒေလီမှာ ကွန်ဖရင့်တခု တက်နေတုန်း အိန္ဒိယပရော်ဖက်ရှင်နယ် ဓါတ်ပုံသတင်းထောက်ကနေ မပြောမဆိုရိုက်ပေးတာပါ။ ကျွန်တော့်မှာက အပျော်တမ်းအဆင့်ကင်မရာသာရှိလို့ အဲတာကို ယူသုံးဖြစ်သွားတာပါ။ နှစ်တွေကြာလည်း မပြောင်းပါ။ ဆောရီး။

ကျွန်တော့် ပရိုဖိုင်းလ်ပုံ = (မြန်မာပြည်က) မှို မစားရတဲ့မျက်နှာ။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး