Gong မောင်းထုလိုက်ပါကြောင်း

ရိုသေလေးစားရသောဆရာရှင်။ ကျမ္မားရေးမေးခွန်းတွေမေးခဲ့ဖူးပါတယ်။ ဆင်မပြေခဲ့ပါဘူး။ ခုတခါမေးခွန်းက လူမူရေးလို့ ထင်ပါတယ်။ ဆရာရဲ့စာ တော်တော်များများဖတ်ဖူးလို့ ဆရာရဲ့အကြံပေးမူလေး သိချင်ပါတယ်။

ကျမအသက် ၂၉ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၈ လရှိပါပြီ။ ထိုင်းမှာနေပါတယ်။ အဲဒါ မြန်မာပြည်က ထိုင်းမှာ ကလေးမွေးခွင့် မပေးတော့ဘူး။ မွေးရင် မြန်မာပြည်က မွေးစာရင်းလုပ်မပေးတော့ဘူး။ ကျောင်းနေမရဘူးလို့ အမိန့်ထုတ်လိုက်ပြီ ပြောပါတယ်ဆရာ။ ကျမမှာ ပတ်စပို့လည်းမရှိတော့ပါဘူး။ ကလေး ၂ လလောက် ပတ်စပို့ကျတော့ အိပ်ရာထဲလည်းနေလို့ သက်တမ်းမတိုးလိုက်ရဘူး။ ဘတ်ပဲ့ရိုက်လိုက်နိုင်တယ်။

ကျမလိုပဲ အခက်ခဲပေါင်းများစွာ လူတွေရှိပါတယ်။ ဘတ်ရှိရင် သဋ္ဌေးကထွက်ခံစားပေးရင် အဆင်ပြေပေမယ့် မပေးတော့ အဆင်မပြကြဘူးဆရာ။ မြန်မာပြည်မှာက မိဘမဲ့ကလေးတွေကြောင့် ဆရာဝန်တွေ၊ ကျောင်းဆရာမတွေ၊ အုပ်ထိန်းသူတွေ အဆင်မပြေဖြစ်လို့ ပြောပါတယ်ဆရာ။ တချို့ကလည်း မွေးပြီးပြန်လာမယ်ပြောပါတယ်။ ဒီလိုလုပ်ရင်လည်း ဘာကွာခြားလို့လည်း။ မွေးပြီးတလနှစ်လထားလည်းတူတူ၊ ကျမတော့ သားဦးလေးကို ၃ နှစ်မှ သွားထားခဲ့ပါတယ်ဆရာ။ ခုကိုယ်ဝန်က ၈ လဆိုတော့ အခက်ခဲတွေကြောင့် ဘယ်လိုလုပ်ရမလဲမသိ ဖြစ်နေပါတယ်။ မိခင်တွေအားလုံးအတွက် ဆရာရဲ့ အကြံပြုမှုလေး ပြောပြပေးပါရှင်။ အမှားပါရင်ခွင့်လွှတ်သီးခံပေးပါဆရာ။ ရိုသေလေးစားလျှက်။ ထိုင်းနိုင်ငံကမိခင်များ။

စာရေးတဲ့သတ်ပုံအမှားတောင်မှ ဆရာမတတ်နိုင်။ နိုင်ငံရေးသတ်ပုံပြင်ဘို့ဟာ ၂၅ နှစ်ကြာတယ်။ ထိုင်းနိုင်ငံကမိခင်တွေအတွက် ပြောပြတဲ့အခက်အခဲအတွက် လုပ်ပေးရမဲ့ တာဝန်ရှိသူတွေကများတယ်။ ကိုယ့်တိုင်းပြည် ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး၊ ကိုယ့်တိုင်းပြည် စီးပွါးရေးနဲ့ ဆိုင်တယ်။

မနေ့က ဒေါ်စု မောင်းထုတာပုံ တွေ့လိုက်တယ်။ ကျွန်တော်လည်း မုံရွာ၊ သီတင်းကျွတ်လပြည့်ကျော် ဘုရားကြီးပွဲတော်မှာ ရောင်းတဲ့ ကလေးကစားတဲ့မောင်းကို ထုလိုက်ပါတယ်။ ရွာဆော်တွေကလည်း အော်ပေးကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ