Persistence ခေါင်းလည်းမာ နေတတ်ပါစေ

သတင်း = စစ်ကိုင်းကောင်းမူတော်စေတီအား မူလထုံးသင်္ကန်းအတိုင်း အများပြည်သူမှ ဖူးမြော်လိုပါက တိုင်းအစိုးရမှ ဆောင်ရွက်ပေးမည်ဟုဆို (ကိုသစ္စာ-မုံရွာ)

ဒီသတင်း ခိုင်မာမှုတော့ သိပ်မသိပါ။

ကောင်းမှုတော်စေတီကြီးကို ရွှေအတုသင်္ကန်းကပ်ထားတာကို အဝေးကြီးကနေ အစောကြီး သဘောမကျပါကြောင်း ကန်တော့ပါဘုရား ခွင့်တောင်းပြီး ကျွန်တော်ရေးခဲ့ပါတယ်။ ဖြစ်လာ မလာ မပြောတတ်ပါ။ ဖြစ်မလာလို့လည်း စိတ်ထဲမှာ နေတတ်အောင် နေနိုင်ပါတယ်။

ကျွန်တော်က အယူအဆမှာ ခေါင်းမာတယ်။ နိုင်ငံရေးမှာ အဲတာက ဒုက္ခပေးတယ်။ ပြည်ပနိုင်ငံရေး ၂၅ နှစ်အတွင်းမှာ ကျွန်တော့်ဖက်က အများအားဖြင့်နိုင်ပေမဲ့ မဲရှုံးတာ တခါတခါရှိခဲ့ပါတယ်။

ဒီမိုကရေစီမှာ မဲနဲ့ဆုံးဖြတ်ရတဲ့ နည်းနာကို ပယ်မရပါ။ လူ ၁၃ ယောက်ရှိတဲ့အသင်းအဖွဲ့တခုမှာ ၅ ယောက်ကို စည်းရုံး သိမ်းသွင်းနိုင်ရင် လုပ်ချင်တာလုပ်ပေတော့ဆိုတဲ့ တကယ့်အဖြစ်အပျက် နမူနာတခု ပေးခဲ့ဘူးတယ်။ လူတွေကို သိမ်းသွင်းနည်းက အမျိုးမျိုး။ ဒါကြိုက်သူကို ဒါပေး၊ ဟိုဟာကြိုက်သူကို ဟိုဟာပေး။ ဘေးကနေ သိုင်းမဲ့ဝိုင်းမဲ့သူတွေကလည်းရှိသေး။

အဲလိုခေါင်းမာခဲ့တာ မကောင်းဘူး။ ရွာပြင်ရောက်နေသူ ခြံစည်းရိုးအပြင်ရောက်ပါလေရော။ အခုတော့ နေတတ်ပါပြီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ