Tin Moe ဆရာတင်မိုး မှတ်ချက်

ကျွန်တော် မြန်မာစာသတ်ပုံအကြောင်းရေးတာကို အားပေးကြသူတွေရှိတယ်။ မျက်မုန်းကျိုးသူတွေလည်းရှိတယ်။ မသိကျိုးကျွံတွေက အများဆုံး။ အမှန်က ကျွန်တော်လည်း မှားတတ်လို့ ကြိုးစားနေတာပါ။ ဆယ်တန်းနဲ့ ဆေးကျောင်း ဒုတိယနှစ်အထိ မြန်မာစာသင်ခဲ့ရတယ်။ ကျောင်းမှာသင်တာတွေနဲ့ ဖတ်ခဲ့တဲ့စာအုပ်တွေကြောင့် အရေးအသား၊ သဒ္ဒါနဲ့ သတ်ပုံ အတော်မှန်ခဲ့သေးတယ်။ ဒါပေမဲ့ ဆေးကျောင်းအတန်းကြီးကစပြီး အပြင်စာအဖတ်နည်းခဲ့ရတယ်။ အလုပ်ထဲ ရောက်တော့ ပိုနည်းသွားတယ်။

နိုင်ငံရေးထဲရောက်တော့ ခဏနဲ့ပြည်ပထွက်ရတယ်။ အပြင်မှာ မြန်မာစာအုပ်ကရှား၊ သူများတွေကို ပြန်ပြောနိုင်အောင် အင်္ဂလိပ်လိုတွေသာဖတ်ရ၊ အင်္ဂလိပ်လိုသာ ရေးရတော့တာမို့ မြန်မာစာနဲ့ အလှမ်းပိုဝေးလာခဲ့တယ်။ ပြည်ပမှာ မြန်မာလို စာအုပ်တွေထုတ်ကြပါတယ်။ စာအုပ်ထုတ်တော်လှန်ရေးလို့တောင် တင်စားခံရသေးတယ်။ ဒေလီကို ဆရာတင်မိုး လာတုံးက လူငယ်တယောက်ကမေးတယ်။ ဆရာ့ အပြင်မှာ ထုတ်ဝေနေတဲ့ စာအုပ်တွေကို ဘယ်လိုသဘောရပါသလဲ။

ဆရာတင်မိုးက ပြန်ဖြေတယ်။ ကောင်းပါတယ့့် စာရွက်သာ့း့ မင်ကျမင်န့ စာပုံနှိပ်တာတွေတဲ့။ စာအရည်အသွေးနဲ့ သတ်ပုံကို တမင်ချန်သွားမှန်းသိတယ်။

စစ်အစိုးရတွေတက်လာတော့ ၁၉၈၁ နောက်ကစပြီး၊ မူရင်းမြန်မာသတ်ပုံတချို့ကို အာဏာနဲ့ပြောင်းစေလိုက်တယ်။

ကျွန်တော့်ဆေးပညာစာတွေကို စာအုပ်ထုတ်ပေးချင်တဲ့ ထုတ်ဝေသူတယောက်နဲ့ စကားပြောဘူးတယ်။ လွန်ခဲ့တဲ့ ၅ နှစ် လောက်ကပါ။ အေးဗျာ ကျွန်တော့် နာမည်ရင်းနဲ့ဆို ပုံနှိပ်ခွင့်ရမှာမဟုတ်ဘူး။ ကျွန်တော်က စာရေးဆရာလည်းမဟုတ်တော့ ကလောင်နာမည်က မရှိ။ ဒါနဲ့ နာမည်ဝှက်တခု ရွေးပေးတယ်။ သတ်ပုံတွေကိုလည်း အစိုးရခွင့်ပြုတာနဲ့သာ ရိုက်မှာလည်းသိပါတယ်။ လုပ်ပေါ့ဗျာ့ ထွက်လာရင် အောင့်သက်သက်နဲ့ဖတ်ရမှာပေါ့လို့ ပြောလိုက်ပါတယ်။ စစ်အစိုးရလက်ထက်မှာ စာအုပ်မထုတ်ဖြစ်ခဲ့ပါ။

နောက်ထုတ်ပေးမယ်ဆိုသူတွေကိုလည်း အယ်ဒီတာနဲ့ စာပြင်ဆရာကောင်းကောင်းကို အရင်မေးပါတယ်။ တအုပ်တော့ ထွက်ပါပြီ။ နောက်လည်းလာပါမယ်။ ပေါ်လစီသတ်ပုံနဲ့တော့ ဘာစာအုပ်မှမထုတ်ပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ