Spoken Language ဘယ်စကား တရားဝင်သလဲ

လွန်ခဲ့တဲ့ ၄ နှစ်လောက်က အိန္ဒိယမှာ (ဆမာ့ခ်ျဝါဒီ) နိုင်ငံရေးပါတီခေါင်းဆောင် (မူလာယန်ဆင်း ယာဒက်ဖ်) ကနေ အင်္ဂလိပ်စကားကို လွှတ်တော်မှာ တရားဝင်စကားအဖြစ် သုံးနေတာကို ပယ်ဖျက်ဘို့ တောင်းဆိုလိုက်တယ်။ လက်ရှိ ဟင်ဒီနဲ့ အင်္ဂလိပ်စကား နှစ်မျိုးလုံးက တရားဝင် ဖြစ်ပါတယ်။ (ဂူဂျရက်) ပြည်နယ် အထက်တရားရုံးက အဲဒီတောင်းဆိုချက်ကို ပယ်ချလိုက်ပါတယ်။ ဟင်ဒီဟာ အိန္ဒိယမှာ အများဆုံးပြောတဲ့စကားဖြစ်ပေမဲ့ နိုင်ငံတော်စကား လုပ်ဘို့ အချက်အလက် မခိုင်လုံဘူးလို့ ဆိုလိုက်ပါတယ်။ အိန္ဒိယဖွဲ့စည်းပုံမှာ ဟင်ဒီကို တရားဝင်ဘာသာစကား အဖြစ်ပါပေမဲ့ နိုင်ငံတော်ဘာသာစကားလို့ မပါရှိပါ။အိန္ဒိယမှာ တချို့ပြည်နယ်တွေက ဟင်ဒီကို မပြောရလို့လုပ်ထားတယ်။

မြန်မာနိုင်ငံမှာလဲ ခုတလော ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြောဆိုကြတာထဲမှာ မြန်မာဘာသာစကားကို မသုံးချင်တဲ့ အသံတွေလည်း ထွက်လာတယ်။ မြန်မာစကားမဟုတ်ရင် တချို့က အင်္ဂလိပ်လို့ပြောကောင်းပြောမယ်၊ တချို့ ဘုန်းဘုန်းတွေက ပါဠိဖြစ်စေချင်သလား မပြောတတ်ပါ။ (မန်ဒါရင်) တရုပ်စကားလို့ပြောလာမှာတော့ စိုးရိမ်မိပါတယ်။

ကိုယ့်ကိုယ်ပိုင်ကို မြှင့်တင်ချင်ကြတာ လူ့သဘောဖြစ်ပါတယ်။ သူများကိုယ်ပိုင်ကို နှိမ်ချင်တာလဲ (တချို့) လူတွေပါဘဲ။

ယမုန်နာဆေးခန်းလေးမှာ လူနာ ၉ဝ% လောက်က ပြည်နယ်တွေကလာကြလို့ ဗမာစကားအားနည်းကြတယ်။ ဒါပေမဲ့ ရောဂါတွေကင်းပျောက်ပြီး၊ ကလေးတွေမွေးကြတာ တယောက်ပြီးတယောက်။ ဆရာဝန်က ဗမာစကားသာတတ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ