Berocca Effervescent Tablets ဆူဆေး

ဆရာ ပုံထဲက ရေဆူဆေးပြားကိုကျွန်တော် အမြဲသောက်ဖြစ်တယ်ဆရာ။ ကျွန်တော်က လမ်းလျှောက်များရင် ခြေသလုံးက ကြွက်သားနာလာတာ ကို နာရီမကြာကြီးခံစားရတယ် ဆရာ အဲကြောင့်ပုံထဲက muti vitamin supplement ရေဆူဆေးပြားကို တလတဘူးလောက်သောက်ဖြစ်တယ်ဆရာ။ အဲဒီဆေးပြားတွေနဲ့ပတ်သက်ပြီး ရေးထားတဲ့စာရှိရင် ဖတ်ချင်လို့ပါခင်ဗျာ

Berocca Effervescent Tablets ဆေးပြားဆိုတာ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပါတယ်။ အားဆေးမှန်သမျှမှာ ပါတာမျိုးဖြစ်တယ်။ ဗီတာမင်စီများများပါတယ်။ ဆေးတပြားမှာ Vitamin C 476 mg ပါတယ်။ Vitamin B Complex (Vitamins 1, 2 6 and 12) ဗီတာမင်ဘီအုပ်စုလည်းပါတယ်။ Magnesium နဲ့ Zinc ဓါတ်ဆားတွေပါတယ်။

Warnings သတိပေးချက်များ
ဆေးညွှန်းကို ဖတ်ပါ။ ဗီတာမင်ဆေးတွေဟာ သန့်ရှင်းလတ်ဆတ်တဲ့အစားအသောက်တွေကို အစားမထိုးနိုင်ပါ။
Aspartame အက်စ်ပါတိန်း ခေါ် အချုတုဆေးပါတာ သတိပြုပါ။ Phenylketonurics ဓါတ်လည်းပါတယ်။

ဆေးဗူးအဖုံးကို သေချာပိတ်ပြီး 25C အပူချိန်ထက်ပူတဲ့နေရာမှာ မထားရပါ။ လူကြီးတယောက်အတွက် ရေတဖန်ခွက်ထဲမှာ ဆေးတပြားထည့်သောက်ပါ။ ရေဆူသလို အမြှုပ်လေးတွေထွက်လာတယ်။

New Berocca Boost ထဲမှာ Guarana ပါထည့်ထားတယ်။ တက်ကြွနေစေအောင်နဲ့ အင်နာဂျီပိုရစေဘို့လို့ဆိုပါတယ်။ ကေဖင်းပါတဲ့ကော်ဖီတခွက်သောက်ရသလိုညီတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး