မဖြေတတ်တဲ့ အကြောင်းအရာ

ဆရာ ဘုရားဝင်းထဲ ထီးဆောင်းတာက အဂါရဝ ဖြစ်စေပါသလား

မေးလို့တော့ ကျေးဇူးတင်တယ်။ ကျွန်တော်က အဆုံးအဖြတ်ပေးနိုင်သူ မဟုတ်ပါ။ တခြားသူတွေကလည်း ကိုယ့်အမြင်နဲ့ကိုယ် ပြောကြ မိန့်ကြပါမယ်။

ဘုရားလက်ထက်မှာ ဘုရားစေတီ မရှိပါ။ ထီးလည်း မရှိလို့ထင်တယ်။ ဆောင်းစရာတော့ရှိမယ်။

အရိုအသေပေးခြင်းဆိုတာ နေရာ အချိန်အခါ စတာတွေကြည့်လေ့ရှိကြတယ်။

ဘာသာတူပေမဲ့ ထိုင်း၊ သီရိလင်္ကာနဲ့ မြန်မာပြည်မတူတာတချို့ရှိတယ်။ အပြစ်ပြောရင် အစွန်းမလွတ်နိုင်ပါ။ ဂီလာနပုဂ္ဂိုလ်တွေကို ချွင်းချက်ပြုကြတာ ဟိုးအရင်ကတည်းကရှိခဲ့တယ်။ ခုခေတ်မှာ ပိုများသလား ထင်ရတယ်။

၂ဝ၁၅ ရွေးကောက်ပွဲကာလ ဘုန်းကြီးကျောင်းထဲ သူများတွေ ချွတ်ထားချိန်မှာ ဝန်ကြီးတယောက်က ဖိနပ်စီးတာ မလျှော်ကြောင်း ကျွန်တော် ရေးခဲ့သေးတယ်။

အပြစ်ဆိုတာ မလုပ်ရကောင်းမှန်းသိပြီး ကျူးလွန်တာနဲ့ မသိလို့မှားတာ မတူပြန်ပါ။ ကျွန်တော် အခုရေးတာ မပြည့်စုံသေးပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၈
ပန်းချီ Khin Maung Zaw ကျေးဇူး။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး