References အကိုးအကား

မှီငြမ်း၊ ကိုးကားရေးတယ်ဆိုတဲ့အဓိပ္ပာယ်က အကြောင်းအရာတခုကို ချဲ့ရေးတဲ့အရာကိုခေါ်တာလား ဆရာ။


မဟုတ်ပါ။ ချဲ့ရေးတာက တမျိုး၊ ချုံ့ရေးတာကတမျိုး၊ အကိုးအကား အထောက်အထားနဲ့ရေးတာက တမျိုး၊ ကိုယ်တွေ့ရေးတာက တမျိုး၊ စိတ်ကူးနဲ့ ရေးတာက တမျိုး။


မှီငြမ်းကိုးကားတယ်ဆိုတာ သုတေသနစာတန်း၊ သမိုင်းစာ စတာတွေမှာ အချက်အလက်၊ အဖြစ်အပျက်၊ ခုနှစ်သက္ကရာဇ်၊ နေရာဌာန၊ ကိန်းဂဏန်း စတာတွေကို ကိုးကားပြီး ရေးသားတာဖြစ်တယ်။ 


ကျွန်တော့် ဆေးပညာစာတွေ အားလုံးကို အကိုးအကား အထောက်အထားနဲ့သာ ရေးပါတယ်။ စာအုပ်တွေ၊ ဝဘ်ဆိုက်တွေနဲ့ ကိုယ်တိုင်အတွေ့အကြုံပါ ထည့်ရေးလေ့ရှိတယ်။ 


သတင်းဆောင်းပါးရေးရာမှာလည်း အကိုးအကားယူရေးတာလည်းရှိတယ်။ ကိုယ့်ထင်တာရေးတာမျိုးလည်းရှိတယ်။ တချို့က ကိုးကာတာကို ထည့်မရေးပဲ ကိုယ်တိုင်သသိယောင် ရေးကြတာလည်းရှိတယ်။ တချို့က စာတအုပ်လုံး ခိုးချတယ်။


ကိုးကားရာမှာလည်း ခိုင်မာစိတ်ချရလောက်တဲ့ ဆို့စ် ခေါ် ပင်ရင်းကနေယူတာရှိသလို၊ တက်ဘလွိုက် ခေါ် ပေါ်ပင်၊ ဂေါဇစ် ခေါ် အတင်းစကားကို ယူတာလည်းရှိတယ်။


ဒေါက်တာတင့်ဆွေ

၁၅-၈-၂၀၂၀


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး