ကိုယ်တော်အတွက်မှတ်နေတာ
ကျွန်တော် မြန်မာစာသတ်ပုံအကြောင်း အမြင်ကပ်လောက်အောင် ရေးနေမိတယ်။
လှတောနားကလာသူတွေပြောတဲ့ သူတို့ရွာဆရာတော်နဲ့ တူနေမှန်းသိပါတယ်။
ဘုန်းကြီးကျောင်းသားတွေကို စာအံခိုင်းတယ်။ ငယ်ရွယ်သူတွေဖြစ်တော့ ပျင်းကြတာပေါ့။ ဘုန်းကြီးက စိတ်မရှည် ဟေ့ကောင်တွေ စာကျက်ခိုင်းတာ မင်းတို့အတွက်ကွလို့ ငေါက်ငမ်းပါသတဲ့။
အဲတော့ ကျောင်းသားတွေက ပြန်လျှောက်ပါတယ်။ ဆရာတော်အတွက် မှတ်နေတာ။ တပည့်တော်တို့အတွက်ဆို နေပါစေတော့ဘုရားတဲ့။
ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၆

Comments
Post a Comment