Indignity မရှက်တရား

စာအုပ်အသစ်တွေ အဖုံးကောင်းကောင်းလှလှတွေနဲ့ တထပ်ကြီး၊ တပွေ့တပိုက်ကြီး၊ အစီအရီဖြန့်ခင်းထားပြီး၊ ပြကြတာ အားကျစရာတော့ကောင်းပါရဲ့၊ ပို့စ်တင်သူတွေ စာဖတ်ကြလို့လည်း ချီးမွမ်းချင်ပါရဲ့၊ ဒါပေမယ့် စာတွေကို အဲလိုဖတ်သူ၊ စာအုပ်တွေအဲလောက်များများဝယ်ထားနိုင်သူကနေ ပို့စ်တင်တာမှာ သတ်ပုံအမှားတွေ၊ သဒ္ဒါအလွဲတွေ၊ စကားမပီသလို ရေးတာတွေနဲ့ဆိုတော့ ကြွားကားကြွား၏ မကြွားတတ်ဖြစ်နေတယ်။

စာအုပ်ကောင်းတွေကို အသစ်ပြန်ထုတ်တဲ့အခါ မူရင်းစာရေးဆရာတွေရဲ့ သတ်ပုံတွေကို နောက်လူတွေက လိုသလို ပြင်ထားရင်ကြတော့ အဲလိုစာအုပ်မျိုးကို လက်ဆောင်ပေးရင်တောင် မရချင်ပါ။

စေတနာနဲ့ လိုရင်သုံးပါလို့ အမှားနမူနာတွေပို့ကြတာ ရတယ်။ အကြံအဖန်ဆေး၊ ကြော်ငြာဆေးတင်တိုင်း ဘယ်မှာ ဝယ်ရမလည်း မေးကြတယ်။ မြန်မာစာအမှားတွေတင်လိုက်ရင် အဟုတ်ထင်ကြမယ်။ တချို့ကလည်း မှားတာကို ဂုဏ်ယူကြတယ်။ နာမည်ကြီးချင်သလားတော့မသိ။ ဟစ်တလာလည်း နာမည်ကြီး။ ဘင်လာဒင်လည်း နာမည်ကြီး။

ဆိုစကားကတော့ ငိုက်မရှက်၊ ကြိုက်မရှက်၊ ငတ်မရှက်တဲ့။ အခုတော့ လွဲမရှက်၊ မှားမရှက်၊ စာမတတ်ဖူးလို့ ကြွားရမှာ မရှက်။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး