Posts

Showing posts from May, 2018

မိုး

Image
မိုး သီချင်းတွေတင်ပေးကြတာ တချို့က စာသားလွဲပြီး တချို့က သတ်ပုံမှားကြတယ်။ ဥပမာ မိုး (ရီရီသန့်) မှာ သီချင်းစာသား နည်းနည်းလွဲတာတွေ့လို့ စန္ဒယားချစ်ဆွေသီချင်းက စာသားနဲ့ တင်ပြခဲ့ဖူးတယ်။ ဝသန်ခါမှီ လရာသီ ပြာရီရစ်ဝိုင်း ဆိုင်းနွဲ့နွဲ့ မှိုင်းလဲ့လဲ့ သိုင်းဖွဲ့လို့ဟန်ချီ မင်းလွင်ဆီ ညိုရောင်မှောင်ခိုး မိုးလခါမှီ ဖြိုးဖြိုးလျှလျှ စွေလှသည့့် (ဂျိုးဂျိမ်းသံ မာန်တင်းကာပ အသူရာ သိကြားမင်းက စစ်ခင်းကာပြိုင်ကြသည်) ၂ စိတ်မကျေနိုင် အနိင်လုတော့ အေးလှပါသည် ထွေးစရာ့ဗလာအတည် ဆွေး ဆွေး ဆွေးရတာရှည် ဇာကတ္တီဗွေစိုင် ဖြေနိုင်ပါပဲ မလုံ့တလုံ ခြုံလွှာမွဲသို့ မစုံဖော်ကွဲ သည်း သည်းကြွေလုပြီ သြော် ဘယ်ခါမှအတူတကွ နေရပါမည် နွေးစရာ့အတည် ဆွေနှမဒါလီ ဝေး ဝေးလှသည် (လိုက်တော်မူသင့်ပါရဲ့ အခွင့်ကိုမျှော်) ၃ (မသင့်တော်သလိုပ တမေခင်လွဲ) ၂ သြော် ရွှေရင်ထဲမှဖြင့် ကွဲလုပြီ (စွဲသူ့မျက်ရည်) ၂ ရက်ရှည်ရှည် ဆွေးတယ်လေး သွေးကဲ့သို့နီ့ ပစ္စုန်ရယ် သံစုံရင့်ကျုး မြူးခဲ့ပြီ လေဦးမိုးသက်ချီ တရွေ့ရွေ့နဲ့ မိုးငွေ့တွေလေချီ ငွေချည်ငွေပန်း တန်းကာကျပြီ ဆန်းစွာလှသည် လွမ်းတာကရှည် ပန်းလျဝေရီ မှန်းဆလို့ပဲ ဖြေမဆည်နိုင်တော့ပြီ ရေး။ အလင်္ကာကျော်စွာရွြှေ

Traveler's diarrhea ခရီးသွားဝမ်းပျက်ခြင်း

Image
(ကန်တော့ပါ) ကျွန်တော်တို့ ဧပြီလ ၂၈ မနက်က ရန်ကုန်ရောက်ကြတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပုလဲ၊ ဘုတလင်မြို့တွေအပြင် ရွာတွေကိုလည်းရောက်တယ်။ နေပြည်တော်မှာခဏနဲ့၊ ပခုက္ကူ၊ မြင်းခြံ။ ကျောက်ပန်းတောင်း၊ ပုဂံ။ ပုပ္ပါးကိုလည်း ရောက်တယ်။ အဲဒီနေရာတွေကနေ မန္တလေးကိုတခေါက်ပြန်ရောက်တော့ နေမကောင်းဖြစ်ကြတယ်။ ခရီးသွားဝမ်းပျက်လို့ ခေါ်ပါတယ်။ ရောက်ကတည်းက ကိုယ့်တိုင်းပြည်ကထွက်သမျှအစားအစာတွေ အကုန်စားလိုက်ကြတာ ဘာပြောကောင်းမလဲ။ ကျွေးကြသူတွေအကုန်ကို တကယ်ကျေးဇူးတင်တယ်။ ခရီးသွားဝမ်းပျက်ခြင်းဆိုတာ စားတဲ့သောက်တဲ့ထဲမှာ မသင့်တာပါသွားလို့ဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ အသက် ၄ဝ ဝန်းကျင်အထိနေခဲ့ပြီး အပြင်မှာ ၂၈ နှစ်ကြာလို့ ကိုယ်ခန္ဓာရဲ့ ရောဂါပြီးစနစ်က အဆန်းပြန်ဖြစ်နေပြီ။ ငယ်စဉ်ကလို တော်တော်တန်တန် ဒဏ်နဲ့ ပိုးတွေကို မခံနိုင်ဖြစ်တဲ့သဘော။ ဗိုက်က သရိုးသရီဖြစ်လာတယ်။ သန့်စင်ခန်းခဏခဏဝင်ရတယ်။ ကန်တော့ပါ။ ကိုယ်နည်းနည်းပူတယ်။ ပျို့ချင်တယ်။ ပုလဲမှာတုန်းကတခါ ဇနီးကဖြစ်တော့ အိမ်ရှင်ဆရာဝန်ကို သန်ကောင်အချိန်မှာ နိုးပြီး ဆေးတောင်းရသေးတယ်။ ဆောရီး။ ကုသနည်း Anti-motility agents ခေါ် Loperamide (Imodium), Diphenoxylate (Lo