Posts

Showing posts from March, 2015

Brain size ဦးနှောက်ကြီးသလား

Image
• ကိုယ်ခန္ဓာနဲ့ ဦးနှောက်အရွယ်အစားက အချိုးကျကျ ရှိတတ်တယ်။ တချို့အကောင်တွေမှာ ဦးနှောက်ရယ်လို့ သတ်သတ် မှတ်မှတ်မရှိပဲ ဦးနှောက်အလုပ်ကိုလုပ်တဲ့အင်္ဂါလို့သာရှိတယ်။ တချို့အကောင်ငယ်တွေမှာ ဦးနှောက်အင်္ဂါ မပါကြဘူး။ • Echinoderms (starfish, sea urchins, sand dollars) အကောင်တွေမှာ Brain entirely ဦးနှောက်အင်္ဂါ မပါကြဘူး။ Starfish ကြယ်ငါးတွေမှာ အာရုံခံစရာသာပါပြီး ဗဟိုအာရုံကြောစနစ်မပါဘူး။ Flat worms အူနေသန်ကောင်အပြားတွေမှာ အာရုံကြောတွေတော့ပါတယ်။ ပုရွက်ဆိတ်တွေမှာတော့ ဦးနှောက်ပါတယ်။ သူ့အရွယ်နဲ့စာရင် ကြီးတယ်။ လူတွေထက် အနံ့ခံအား ပိုကောင်းတယ်။ • ဝါရှင်တန်တက္ကသိုလ်သုတေသနအရ Green lizard အစိမ်းရောင်ပုတ်သင်ဟာ ဦးနှောက်အသေးဆုံးရှိတဲ့ အကောင်လို့ သိရတယ်။ Green anole ပုတ်သင်က အရောင်ပြောင်းတယ်။ အညိုရောင်လဲဖြစ်နိုင်တယ်။ • ဦးနှောက်-ကိုယ်ခန္ဓာအချိုးအစားတိုင်းတာနည်းရှိတယ်။ ကိုယ်ခန္ဓာကြီးတိုင်း ဦးနှောက်ကြီးတယ်ဆိုတာ ယေဘုယျသာ မှန်တယ်။ ဥပမာ ဆင်ဆိုရင် ဦးနှောက်အရွယ်က ကိုယ်အရွယ်အစားနဲ့ မမျှဘူး။ အသိဥာဏ်ကတော့ ကောင်းပါတယ်။ • Dolphins ဒေါ်လဖင်တွေမှာ ဦးနှောက်-ကိုယ်အလေးချိန်အချိုးအစားမှာ အမြင့်ဆုံးဖြစ်လို့ ဆင်တွေလိုပဲ ဥာဏ်ကောင်းတယ

Adult questions အရွယ်ရောက်သူများ မေးခွန်း

Image
Q: ကန်တော့ပါဆရာ။ ကျမအသက်က ၂ဝ ပါ။ အိမ်ထောင်သယ်ပါရှင့်။ ခန္ဓာကိုယ်က အရင်တိုင်းပဲ ဖွံ့ဖြိုးသင့်တဲ့နေရာ မဖွံ့ဖြိုးလို့ပါဆရာ။ ယောက်ျားနဲ့ဘာညာကိစ္စတွေလည်း စိတ်မပါဖြစ်နေလို့ပါဆရာ။ သူငယ်ချင်းတွေကတော့ ဟော်မုန်းဓာတ် အရမ်းနည်းနေလို့တဲ့။ ဟော်မုန်းဆေးသောက်ပေးလို့တော့ ပြောပါတယ်ဆရာ။ အဲ့ဒါ ဘယ်လိုဆေးမျိုး သောက်ရမလည်း ညွှန်ကြားပေးပါလားဆရာ။ နေတာက့ မှာပါရှင့်။ မရိုမသေမေးမိတဲ့အတွက်လဲ ကန်တော့ပါဆရာ။  A: လိင်စိတ်နည်းတာလား။ အခုမှလား။ အိမ်ထောင်ကျကတည်းကလား။ ရင်သားနဲ့ တင်က သူများနဲ့မတူတာလား။ ဆေးစစ်ဖူးလား။ ရာသီမှန်သလား။ Q: တားဆေးသောက်။ လိင်စိတ်နည်းတာ အိမ်ထောင်စကျတည်းကပါရှင့်။ ရာသီကမှန်ပါတယ်။ ဆေးတခါမှ မစစ်ဖူးပါဘူးရှင့်။ တခါတလေ အရေးပေါ်တားဆေးတွေသောက်ပါတယ်။ အစကဆေးထိုးမလို့ပါရှင့်။ ဒါပေမယ့် ဆေးထိုးပြီးရင် အရမ်းဝလာမှာကြောက်လို့ မထိုးဖြစ်သေးတာပါ။ သမီးအဓိကသိချင်တာကလေ၊ ကန်တော့ပါဆရာရယ်၊ ရင်သားတွေ၊ တင်သားတွေ မဖွံ့ဖြိုးလို့ပါ။ ဟော်မုန်းဆေးတွေသောက်ရင် ဖွံ့ဖြိုးတယ်လို့ကြားဖူးလို့ပါဆရာ။ တကယ်လို့ အဲ့ဆေးတွေရှိရင် ညွှန်းပေးပါလားဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ A: မိန်းကလေးတွေမှာ သူများထက်ထူးပြီး ရင်သားသေးငယ်စေတဲ့အေ

Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ

Image
သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထား၊ “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တညတာ စခန်းသွား” နေကြလို့ အချစ်ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။ ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine ချစ်သူများနေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။ ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ ချစ်သူများနေ့ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။” Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့

Breast Massage ရင်သား နှိပ်နယ်ခြင်း

Image
ဆရာရေးတဲ့ ဆောင်းပါးတွေထဲက Large breast ဖြစ်အောင်ရေးထားတဲ့ ဆောင်းပါးကို ဖတ်ပြီးပါပြီ။ အဲ့ဒီ့ အထဲက Olive သံလွင်ဆီနဲ့ လိမ်းရမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် တစ်ကြိမ်လုပ်ရင် အချိန်ဘယ်လောက်ထိကြာအောင် လုပ်ရမလဲ ဆိုတာ မသိလို့ပါ။ ပြီးတော့ ရေမချိုးခင် လုပ်ရတာလား၊ လုပ်ပြီး အချိန်ဘယ်လောက်ကြာကြာနေရမလဲ၊ ပြီးတော့ Breast ကြီးအောင်လုပ်ဖို့ အချိန်ကာလ ဘယ်လောက်ထိ လုပ်ရင်ရလဲဆိုတာ သိချင်လို့ပါဆရာ။ အမျိုးသမီးတွေ (ဘရာ) ကို အကြာကြီးဝတ်ထားရတာ ကျန်းမာရေးအရပြောရရင် သိပ်မကောင်းပါ။ တင်းကျပ်တာဆို ပိုဆိုးတယ်။ လေသလပ်တာ၊ အပေါ်ယံချွေးထွက်တာ နည်းစေယုံမက အထဲက သွေးပြန်ရည်စနစ် ကောင်းကောင်း မလုပ်ရရင် သွေးထဲက မကောင်းတာတွေ စွန့်ထုတ်တာကို နည်းစေတယ်။ ညအိပ်ချိန်မှ အတွင်းခံမဝတ်ဘဲအိပ်တာဟာ အဖြူဆင်းခြင်းမှာ မှိုရောဂါသက်သာစေတယ်။ အတွင်းခံမှန်သမျှ လှတာ၊ ဆန်းတာ၊ Sexy ဖြစ်တာအပထား ချည်ထည်က အကောင်းဆုံးဖြစ်တယ်။ ရင်သား နှိပ်နယ်ခြင်း Breast Massage ရဲ့ ရည်ရွယ်ချက်က ရင်သားကို သူ့သဘာဝအတိုင်း ဖွံ့ထွားလာမှာကို လှုံ့ဆော် အရွယ်အစားအားပေးဘို့ အဓိကဖြစ်တယ်။ ရလဒ်ကတော့ တခုမကပါ။ Sကြီးထွားစေဘို့သာမကဘဲ သွေးလှည့်ပါတ်တာ၊ သွေးပြန်ရည်လှည့်ပတ်တာ၊ အာရုံခံတာတွေကိုပါ

Nirvana Buddha လျောင်းတော်မူ

Image
• ပဲခူးက ရွှေသာလျောင်းဘုရားကို ရောက်ဖူးတယ်။ အတော်ကြာပါပြီ။ မရောက်ဖူးသေးတဲ့ မုဒုံမှာ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးရှိသတဲ့။ လျောင်းတော်မူဘုရား တဆူတည်ရှိရာ မုံရွာ၊ ဗောဓိတထောင်ကိုတော့ လျောင်းတော်မူ ဘုရားရော လက်ရှိကမ္ဘာ့အမြင့်ဆုံးလို့ဆိုတဲ့ ရပ်တော်မူဘုရားကြီးပါ မတည်မီကသာ ရောက်ဖူးတယ်။ • သုံးခေါက်ရောက်ဖူးပြီးဖြစ်တဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရာ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ (ကူစီနဂါး) မှာရှိတဲ့ ရုပ်ပွါးတော်ဟာ လျောင်းတော်မူပုံဖြစ်တယ်။ အဲတာကိုနမူနာယူပြီး၊ ကမ္ဘာအရပ်ရပ်မှာ လျောင်းတော်မူ ရုပ်ပွါးတော်တွေကို တည်ထားကိုးကွယ်ကြာတာဖြစ်တယ်။ • မြတ်စွာဘုရား လျောင်းတော်မူပုံတော်တွေက နှစ်မျိုးရှိတယ်။ နှစ်မျိုးလုံးဟာ Medical Body Positions ဆေးပညာသုံး ကိုယ်အနေအထားတွေ (Supine, Prone, Dorsal Recumbent, Lithotomy, Knee-chest, Sims', Trendelenburg, Modified Trendelenburg, Sitting, Fowler's) ထဲမှာ မပါဘူး။ • ပြီးခဲ့တဲ့ရသတ္တပတ်အဆုံးရက်တွေမှာ ဝါရှင်တန်ဒီစီကို အလည်ရောက်တော့ ကိုဇော်ဝင်းနဲ့ မစုမွန်တို့အိမ်မှာ ခေတ္တခဏ နားကြတယ်။ သူတို့နဲ့ လူချင်း တခါမှမဆုံးဖူးသေးပေမယ့် အလွန်ကိုဖေါ်ရွေကြတယ်။ ကိုဇော်ဝင်းက ဖေ့စ်

Construction in front of my house

Image
- ကနေ့ ပုလဲမြို့ ပါရမီရပ်က ဆေးခန်းနဲ့ နေအိမ်လေး သန့်ရှင်းရေးလုပ်ပေးကြသူတွေ လက်ဆုံစားထမင်းဝိုင်းနဲ့ အဆုံးသတ်ကြပြီတဲ့။ - တယောက်က ကွန်မင့်မှာရေးပါတယ်။ ဆရာ့အိမ်ရှေ့က သာအေးကောင်းမှုဆိုတာကြီးကတော့ သဘောမခွေ့လှပါဘူးဗျာ။ - စစ်ကိုင်းတိုင်းမှူး (အခုစစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်) ဦးသားအေးက ကျွန်တော့်အိမ်ရှေ့တည့်တည့်မှာ ရေကန်တခု လာဆောက်ထားပါသတဲ့။ - ရေစက်တော့ မဆုံပါရစေနဲ့။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂ဝ၁၅ (မြန်မာရက်စွဲ)

Kinwunmingyi U Kaung ကင်းဝန်မင်းကြီးဦးကောင်း

Image
(ကွန်မင့် သစ်တခု) = ဧရာဝတီစာပေပွဲဆိုလို့ ကျနော်လည်းရောက်ဖြစ်တယ်ဆရာ။ ဒေါက်တာစိုးလင်း (ရတနာပုံ) က ကင်းဝန်မင်းကြီး ဦးကောင်းအကြောင်း စာတမ်းဖတ်တယ်ဆရာ။ အဲဒီမှာ ဆရာရယ်၊ အခုသမဝန်ကြီးဦးကျော်ဆန်းရယ်က၊ ဦးကောင်းရဲ့အနွယ်တော်တွေလို့ ပြောတယ်။ (ကွန်မင့် ဟောင်းတခု) = သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော် နိုင်ငံရေးစနစ်ကို အကောင်ထည် ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ၊ တိုင်းပြည်ကိုတိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာ စာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။ အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ (ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။) အရင်က (မုံတိုင်ပင်) လို့ ရာဇဝင်-သမိုင်းစာအုပ်ဟောင်းတွေမှာရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့ အမျိုးဆိုတာကို နည်းနည်းတော့ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁ဝ တန်းတုံးက ကဗျာလေးစာလေးရေးတုံးက ကင်းဝန်နွယ် ဘာညာဆိုပြီး ကလောင်နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်ကပန်းချီဆွဲပြီး၊ မြန်မာ

31-3-2015 My house and clinic in Pale being cleaned (live reporting)

Image
ကနေ့ ပုလဲမြို့ ပါရမီရပ်က ဆေးခန်းနဲ့ နေအိမ်ကို သန့်ရှင်းပေးကြသူများ ဦးထွန်းသိန်း (ပုလဲ)၊ ဦးမြင့်ကြည် (ပုလဲ)၊ ဦးအောင်တင့် (ပုလဲ)၊ ဦးမြင့်ဝင်း (ပုလဲ)၊ သူရအောင် (ပုလဲ)၊ သန့်ဇင်အောင် (ပုလဲ)၊ ကိုထူး (ပုလဲ)၊ ကိုထက် (ပုလဲ)၊ ထွန်းပုလဲ (ပုလဲ)၊ ဒေါ်ခင်သန်း (ပုလဲ)၊ ဒေါ်အောင်သန်းကြွယ် (ပုလဲ)၊ ဒေါ်ခင်ခင် (ပုလဲ)၊ ဦးစိန်မောင် (ရိုး)၊ ဦးခင်မောင်သိန်း (နွယ်ရှောက်)၊ ကိုမြင့်ငွေ (နွယ်ရှောက်)၊ ထွန်းနိုင်ဌေး (နွယ်ရှောက်)၊ ကိုပေါပြည့်အောင် (နွယ်ရှောက်)၊ ဦးကံ (ရိုး)၊ ဦးစိန်မောင် (ရိုး)၊ ဦးမြင့်ငွေ (ရိုး)၊  ဦးဖုန်းကျော် (ရိုး)၊ ဦးနေလင်း (ရိုး)၊ ဦးဖိုးတုတ် (ရိုး)၊ ဦးမင်းနိုင်ထွေး (ရိုး)၊ ကိုဇေယျာညွန့်နိုင် (ကျောက်ကန်)၊ ဦးချိုဆန်း (ကျောက်ကန်)၊ ဟိန်းဟိန်းအောင် (မုံရွာ)၊ ဥဂ္ဂါလင်း (မုံရွာ)။ ဦးမိုး (လပုကန်) ဦးအောင်လင်း(ပုလဲ)။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂ဝ၁၅ (မြန်မာရက်စွဲ)

30-3-2015 My house and clinic in Pale is being cleaned right now

Image
ပုလဲက ကျွန်တော့်နေအိမ်နဲ့ဆေးခန်းပျက်ကို ရပ်ရွာမှာ မီးရေးထင်းရေးစိုးရိမ်ရလို့ အမျိုးတွေနဲ့ ရပ်ဆွေရပ်မျိုးတွေက သန့်ရှင်းရေး လုပ်နေကြတာကို ဖေ့စ်ဘွတ်ကနေ တိုက်ရိုက်ပုံတွေတင်နေတာတဲ့။ သန့်ရှင်းကျန်းမာကြပြီးသကာလ ရန်သူမျိုးမှန်သမျှက ကင်းဝေးကြပါစေ။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၅

‎My colleagues and me လုပ်ဖေါ်ကိုင်ဖက်များ

Image
ခုချိန်မှာ • တနာရီဘယ်လောက်ရတဲ့အလုပ်သာလုပ်နေမယ်။ • သောက်စရာပါတဲ့ အစည်းအဝေးအပြီးဧည့်ခံပွဲမှာ ဓါတ်ပုံ ဗီဒီယိုအရိုက်ခံရတဲ့အထဲမှာပါနေမယ်။ • နိုင်ငံရေးစကားမပြောတော့သူ၊ သတင်းဆိုရင်နားမထောင်တော့သူဖြစ်နေမယ်။ တချိန်တုံးကတော့ • အဖွဲ့အစည်းအလံတော်ကို ကိုင်ထားတဲ့ဓါတ်ပုံထဲမှာပါခဲ့တယ်။ • တောတွေတောင်တွေထဲမှာ ငပိရည်နဲ့ထမင်းစားခဲ့တယ်။ • ဟောတာပြောတာတွေမှာ အာဘောင်အာရင်းသန်ခဲ့တယ်။ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ • ကဲ့ရဲ့သင်္ဂြိုဟ်ပြုတာခံရနိုင်တယ်။ • သွားလေသူလို့ ကင်ပွန်းတပ်ခံရနိုင်တယ်။ • သာပေါင်းညာစားလို့ သမုတ်ခံရနိုင်တယ်။ ကျွန်တော်ကတော့ • လူကြီးမင်းကို တနှစ်တာ၊ ဆယ်နှစ်တာ၊ အနှစ်နှစ်ဆယ်ကြာ လုပ်တုံးက လုပ်ခဲ့သူရယ်လို့ ဂုဏ်ပြုပါတယ်။ • မြောင်းထဲရောက်မသွားသေးသမျှ လူကြီးမင်းဟာ ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက်ဖြစ်ဆဲပါ။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၅

Bamboo shoot မျှစ် ဘယ်ကမျှစ်လည်း

Image
Nyominlwin Pma ကိုယ့်မြို့အကြောင်းလည်း ကိုယ်ရေးရဦးမည်၊ ပျဉ်းမနားမြို့သည် ၀န်ထမ်းမြို့ဟု မဆလခေတ်က ပြောစမှတ်တွင်သည်။ စီးပွားရေးကြီးကြီးကျယ်ကျယ် ပြောစမှတ်ပြုလောက်အောင်မရှိ၊ သစ်၊ ဝါး၊ တောတောင်များရှိသည်၊ သို့သော် လူတိုင်းလုပ်နိုင်သည့်ကိစ္စမဟုတ်၊ ထိုအထဲမှ မျှစ်၊ မျှစ်ချဉ်ကတော့ လူအတော်များများလုပ်နိုင်သဖြင့်၊ မျှစ်ချဉ်ကောင်းထွက်သည့် မြို့အဖြစ်တော့ အသိအမှတ်ပြုခံရသည်။့ အရင်က တာဝန်နဲ့ ထိုင်းကို ခဏခဏခရီးသွားခဲ့ရဖူးတယ်။ အခေါက်တိုင်း မျှစ်ဝယ်ပါတယ်။ အခွံမခွါရသေးတာရရင် မျှစ်စို့ကြီးတွေကို ကျောပိုးအိတ်မှာ နိုင်သလောက်ထည့်ပြီး သယ်လာပါတယ်။ မာနယ်ပလောခေါ်တဲ့ အတိုက်အခံမှန်သမျှရဲ့ဌာနချုပ်ကိုလည်း ၁၉၉၅ မတိုင်ခင်မှာ သုံးခေါက်ရောက်တယ်။ NCGUB ရုံးမှာ ထမင်းစားရင် မျှစ်ပါတယ်။ ဦးခွန်မားကိုဘန်း (ကယန်း) ရဲ့လက်ရာပေါ့။ ဒေလီမှာနေရတုံးက ပုလဲကအသိတယောက် နေပြည်တော်မှာ တာဝန်ကျနေတယ်။ ကျွန်တော့်ဆီကို လက်ဆောင် ပို့ချင်တယ်ဆိုလို့ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ မျှစ်စိမ်းကပို့မရတော့ မျှစ်တွေကို သူကိုယ်တိုင် လှီးစိတ်ပြီး၊ မျှစ်ခြောက် လုပ်ထားသတဲ့။ အဆင်မသင့်ချင်တော့ ကျွန်တော်က နေရာတခုထပ်ပြောင်းရပြန်လို့ လက်ဆောင်က မရောက်နို

VOA Health Q and A ကျန်းမာရေးနဲ့ဆေးပညာ

Image
• ကျန်းမာရေးနဲ့ဆေးပညာ သိလိုတာတွေကို အမေးအဖြေလုပ်ပေးနေတာ အတော်ကြာပါပြီ။ အရင်ဆုံးတော့ (အီးမေးလ်) ကနေလုပ်တယ်။ အခုနေတဲ့အရပ်ကိုပြောင်းလာတော့ အရင် (အီးမေးလ်) က ပျက်သွားတာမို့ အသစ်လုပ်ရတယ်။ • (ဖေ့စ်ဘွတ်) ပေါ်လာတော့ (မက်ဆေ့ခ်ျ) နဲ့ (ချတ်) ကနေမေးတာတွေကိုဖြေပါတယ်။ (ကွန်မင့်) ကနေမေးတာတော့ တင်ထားတဲ့ (ပို့စ်) နဲ့မဆိုင်ရင် မဖြေပါ။ • အခုအသစ်တမျိုး တိုးပါအုံးမယ်။ VOA အသံလွှင့်ဌာနကနေ မေးလာတွေကို မကြာခင်မှာဖြေပါမယ်။ VOA မှာ ကျန်းမာရေးကဏ္ဍ ရှိနေပြီးဖြစ်ပေမယ့်  အခုအစီအစဉ်က အသစ်ပါ။ အခုဖြစ်နေတာကိုမေးတာမျိုး၊ ရာသီစာ ဝေဒနာတွေ ဖြစ်ပါမယ်။ ဆရာဝန်ကနေ ပြောချင်တာရွေးပြောတာမျိုး မဟုတ်ပါ။ • မေးတဲ့သူနာမည်တော့ ခွင့်ပြုရင်သုံးပါမယ်။ မသုံးစေချင်ရင်တော့ ကြိုတင်ပြောပါ။ နေရပ်ကိုတော့ သိချင်ပါတယ်။ ကူးစက်ရောဂါတွေက နေရပ်လည်းလိုက်ဖြစ်တယ်။ မြန်မာပြည်ကလူတွေ ၃-၄ သန်းမက ပြည်ပထွက်နေကြရလို့ တိုင်းပြည်လည်း သိချင်တယ်။ တချို့ရောဂါတွေက တချို့နိုင်ငံတွေမှာပိုဖြစ်တယ်။ ဆေးညွှန်ရတာလည်း နေရာသိမှ ပိုအဆင်ပြေတယ်။ တချို့တိုင်းပြည်မှာ ဆရာဝန်ဆေးလက်မှတ်ပါမှသာ ဝယ်လို့ရတဲ့ဆေးရယ်လို့ ရှိလို့ပါ။ • လူတွေမှာဖြစ်နေတာအကုန်ကို ပါစေချင်တယ်။ မျိုးပ

Dictated Education အမိန့်ပေးပညာရေး

Image
• မြန်မာထောက်လှမ်းရေးကတော့ - ဝါရှင်တန်တက္ကသိုလ်မှာ သင်္ချာပါမောက္ခလုပ်ရသူကို အလီမရသူလို့ မြက်ခင်းသစ်မှာရေးတယ်။ သင်္ချာဆိုရင် အလီရမှလို့သာ သိပုံရတယ်။ • မြန်မာအာဏာပိုင်တွေကတော့ - မြန်မာရာဇဝင်ဆိုရင် အင်ပါယာထူထောင်နိုင်သူတွေကိုသာ ရုပ်တုကြီးတွေထုတယ်။ အတုယူစရာ မင်းသုံးပါးရှိတယ်။ တရုပ်ပြေးမင်း၊ ကုလာကျမင်းနဲ့ အနောက်ဖက်လွန်မင်းတွေဖြစ်တယ်။ • နေပြည်တော်အနားက ပျဉ်းမနားမှာ - အစက မြင်းရုပ်ကြီးတွေရှိတယ်။ နောက်မှာ ဆင်ရုပ်တွေရောက်လာတယ်။ ဒိနောက်လူရုပ် (ယုတ်) တွေ ရောက်လာပြီလို့ ပြောကြတော့ အဲလိုမပြောရဆိုပြီး အမိန့်ထုတ်ထားတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၅ Photo from Which dictator killed the most people?

University of Hamburg ပညာရေးအားပေးတဲ့အမွေ ဘယ်ကနေရသလည်း

Image
• ၁၉၉ဝ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရပြီးကတည်းက ပြည်တွင်းမှာရော ပြည်ပမှာပါ တဖွဲ့တည်းမှာ လက်တွဲလုပ်ခဲ့တဲ့ ဒေါက်တာစိန်ဝင်းအိမ်ကို မနေ့ကရောက်ပါတယ်။ အိန္ဒိယမှာရေတုံးကတော့ အစည်းအဝေးရှိလို့ (ယူအက်စ်) ကို ၄-၅ ခေါက်ရောက်တယ်။ ရောက်တိုင်း သူ့အိမ်မှာပဲတည်းတယ်။ အဲဒီတုံးက ဆရာစိန်ဝင်းဆီကို သူ့မိသားစုက ရောက်မလာသေးဖူး။ • ၂ဝဝ၈ ဖွဲ့စည်းပုံဖြစ်လာကတည်းက နိုင်ငံတကာခရီးမထွက်နိုင်တော့ပါ။ NCGUB ကိုလည်း ဖျက်လိုက်ရတယ်။ အခုမှသာ ဝန်ကြီးချုပ်ဆီပြန်ရောက် နိုင်တော့ပါတယ်။ • ခုတခေါက် ဝါရှင်တန်လည်းရောက်တော့ မီဒီယာထဲကမိတ်ဆွေတယောက်က NCGUB သမိုင်းကိုရေးပါလို့ နှစ်ခါပြောလာတယ်။ • ဒေါက်တာစိန်ဝင်းအိမ်မှာ ရီစရာမောစရာလည်းပြောဖြစ်တယ်။ မီဒီယာထဲကနောက်တယောက်က ပြောပါတယ်။ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးကောင်းစားစဉ်က ပြည်ပရောက်တွေမကောင်းကြောင်း မုသားစာအုပ်တွေ ထုတ်တယ်။ ဆရာစိန်ဝင်းတို့ပါတီ PND က NLD ကိုအဖျက်ခံရင် အရံပါတီအနေနဲ့ ထောင်ထားတာလို့ ထောက်လှမ်းရေးကသိတယ်။ အဲဒီပါတီကို (အသက်ကယ်ပါတီ) လို့ ထောက်လှမ်းရေးစာအုပ်ကသုံးတယ်။ ဒေါက်တာစိန်ဝင်းက အဲလိုခေါ်တာတော့ သိပ်မနာပါဘူးဗျာတဲ့။ ကျွန်တော့်ကို တစ်အလီတောင် မရတဲ့သူလို့ ရေးတာ နာတယ်

Cannon Soldiers of Burma: A Part of Burmese History Largely Unknown to Its Modern Peoples & the World

Image
• ဂျိမ်းစ်မြင့်ဆွေရေးတဲ့ မြန်မာပြည်ရောက် အမြောက်စစ်သည်များစာအုပ်က ပေါ်တူကီတွေဘယ်တုံးကစပြီး မြန်မာပြည် ရောက်သလည်းစတဲ့ သမိုင်းကြောင်းတွေကို ရေးထားတာဖြစ်တယ်။ • စာရေးသူက ကျွန်တော်တို့ NCGUB ဝါရှင်တန်ဒီစီရုံးမှာ ဒါရိုက်တာ တနှစ်လောက်လုပ်ဖူးတယ်။ မုံရွာက ဘာသာပြန် စာရေးဆရာတယောက်က လိုတယ်ချင်လို့လှမ်းပြောထားတယ်။ • မနေ့က NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းအိမ်ရောက်တော့ အဲဒီစာအုပ်တအုပ်ပေး လိုက်တယ်။ မုံရွာကို ပို့ရအုံးမယ်။ • ဆရာစိန်ဝင်းက စာအတော်ဖတ်တယ်။ ခုတခေါက်သွားတော့ ပါဠိဖတ်နည်းသင်တန်းတက်နေသတဲ့။ • ကျွန်တော်ကတော့ သမိုင်းစာအုပ်တွေ ဖတ်ချင်တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂ဝ၁၅

Fugitive doctor သူပုန်ဆရာဝန်ဘဝ

Image
• မကြာသေးခင်က အတန်းတူသူငယ်ချင်း အသည်းအထူးကုဆရာဝန်တယောက် ဆုံးသွားခဲ့တယ်။ • အခုပဲ အတန်းတူသူငယ်ချင်းကပြောလို့ ကျွန်တော်တို့ (၇) နှစ်တိတိ ဆေးကျောင်းမှာ အတူတက်ခဲ့သူ (၇ဝ) ကျော်ထဲမှာ ၁၅ ယောက်တိတိ ဆုံးသွားကြပြီတဲ့။ ဆုံးတဲ့သူတွေအားလုံးက ယောက်ျားလေးတွေတဲ့။ • စီနီယာတန်းကတယောက် ဒေလီမှာဆုံးသွားတော့ နာရေးကိစ္စကို တတ်နိုင်သလောက်လေးကူညီခဲ့ရတယ်။ • တမြန်နေ့ကသိရတာ စီနီယာတန်းကတယောက် ဆုံးပြန်တယ်။ သူကြီးခေါ် ဒေါက်တာသန်းစိန် ဒေလီ WHO ရုံးမှာ ဒါရိုက်တာလုပ်တုံးက တမြို့ထဲမှာနေပေမယ့် သွားမတွေ့ပဲနေခဲ့တယ်။ ကိုယ့်က သူပုန်ပြည်ပြေးဆရာဝန် ဖြစ်နေလို့ အဲလို အစိုးရအလုပ်ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာဖြစ်ဖြစ်လုပ်နေသူတွေကို တခါမှ မဆက်သွယ်ပဲ ရှောင်ခဲ့ရတယ်။ ကျွန်တော်နဲ့စကားပြောသူတိုင်းမှာ အန္တရာယ်ရှိကြတယ်။ •နှစ်ပေါင်း ၂ဝ ကျော်အတွင်းမှာ စုစုပေါင်း (၁) ယောက်တိတိသာ လူစွမ်းကောင်းရှိခဲ့တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂ဝ၁၅

29-3-2015 Institute of Medicine, Mandalay 1965-72 batch Medical Fellowship Reunion

Image
၁၉၆၅ ကနေ ၁၉၇၂ အထိ (၇) နှစ်တိတိ မန္တလေးဆေးတက္ကသိုလ်မှာ အတူစာသင်ခဲ့ကြတဲ့သူငယ်ချင်းတွေ ပြန်လည်တွေ့ဆုံတဲ့ပွဲကို မတက်နိုင်လို့ စိတ်တော့မကောင်းပေမယ့် အားလုံးကိုသတိရတယ်လို့ အဝေးကနေ နှုတ်ဆက်လိုက်ပါတယ်ချင်းတွေရေ့ ဒေါက်တာတင့်ဆွေ အင်ဒီယာနာပိုးလစ် Photo from Dr. Khin Tint Swe

29-3-2015 Visiting Maryland

Image
၂၉-၃-၂ဝ၁၅ မေရီလင်းရှိတဲ့ ကိုခင်မောင်စိုးမင်းနဲ့ မယုဆွေတို့အိမ်မှာတည်းခိုပြီး အင်ဒီယာနာပိုးလစ်ကိုပြန်မလာမီ။ ဓါတ်ပုံ = ဦးစိန်ဌေး ဝါရှင်တန်နဲ့ မေရီလင်းကိုခရီးသွားရာကနေ အခုပဲ အင်ဒီယာနာပိုးလစ်ကိုပြန်ရောက်ပါတယ်။ ကျန်မိသားစုဝင်တွေက ကိုစိုးမင်း + မယုဆွေအိမ်မှာအိပ်ကြပြီး၊ ကျွန်တော်က ဦးစိန်ဌေးအိမ်မှာ အိပ်ပါတယ်။ အိပ်ယာထပြီး ပြန်မထွက်မီ ငါးချိတ်ပေါင်းမနက်ခင်းစာစားခဲ့ရတယ်။ ဓါတ်ပုံ ဦးစိန်ဌေးဇနီး

28-3-2015 Visiting Marlland

Image
28-3-2015 With my old associates, U Bo Hla Tint and Ko Aung San Myint at Ko Zaw WIn Hlaing (VOA)'s house 28-3-2015 Dr. Tint Swe, Ko Zaw Win Hlaing, U Aung Thein, Dr. Sein Win in Maryland ဦးအောင်သိန်းကတော့ ဒီကမြန်မာမိသားစုတွေကိုပြောတယ်၊ ကျွန်တော်တို့က အတိုက်အခံ မဟုတ်ဘူးတဲ့။ အမြဲတန်းအခံတွေချည်းဖြစ်နေရတယ်တဲ့။ အဲတာပြည်တွင်းအခြေအနေပဲ။
Image
Two anti-military dictatorship brothers from Burma meet again after 25 years in Maryland. My brother Sayadaw and I never discussed to do whatever we could to oppose to military rule but we can be seen together though we reside in different places which may be 1,000 miles away. ကျွန်တော်တို့ညီအကိုနှစ်ယောက် နှစ်အစိတ်မကကြာပြီမတွေ့ကြတာ။ ဘယ်မှာနေနေ မတရားတာကိုရင်ဆိုင်ဆန့်ကျင်တာမှာတူကြတယ်။ နေကြရတာ မိုင်ဘယ်နှစ်ထောင်ဝေးဝေး တိုင်ပင်စရာမလိုပါ။ 28-3-2015 Burmese community in Maryland meet with Sayadaw U Teikhanyana and U Aung Thein. Among them are Dr. Sein WIn and Dr. Tint Swe of NCGUB. ဝါရှင်တန်ဒီစီနဲ့ မေရီလင်းမှာနေထိုင်ကြတဲ့ မြန်မာမိသားစုတွေက အလွန်နွေးထွေးကြတယ်။ ရေဒီယိုတွေမှာလုပ်ကိုင်နေသူတွေ + အက်စတစ်ဗစ်တွေနဲ့ NCGUB အဖွဲ့ဝင်တွေက ဆရာတော်နဲ့ ဦးအောင်သိန်းတို့ကို တကူးတကလာပြီးတွေ့ကြတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

27-3-2015 Visiting Washington, DC

Image
27-3-2015 Visiting Smithsonian's National Air and Space Museum 27-3-2015 U Teikhanyana, Ko Thein Hteik Oo (VOA) + Ma Thiri Kyaw Win , Ko Zaw WIn, Dr. Tint Swe in Maryland  

7-3-2015 Visiting Washington, DC

Image
ကနေ့ နေ့လည်မှာ ဆရာတော်ဦးတိက္ခဉာဏကို မေရီလင်းပြည်နယ်မှာ ကိုသိန်းထိုက်ဦး (VOA) + မသီရိတို့ နေအိမ်မှာ ဆွမ်းကပ်ပြီး၊ ရှေ့နေကြီးဦးအောင်သိန်းနဲ့အတူ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပါတယ်။ အခုနယူးယော့ကို ခရီးဆက်သွားကြပါပြီ။ Ko Zaw WIn, Daw Mya Mya Aye, Akari Mya Mya Swe, Dr. Tint Swe, Yaza Tint Swe, Pinny Tint Swe Photo by Ma Suu Mon (VOA) ဒေါက်တာတင့်ဆွေ ၂၈-၃-၂ဝ၁၅

28-3-2015 We meet again after over 25 years

Image
၂၇-၃-၂ဝ၁၅ နေ့က ဝါရှင်တန်ဒီစီ၊ VOA အသံလွှင့်ဌာနမှာ လက်ပတောင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ဆရာတော်နဲ့ ကျွန်တာ် နှစ်ပေါင်း ၂၅ ကျော်ကြာမှသာ ပြန်ဆုံဖြစ်ကြတယ်။ ဦးတိက္ခဉာဏက ကျွန်တော့်ညီဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂ဝ၁၅

Increment တိုးတက်လာတဲ့မြန်မာပြည်

Image
• မြန်မာပြည်မှာ အစိုးရဝန်ထမ်းတွေ လစာတိုးသတဲ့။ • ကျွန်တော့်ဘဝမှာ အစိုးရလစာ ပထမဆုံးရတာ အလုပ်သင်ဆရာဝန် (ဟောက်ဆာဂျင်) ဖြစ်တော့ တလမှာ ၂၁ဝ ကျပ်ရတယ်။ • အငယ်တန်းလက်ထောက်ဆရာဝန်က ၃၂ဝ ကျပ်။ လက်ထောက်ဆရာဝန်ကနေ မြို့နယ်ဆရာဝန်ဖြစ်တော့ ၄၅ဝ ကျပ်ရခဲ့တယ်။ လုပ်သက် ၁၅ နှစ်မှာ ၇ဝဝ ကျပ်ရခဲ့တယ်ထင်တယ်။ • လူနာတယောက်ကို ဆေးတလုံးထိုး (တခါလာပြ) ၃ ကျပ်ယူတယ်။ နောက် ၅ ကျပ်၊ နောက်ဆုံးထွက်လာကာနီး ၁ဝ ကျပ်။ လစာနည်းဝန်ထမ်းတွေလာပြရင် ၅ ကျပ်ယူခဲ့တယ်။ • ရွှေတကျပ်သား ၃ဝဝ ခေတ်ကိုမှီတယ်။ စစ်ကိုင်းဆေးရုံမှာတာဝန်ကျတော့ ရွှေတကျပ်သား ၃ ထောင်။ မြန်မာပြည်က ထွက်လာတော့ ရွှေတကျပ်သား ၃ သောင်းခေတ်ကပါ။ ဒေါက်တာတင့်ဆွေ ၂၆-၃-၂ဝ၁၅

Resistance Day speech

Image
တော်လှန်ရေးနေ့ ကာချုပ်မိန့်ခွန်း (သို့) ကိန်းဂဏန်များကပြောတဲ့ မြန်မာ့သမိုင်း • ကျွန်တော် ၁၉၉ဝ ရွေးကောက်ပွဲက ကိန်းဂဏန်းတွေကိုအလွတ်ရတယ်။ တနှစ်တခါ IPU မှာသွားပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံနေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း တင်ပြနေခဲ့ရလို့ပါ။ ထောင်ထဲမှာ ကျန်သေးသူတွေ၊ ထောင်ထဲမှာသေသွားသူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုးအလျော့ ကိန်းဂဏန်း အတိအကျနဲ့ တင်ပြပါတယ်။ • ၁၉၉ဝ ရွေးကောက်ပွဲရလဒ်တွေကိုလဲ အလွတ်ရွတ်နိုင်ပါတယ်။ နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁ဝ ပါတီ။ ကိုယ့်ဖါသာဖျက်တာက ၁ဝ၂ ပါတီ၊ အစိုးရကနေ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်နေတာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင်ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။ • အနိုင်ရတာမှာ NLD က ၃၉၂ နေရာ၊ ဒုတိယလိုက်တာက SNLD ၂၃ နေရာ၊ တတိယက ALD ၁၁ နေရာ၊ NUP တစည က ၁ဝ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။ • ၂ဝ၁ဝ ရွေးကောက်ပွဲကို စာရင်းဇယားနဲ့တော့ မှတ်မထားပါ။ ၂ဝ၁၂ တော့သိတယ်။ • အမျိုးသားညီလာခံ သမိ

Health education ကျန်းမာရေးပညာပေး

Image
ကျွန်တော် အရင်တာဝန်ထမ်းခဲ့ဖူးတဲ့အရပ်ဒေသမှာ ကျွန်တော်နဲ့တွဲလုပ်ခဲ့သူတွေကနေ ကျန်းမာရေးအတွက် ဆက်ပြီး ဆောင်ရွက်နေကြတဲ့ သတင်းနဲ့ဓါတ်ပုံတွေ့ရတယ်။ (၁) ပုလဲမြို့နယ် မင်းတိုင်ပင် R.H.C အိုင်းမကျေးရွာမှာ ဝမ်းလျှော/ပျက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း အခမဲ့ဆေးဝါးကုသခြင်းလုပ်ငန်းမျးဆောင်ရွက်နေစဉ် ပုလဲမြို့နယ်ကို ထားရစ်ခဲ့ပြီး တဖက်နိုင်ငံမှာနေခဲ့ရတုံးကလည်း အဲလိုကျန်းမာရေးအသိပညာပေးခဲ့တာကိုလည်း အမှတ်ရနေမိနေတယ်။ (၂) ၃ဝ-၉-၂ဝဝ၈ နယူးဒေလီ Hastal အရပ်မှာနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို စိတ်ကျန်းမာရေး ဟောပြောခဲ့စဉ် ဒေါက်တာတင့်ဆွေ ၂၅-၃-၂ဝ၁၅ Photo (1) from Kaung Kin Pyar, Mingdaingbin Photo (2) by Yamuna clinic staff, New Delhi

Light for Education ပညာဆီမီး ထိန်ထိန်ညီး

Image
မုံရွာက တူတယောက်ကတင်ထားတယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း ဖယောင်းတိုင်ကို ကျုပ်တို့ မစွန့်လွှတ်နိုင်ဘူး။ နောက်တယောက်လည်း မုံရွာမှာ မိုးတွေရွာလို့ မီးပျက်သတဲ့။ • ပညာဆီမီးဆိုတာ တယ်မှန်တာပဲ။ • ကျွန်တော်တို့ ငယ်ငယ်တုံးက ၅ တန်းကစပြီး၊ တညမှာ ဖရောင်းတိုင်တချောင်းကုန်အောင် စာကြည့်ရတယ်။ အဖေချမှတ်ထားတဲ့ စာကြည့်စည်းကမ်းအရပေါ့။ အဲဒီတုံးက ဖရောင်းတိုင်တချောင်းကုန်ရင် တနာရီပဲ။ စံချိန်ကိုက်။ • တော်လှန်ရေးကောင်စီတက်ကာစက ဖရောင်းတိုင်ဝယ်လို့ရသေးတယ်။ အဝယ်ရခက်လာတော့ ရေနံဆီမီးခွက်နဲ့ စာကြည့်ရတယ်။ (မဆလ) ခေတ်ဖြစ်လာတော့ ရေနံဆီပါရှားကုန်ရော။ • လျှပ်စစ်မီးသွယ်နိုင်လာတော့ အိမ်မှာ နယ်ကနေကျောင်းလာတက်ကြတဲ့ ကျောင်းသားတွေကလည်းများတော့ အခန်း နှစ်ခန်းကြားကထရံမှာ လေးထောင့်ပေါက်ဖေါက်ပြီး၊ ၂ ပေမီးချောင်းလုပ်ပေးထားတယ်။ နှစ်ခန်းလုံး မီးလင်းအောင်လို့။ မီတာကြေးက တယူနစ်ကို ၆၅ ပြား။ • အတန်းကြီးလာတော့ စာဖတ်စရာတွေများလာလို့ တညတနာရီနဲ့မရတော့ဘူး။ မီးပျက်တာသိပ်မများလို့ ဆယ်တန်းကို ရှောရှောရှူရှူအောင်ပါတယ်။ • နောက်ပိုင်းကျောင်းသားတွေမှာ ကျွန်တော်တို့ထက် ဆန်းပြားလာတယ်။ ဘက်ထရီမီးတို့၊ အင်ဗာတာတို့၊ ဆိုလာတို့ ပေါ်လာတာကိုး။ • မီးမပါ

27th March 1945 Anti-Fascist Resistance Day

Image
နက်ဖြန် ဖက်ဆစ်ကို တော်လှန်ကြမယ်။ ပုံ (အောင်ဆန်း) စစ်သေနာပတိ ဖက်ဆစ်တော်လှန်ရေးမြန်မာ့တပ်မတော် မကွေးတိုင်း၊ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ၊ ဒေါက်တာတင့်ဆွေ ၂၆-၃-၂ဝ၁၅ Photo from Paukkalay Tayet

PLA holds night live-fire drills near border with Myanmar

Image
• တရုပ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ တရုပ်-မြန်မာနယ်စပ်မှာ ကျည်အစစ်သုံးစစ်ရေးလေ့ကျင့်မှုလုပ် • ပုံနှိပ်ထုတ်ဝေတဲ့ South China Morning Post သတင်းစာမှာ ဖေါ်ပြထားတာကို ဒေသစံတော်ချိန် ၂၆-၃-၂ဝ၁၅ နေ့ နံနက် ၂ နာရီ ၂ဝ မိနစ်က ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ သတင်းဖြစ်ပါတယ်။ • People's Liberation Army ခေါ် တရုပ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကနေ တိုက်ပွဲတွေဖြစ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာ အဲလိုစစ်ရေးလေ့ကျင့်မှုလုပ်တာကို China Central Television တီဗွီဌာနရဲ့ စစ်ရေး (ချယ်နယ်) ကနေ အင်္ဂါနေ့ညက ထုတ်လွှင့်လိုက်ပါတယ်။ အမှတ် (၁၄) Army Corps ရဲ့ တပ်ရင်းတခုကနေ လတ်တလောပြုလုပ်ခဲ့တဲ့ Large-scale live-fire drill အကြီးစား ကျည်အစစ်သုံး စစ်ရေး လေ့ကျင့်မှုလို့ ဖေါ်ပြခဲ့ပါတယ်။ တပ်တွေရဲ့ Combat readiness at night ညပိုင်းမှာ အသင့်ရှိနေမှုအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သားတွေဟာ flamethrowers မီးထွက်စစ်လက်နက်တွေ ကိုင်ဆောင်ထားတာကို မြင်တွေ့နိုင်ပါတယ်။ • တရုပ်လူမျိုး ဝေဖန်သူတွေက ဒီလိုလုပ်ရတာဟာ သူ့နိုင်ငံသားတွေက မြန်မာစစ်လေယာဉ်ကနေ ဗုံးချလို့ လူတွေ သေကျေတဲ့အပေါ်မှာ အစိုးရကနေ လုံလောက်တဲ့အရေးယူဆောင်ရွက်မှုမလုပ်ဖူးလို့ဝေဖန်မှုတွေကို ပြေငြိမ်းစေဖို့

Courtesy မသင့်ဘူးဆိုတာပဲ ခေါ်ချင်ပါသလား

Image
Tint Swe: How to address people အမည်သညာခေါ်စရာကား Comment: ဒါက ဒီလောက်တောင်အခက်တွေ့စေသလား။ • နမူနာတွေကို အရင်စာတွေထဲမှာ ရေးဖူးပါတယ်။ • အရပ်ထဲမှာ ဘယ်လိုခေါ်ခေါ် ထူးသင့်ရင်ပြန်ထူးမှာပါ။ စာနဲ့ဆိုရင် သင့်မြတ်တာကိုသာ ရေးသင့်ပါတယ်။ • ပြောသလိုမရေးလည်း ဘာမှတော့ လုပ်မရပါ။ မေးခွန်းနားလည်ရင်တော့ ဘယ်လိုခေါ်ခေါ် မဖြေတာရယ်လို့ မရှိပါ။ ဆရာမလို့ခေါ်လည်း ဖြေရတာာပါပဲ။ • ဒေလီမှာ အကြမ်းမဖက်လှုပ်ရှားမှုသင်တန်းတခုမှာ သင်တန်းသားတွေကို ကိုယ့်ကို ဘယ်လိုအခေါ်ခံရတာကို မကြိုက်ဆုံးလည်းလို့ သင်္ခန်းစာတခုလုပ်တယ်။ ချင်းအမျိုးသား တယောက်ကနေ (ချင်းပုပ်) လို့ခေါ်ခံရင် မကြိုက်ဆုံးလို့ ပြောတယ်။ အဲဒီနောက် ဘယ်သူကမှ (ချင်းပုပ်) လို့ မခေါ်ကြတော့ပါ။ ဒေါက်တာတင့်ဆွေ ၂၅-၃-၂ဝ၁၅

Lack of Sunlight may Cause Myopia

Image
နေအလင်းရောင်နည်းလို့ မျက်စိမှုံကြရတယ် • Myopia (မိုင်အော့ပီးယား) ခေါ်တဲ့ အနီးမြင် (အဝေးမှုံ) ဖြစ်တာကို လွန်ခဲ့တဲ့ နှစ် ၃ဝ ကြာ ဆန်းစစ်လေ့လာလို့ သိရတာဖြစ်ပါတယ်။ တချို့နေရာဒေသတွေမှာ ၈ဝ-၈၉% အထိများတယ်။ • စာသင်ခန်းတွေမှာ အလင်းရောင် မလုံလောက်တာက အကြောင်းတချက်ဖြစ်တယ်။ • နေရောင်မလုံလောက်သူတွေမှာ ဗီတာမင် (ဒီ) လည်းနည်းလို့ Rickets အရိုးပျော့ရောဂါလည်း ရစေနိုင်တယ်။ • စင်္ကာပူ၊ တိုင်ဝမ်နဲ့ တရုပ်ပြည်တွေမှာ (မိုင်အော့ပီးယား) ဖြစ်နေတာ ကပ်ရောဂါလိုပဲ။ အနောက်နိုင်ငံတွေမှာလည်း ဖြစ်နှုန်းတိုးလာနေတယ်။ ဘာလို့အဲလိုမှုံကြသလည်း လေးလာမှုတွေ အနှစ် ၁၅ဝ ရှိပေမယ့် တိတိကျကျမသိရသေးပါ။ • နေရာင်အရနည်းတဲ့ ဆောင်းရာသီမှာပိုဆိုးတယ်။ စာသင်ခန်းထဲမှာ အချိန်ပိုကြာတဲ့ကျောင်းသားတွေမှာ ပိုဖြစ်တယ်။ • နောက်ဆုံးတွေ့ရှိချက်အရ ဗီတာမင် (ဒီ) နည်းတာထက် နေအလင်းရောင်နည်းတာကြောင့် (မိုင်အော့ပီးယား) ပိုဖြစ်တာကို သိလာရတယ်။ • အဲတာကြောင့် ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က အနီးမှုံဖြစ်နေတယ်လို့ ပြောရတော့မယ်။ • တဖက်သပ်စွပ်စွဲတာ မသင့်ပါ။ မျိုးဗီဇကြောင့်လည်း ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၅-၃-၂ဝ၁၅

Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ

Image
၁။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မက ဒီနေ့မှာကိုယ်ဝန် ၁၈ ပတ်ပြည့်ပါတယ်။ အစားအသောက်၊ အနေအထိုင်နဲ့ ပတ်သတ်ပြီး သိလိုတာ အချို့ကို မေးမြန်းခွင့်ပြုပါရှင်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းမစားသင့်ဘူးလို့ ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကောက်ညှင်း နှစ်ကြိမ်စားမိပါတယ်ရှင်။ ကောက်ညှင်းစားတာက ကလေးကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်မလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ်ရှင်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန် အိပ်စက်တဲ့အခါ ပက်လက်အနေအထား လုံးဝအိပ်လို့မရဘူုးလို့လည်း ပြောကြပါတယ်ရှင့်။ ကျွန်မအနေနဲ့ ဘေးတစောင်းအိပ်တာ ပိုများပေမယ့် တခါတရံမှာ အဆင်မပြေတာကြောင့် ပက်လက်အနေအထား အိပ်မိတာတွေရှိပါတယ်။ အဲ့ဒီလို ကိုယ်ဝန်ဆောင်ချိန် ပက်လက် အနေအထား အိပ်စက်မိတဲ့အခါမှာ ကလေးကို ထိခိုက်နိုင်ပါသလားရှင်။ ၂။ ဆရာ သမီးနာမည်က့ ပါ။ ကိုယ်ဝန်က ၄ လရှိပါပြီ။ သူများတွေကပြောတယ် နွားနို့သောက်ရင် အထဲကကလေး မွေးလာရင် အသားဖြူ တယ်ဆိုတာဟုတ်ပါသလားဆရာ။ ၃။ ကျွန်မအသက်က၂၃ နှစ်ပါဆရာ အခုကိုယ်ဝန် လွယ်ထားပါတယ်ဆရာ။ မီးတွင်းထဲမှာ ဘယ်လို နေထိုင်သင့်လဲဆိုတာ သိချင်လို့ပါဆရာ။ လူကြီးတွေကပြောတယ် တစ်လတိတိ ခေါင်းမလျှော်ရဘူး ပြောတော့တော်တော်စိတ်ညစ်ရပါတယ်။

How to address people အမည်သညာခေါ်စရာကား

Image
• အမျိုးမတော်ပဲနဲ့ တဖက်လူကို အကို၊ ဦးလေး၊ အဘ၊ စဖြင့်ခေါ်တာနဲ့ ကိုယ့်ကိုယ်ကို သမီး၊ သားလို့ ပြောတာမျိုးဟာ ကျွန်တော့်အတွက်တော့ အခက်အခဲရှိပါတယ်။ • ကျန်းမာရေးမေးလာသူတွေကနေ ကိုယ့်ကိုယ်ကို သမီးလို့ရေးလာရင် ဖြစ်နေတာက ရေးတဲ့သူကိုယ်တိုင်လား၊ သူ့သမီးလား၊ သူ့မြေးမလေးလား ထင်နိုင်တယ်။ အဲလိုစဉ်းစားရတာ ၉-၁ဝ ခါရှိပါပြီ။ • ဆရာဝန်ကို ဦးလေးလို့ခေါ်ပြီး သူ့ဦးလေးအကြောင်းကို မေးနေတာလဲ ဝေခွဲရခက်ပါတယ်။ • ကိုယ့်ကိုယ်ကို သမီးလို့သုံးနေသူတွေမှာ သားသမီးရတဲ့ အချိန်ရောက်တာတောင်မှ အပြောင်းရခက်ကြပုံရတယ်။ မျက်စိအောက်မှာတင် ကလေးအမေဖြစ်သွားတဲ့သူတွေကလဲ သူ့တို့ကိုယ်သူတို့ သမီးလို့ပြောတုံးပဲ။ အဲဒီသဘာဝကိုတော့ ပြောစရာမရှိပါ။ ကျွန်တော့်ကို ရေးလာ၊ ပြောလာရင်တော့ ဂွကျတယ်။ • မနေ့ပဲ ယောက်ျားတယောက်လာလည်တယ်။ သူ့ကိုယ်သူသားလို့ပြောတယ်။ သူ့သားက ၅ နှစ်ရှိပြီတဲ့။ • ဆရာလို့သုံးတာက အရွယ်မရွေး၊ ကျား-မ မရွေးတင့်တယ်ပါတယ်။ လေးစားရာကျတယ်။ ယဉ်ကျေးတယ်။ • ဆရာကြီးဆိုရင်တော့ မမှန်ပါ။ ဆရာဝန်လောကမှ အထူးကုတွေကိုမှ ကြီးထည့်လေ့ရှိလို့ပါ။ ကျွန်တော်က ရိုးရိုးဆရာဝန်ပါ။ • ပိုဆိုးတာက အဘလို့ခေါ်တာဖြစ်တယ်။ ကျွန်တော် အသက်ငယ်ချင်လို့မဟုတ်ပါ။ ဖေ့စ်ဘွတ်မှာ

Medical students အညာရပ်ကျေး ဆေးကျောင်းသားများ

Image
• မန္တလေးဆေးကျောင်းတက်ရတော့ မြန်မာပြည် အထက်ပိုင်း မြို့နယ်အစုံက ကျောင်းလာတက်ကြတဲ့ သူငယ်ချင်းတွေ ရလာတယ်။ ရှမ်း၊ ကချင်နဲ့ ချင်းပြည်နယ်ကကျောင်းသားတွေလည်းပါတယ်။ • အခုပုံလေးကို သူငယ်ချင်းဆီကရတာ။ ပခုက္ကူ၊အုပ်စုရဲ့ပုံ။ သူတို့တတွေက ကျွန်တော်တို့ မုံရွာအုပ်စုနဲ့ မတူတာက သူတို့က အဲလိုစုစည်းမှုပိုရှိတာဖြစ်တယ်။ မြင်းခြံ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်ကနေ ကျောင်းလာတက်သူတွေပါတယ်။ • သူတို့မှာ နောက်ထပ်တူတဲ့အချက်လေးတွေရှိတယ်။ စကားပြောတာ တချို့အသံထွက်တွေက ကျွန်တော်တို့နဲ့ မတူကြဘူး။ အရိုးခံနဲ့ တောဆန်ကြတယ်။ ပွင့်လင်းတယ်။ ဆရာတင်မိုးအရပ်ကလူတွေပေါ့။ • ကျွန်တော်တို့ မုံရွာသားတွေကို ရွာသစ်ကြီးသားက မှတ်ချက်ပေးတာတခုရှိတယ်။ မင်းတို့မုံရွာသားတွေမှာ တူကြတာ သုံးချက်ရှိတယ်တဲ့။ ပန်းချီဆွဲတယ်။ ဈေးအလွန်ဝယ်တယ်။ ကားမောင်းရင် အမြန်မောင်းကြတယ်တဲ့။ ကိုဌေးလှိုင် (ကွယ်လွန်) နဲ့ ကျွန်တော့်ကိုကြည့်ပြောတာ။ • ဒီအုပ်စုနဲ့ မုံရွာအုပ်စုက အတော်နီးစပ်တယ်။ အညာသားအစစ်၊ တောသားအစစ်တွေဆိုပိုရင်းနှီးကြတယ်။ • အခုဓါတ်ပုံပို့သူဆိုရင် အထူးခြားဆုံးပဲ။ သူ့အပြောနဲ့ အကျင့်စရိုက်တွေက ဘယ်တော့မှ မမေ့နိုင်တာတွေ။ ရီစရာတွေဆို ခုထိကွက်ကွက်ကွင်းကွင်း သတိရတုံးရှ

Provisions လိုအပ်ချက်များ

Image
ဒီအိမ်လေးကလည်း ဆရာ၏အစွမ်းထက်တဲ့ ဓားတစ်လက်ကြောင့် တစ်နယ်လုံးကျန်းမာခဲ့ကြလို့ ဆရာ့ကို မျှော်နေကြပါတယ်ဗျာ။ • ဆေးထိုးအပ်နဲ့ ခွဲစိပ်ဓားလည်းကိုင်ဖူးတယ်။ • ပင်နီတိုက်ပုံနဲ့ ယောလုံချည်လည်းဝတ်ဖူးတယ်။ • ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီလည်းဝတ်ဖူးတယ်။ • အခုတော့ ဝတ်ချင်တာဝတ်ပြီး၊ ကိုင်စရာမပါ လက်ချောင်းလေးတွေသာ အသုံးပြုနေရတယ်။ • နေချင်တဲ့ဆီမှာလည်း မနေရသေးပါ။ • ဓားရောအပ်ပါ ကိုင်လို့နိုင်ပါသေးတယ်။ • မနေ့ကပဲ အင်တာဗျူးမှာပြောပါသေးတယ်။ အမြင်ရှိရမည်ဆိုတာနဲ့မပြီးတဲ့အကြောင်း။ • လုပ်ချင်စိတ်တခုတည်းနဲ့ မရ။ လုပ်တတ်တာနဲ့လည်း မပြီး။ လုပ်ခွင့်သာဖို့ကလည်း လိုပါသေးတယ်။ • ဤသုံးမျိုး ချက်မပိုင်လျှင် ကျွန်တော်တို့နိုင်ငံ နောင်ပြင်နိုင်ဖို့ရာ ခက်ပါလိမ့်မယ်။ ဒေါက်တာတင့်ဆွေ ၂၅-၃-၂ဝ၁၅ Photo from Ko Ko Aung

Times ပုလဲအိမ် အကြိမ်ဘယ်လောက်

Image
• လူသူမနေ ပူနွေနှစ်ဆယ်ခေါက်၊ • သစ်ပင်တိုး မိုးနှစ်ဆယ်ခေါက်၊ • အမိုးထရံဆန်ခါပေါက် ဆောင်းနှစ်ဆယ်ခေါက်၊ • အိမ်ကိုမရောက် နွေမိုးဆောင်းနှစ်ဆယ်ခေါက်၊ • စိတ်ရောက် အခေါက်နှစ်ထောင်လောက်။ ဒေါက်တာတင့်ဆွေ ၂၅-၃-၂ဝ၁၅ (မြန်မာရက်စွဲ)

Aye Clinic ဆေးခန်း

Image
• ဒီစမ်းသပ်ခန်းလေးထဲမှာ အားကိုးတကြီးနဲ့ လာရောက်ပြသကြဘူးတဲ့လူနာတွေ၊ • ဒီကုတင်ပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ခွဲစိတ်ကုသမှုခံယူကြဘူးတဲ့လူနာတွေ၊ • ကျန်းမာချမ်းသာကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၅-၃-၂ဝ၁၅ (မြန်မာရက်စွဲ)

Perfect picture ပြီးပြည့်စုံတဲ့ ပန်းချီကား

Image
• သူများတက္ကသိုလ်တွေမှာ မမေ့စရာနေရာတွေ၊ အထင်ကရတွေကိုယ်စီရှိကြတယ်။ ကံ့ကော်ပင်၊ သစ်ပုပ်ပင်၊ တမာလမ်း၊ ထနောင်းလမ်း။ • မန္တလေးဆေးတက္ကသိုလ်မှာတော့ စိတ်ကူးယဉ်စရာရယ်လို့ မရှိခဲ့ပါ။ ၁၉၆၅-၇ဝ ဝန်းကျင်တုံးက ဆေးကျောင်းရှေ့မှာ ကုက္ကိုပင်နဲ့ စိန်ပန်းပင်သာရှိတယ်။ ဗာဒံပင်ရှိတယ်။ လွမ်းစရာရယ်လို့ ပြောမရတာတွေပါ။ ယောက်ျားလေး၊ မိန်းကလေး ကျောင်းဆောင်တွေမှာလည်း ထူးခြားတာရယ်လို့ အမှတ်မထားမိပါ။ စာဖွဲ့စရာလို့လည်း မအောက်မေ့ခဲ့ပါ။ • အခု စိန်ပန်းတွေပွင့်နေပြီဆိုတော့ ဆေးမန်းက စိန်ပန်းကို လွမ်းလာမိတယ်။ အနီရဲရဲပါ။ အပြာမရှိပါ။ • စိန်ပန်းဟာ တော်ဝင်မဟုတ်၊ ထီးသုံးနန်သုံးမဟုတ်ပါ။ ပန်ရတဲ့ပန်းလည်းမဟုတ်။ ဘုရားပန်းလည်း မဟုတ်ပါ။ အရိပ်ကောင်းရတဲ့အပင်မျိုးလည်း မဟုတ်ပါ။ • ဘာပဲဖြစ်ြဖစ် ကိုယ့်ကျောင်းပန်းကို လွမ်းပါတယ်။ ပုံဆွဲဝါသနာပါတော့ ရှုမျှော်ခင်းဆွဲရင် စိုစိမ်းပြာမှိုင်းနေတဲ့ နောက်ခံမှာ နီစွေးနေတဲ့ စိန်ပန်းပွင့်ကိုင်းလေးထည့်လိုက်ရင် ဆွဲဆောင်အားကောင်းလာတယ်။ • သူငယ်ချင်းတွေအကုန်ပါ ထည့်မြင်ကြည့်တော့မှသာ ပန်းချီကားလေးက ပြည့်စုံသွားတော့တယ်။ ဒေါက်တာတင့်ဆွေ ၂၄-၃-၂ဝ၁၅

အသည်းရောင် (စီ) ဆေး သတိပေးချက်

Image
Sofosbuvir (Sovaldi) ဆေးနဲ့ Harvoni ဆေးတွေက အသည်းရောင် (စီ) အတွက် အလွန်ကောင်းပါတယ်။ ဒါပေမယ့် နှလုံးခုန်မမှန်တာအတွက်ပေးတဲ့ဆေး Amiodarone တွဲသောက်ရင် ဓါတ်ပြုမှုကြောင်း အသက်အန္တရာယ်ရှိနိုင်တယ်။ ဆေးထုတ်တဲ့ကုမ္ပဏီ Gilead ကနေ လူနာ ၉ ယောက်မှာ အဲလိုသောက်လို့ Symptomatic bradycardia နှလုံးခုန် အလွန် နှေးသွားတာတွေ့ရတယ်လို့ထုတ်ပြန်ပါတယ်။ တယောက်ဆုံးသွားတယ်။ ၃ ယောက်ကို Pacemaker နှလုံးခုန်စက် တပ်ပေးလိုက်ရတယ်။ ဒါကြောင့် Sofosbuvir နဲ့ Amiodarone ဆေးကို တွဲမသောက်ပါနဲ့။ ဒေါက်တာတင့်ဆွေ ၂၄-၃-၂ဝ၁၅

HIV news

Image
• ပြင်သစ်ဆေးပညာရှင်တွေကနေ မျိုးဗီဇ စနစ်ကိုတွေ့ရှိလိုက်ပါတယ်။ HIV ကူးစက်နေတဲ့ ယောက်ျား ၂ ယောက်မှာ အဲဒီနည်းနဲ့ အလိုလိုပျောက်သွားစေနိုင်တာဖြစ်တယ်လို့ ၂၃-၃-၂ဝ၁၅ နေ့သတင်းကဆိုပါတယ်။ ဒီတွေ့ရှိချက်ကနေ HIV-AIDS တိုက်ဖျက်ရေးမှာ အထောက်အကူရလာပါလိမ့်မယ်။ • ပြင်သစ်မှာပဲ HIV ရှိနေတဲ့ အမျိုးသမီးတွေကနေ တရားရုံးမှာ လျှောက်ချက်တင်ကြတယ်။ သူတို့ကို အတင်း သားကြောဖြတ်ခိုင်းလို့ လျှော်ကြေးရလိုမှုဖြစ်ပါတယ်။ တရားရုံးကနေ ကိုယ့်လိင်ဆက်ဆံဖက်ကို ကိုယ့်မှာ HIV ရှိနေတာကို ထုတ်ပြောဖို့ဆိုတာ ဖွဲ့စည်းပုံနဲ့မညီဖူးလို့ဆုံးဖြတ်ပါတယ်။ • ၁-၁၂-၂ဝ၁ဝ တုံးကပြဌာန်းထားတဲ့ HIV and AIDS Prevention and Control Act, No. 14   ဟာ အဲလို မညီကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၄-၃-၂ဝ၁၅ http://www.nation.co.ke/news/Partners-need-not-reveal-HIV-status/-/1056/2663532/-/1kr4bqz/-/index.html