C-section linked to stillbirth

• ဗိုက်ခွဲမွေးခြင်းဟာ ကလေးအသေမွေးတာကိုပိုများစေနိုင်
၂-၇-၂ဝ၁၄ နေ့ဆေးပညာသုတေသနသတင်းဖြစ်ပါတယ်။
• ကိုယ်ဝန်ဆောင်စုစုပေါင်း ၈ သိန်းကို လေ့လာမှုလုပ်ပြီး၊ ဗိုက်ခွဲမွေးရင် မွေးတဲ့အခါ ကလေးအသေမွေးတာ ၁၄% ပိုများစေနိုင်တယ်လို့ သိရှိလာရပါတယ်။
• သားအိမ်ပြင်ပသန္ဓေတည်ခြင်းလည်း ၉% ပိုစေနိုင်တယ်။
• University College Cork ဆေးတက္ကသိုလ်က ပါမောက္ခ Louise Kenny ကတော့ ပိုဖြစ်နိုင်ခြေ အလွန်နည်းတယ်လို့ ဆိုပါတယ်။ ဗိုက်ခွဲမွေးမှု စုစုပေါင်း ၃ ထောင်မှာ ကလေးအသေမွေးတာ ၁ ယောက်သာ ပိုပါတယ်လို့ ဆက်ပြောပါတယ်။
• Royal College of Obstetricians and Gynaecologists ဆေးကောလိပ်က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Dr Patrick O'Brien အိုဘရိုင်ယန်ကတော့ လေ့လာတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်တွေက ကျမကို ခွဲမွေးပေးပါလို့ တောင်းဆိုတာ နည်းသင့်တယ်လို့ ပြောလိုက်ပါတယ်။ ဆေးပညာအရ ခွဲသင့်လို့ခွဲမွေးတာမျိုးသာ ကောင်းပါတယ်။
• ယူကေမှာ တနှစ်မှာ ကလေးအသေမွေးတာ ၄ဝဝဝ ရှိတယ်။ ကိုယ်ဝန် ၂ဝဝ မှာ ၁ ယောက်နှုန်းဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး