China talks tough to Myanmar as death toll rises

တရုပ်က မြန်မာကို သေဆုံးမှုတိုးလာလို့ ခပ်မာမာပြော

• ၁၆-၃-၂ဝ၁၅ နေ့ ဂျပန်စံတော်ချိန် မနက် ၃ နာရီ ၃၃ မိနစ်က Nikkei နစ်ကီသတင်းစာမှာ ရေးလိုက်တဲ့သတင်း ဖြစ်ပါတယ်။
• တရုပ်ဝန်ကြီးချုပ် Li Keqiang လီ ကေကွင်းက တနင်္ဂနွေနေ့ တရုပ် နှစ်လည် ပါလီမန်အစည်းအဝေးက သတင်းစာရှင်းလင်းပွဲမှာ အဲလိုပြောလိုက်တာပါ။ အချိန်မရလို့ တိုတိုပဲ ရိုးရိုးလေးပြောရရင် ကျွန်တော်တို့မှာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးထိန်းသိမ်းဖို့ရာ တာဝန်လည်းရှိတယ်။ လုပ်နိုင်စွမ်းလည်းရှိတယ်။
• ယူနန်ေးသ၊ ကွေ့မင်မြို့တော် အစိုးရအဆိုအရ စနေနေ့ညအထိ သေဆုံးသူ ၅ ဦးရှိသွားပါပြီ။ ယူနန် လက်ထာက် နိုင်ငံခြားရေးရုံးက Wang Wei ဝမ် ဝေကနေ မြန်မာကောင်စစ်ဝန်ကို နစ်နာသူမိသားစုတွေကို တောင်းပန်ချက်နဲ့ လျှော်ကြေးပေးဖို့ ပြောလိုက်ပါတယ်။
• တရုပ် ဗဟိုစစ်ကော်မရှင် လက်ထောက်ဒါရိုက်တာ Fan Chonglong ဖန် ချွန်လောင်းကနေ မြန်မာစစ်ဦးစီးမှူး မင်းအောင်လှိုင်းကို ဖုန်းကနေတဆင့် တနင်္ဂနွေနေ့က ပြောထားပြီးလည်းဖြစ်ပါတယ်။ ဖန်ကနေ နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အသက်တွေကိုကာကွယ်ဖို့ နောက်ထပ်အလားတူထပ်ဖြစ်လာ တရုပ်တပ်ဖွဲ့တွေကနေ လုပ်ဆောင်မယ်လို့ ပြောလိုက်တာပါ။
• ဖန်အဆိုအရ တရုပ်ပြည်သူတွေက အပြင်းအထန်တုန့်ပြန်နေကြတယ်။ နယ်စပ်ဒေသမှာ မြန်မာတပ်ဖွဲ့တွေကို အမြန်ဆုံး တည်ငြိမ်စေဖို့ တောင်းဆိုနေကြတယ်။ မင်းအောင်လှိုင်ကနေ အဖြစ်အပျက်ကို ပူးတွဲစုံစမ်းစစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ သဘောတူခဲ့တယ်လို့ဆိုပါတယ်။
• တရုပ်ကနေ စနေနေ့က မြန်မာနယ်စပ်မှာ ဂျက်တိုက်လေယာဉ်တွေ ချထားလိုက်ပါတယ်။
• တချိန်တည်းမှာ စီးပွါးရေးအကျိုးတွက်တာ တရုပ်အနေနဲ့ မြန်မာပြည်မှာ တရုပ်ဆန့်ကျင်ရေး ခံစားမှုတွေကို ထိန်းဖို့ အလိုရှိနေပါတယ်။ တရုပ်ထိပ်တန်းသံတမန် Kong Xuanyou ကောင်း ဇွန်ယူက တရုပ်ကနေ ကိုးကန့် သူပုန်တွေကို ကူညီနေတာမဟုတ်ကြောင်း ငြင်းဆိုထားပြီးဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၅
http://asia.nikkei.com/Politics-Economy/International-Relations/China-talks-tough-to-Myanmar-as-death-toll-rises

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး