Posts

Showing posts from December, 2018

My Dream စာစီစာကုံး

Image
ကျောင်းသားဘဝမှာ စာစီစာကုံးရေးကြရတယ်။ ကျွန်တော် ဘာတွေရေးခဲ့လဲ မမှတ်မိပါ။ သေချာတာတော့ ဆရာဝန်လုပ်မယ်၊ နိုင်ငံရေးထဲဝင်မယ်၊ နိုင်ငံခြားသွားနေမယ်ဆိုတာတွေ မပါခဲ့ပါ။ ဆယ်တန်းမှာ DSA 11 အတွက်လျှောက်လွှာတွေ အတန်းထဲအထိလာဝေတယ်။ ဘာရယ်မဟုတ် လျှောက်လိုက်တယ်။ မုံရွာ စစ်တပ်ထဲသွားဖြေရတာအောင်လို့ ရန်ကုန် OTT သွားဖြေရတယ်။ စရိတ်ငြိမ်းမို့ သွားဖြစ်တာလဲပါတယ်။ ရေးဖြေ၊ အခက်အခဲကျော်ဖြတ်တာဖြေ၊ စိတ်ဖြေ၊ စတာတွေ။ အဲတာတွေ အောင်စာရင်းထွက်တော့ အောင်တယ်တဲ့။ ဆေးစစ်တာလည်း အောင်ပြန်ရော။ ဖိုင်နယ်စာရင်းထွက်တော့ ကျွန်တော့်နာမည် မပါဘူးတဲ့။ စစ်တာမှန်သမျှ အကုန်အောင်။ မစစ်တာ ကျတယ်။ ဆယ်တန်းအောင်တော့ တက္ကသိုလ်တက်ဘို့ လျှောက်ကြရတယ်။ ILA စနစ်နဲ့ညားတယ်။ အသက်မွေးဝမ်းကြောင်း ၂ ခုနဲ့ မေဂျာ ၁ ခု၊ ရွေးခွင့်ပေးတယ်။ ဗိသုကာလုပ်ရင်ကောင်းမလား တွေးမိတာ။ ရန်ကုန်သွား ကျောင်းမနေနိုင်တာမို့ RIT ကို လျှောက်မရပါ။ မန္တလေးမှာရှိတာတွေကို ရွေးရတယ်။ (၁) ဆေး၊ (၂) စိုက်ပျိုးရေး၊ (၃) အမှတ်အများဆုံးရတဲ့ ဓါတုဗေဒလို့ ရေးလိုက်တယ်။ ရတော့ ဆေး-မန်း။ ကံဆိုတာ ဆန်းတယ်။ • ကံမမွဲတော့ စစ်ထဲမလိုက်ရ။ • ကံပါတော့ ဆရာဝန်ဖြစ်။ • ကံမဟန်တော့ နိုင်ငံရေးထဲရောက်ပြန်။ • ကံကိ

မင်္ဂလာ

Image
မြန်မာစာနဲ့ရေးတဲ့ နှစ်သစ်ကူးဆုတောင်းစာတွေမှာ သတ်ပုံမှန်တာ ခပ်ရှားရှား။ တကို တစ်မလုပ်တာ တခုတိတိ တွေ့လိုက်တယ်။ အဲတာမှာ လျှင်လို့ရေးရမှာကတော့ လျင်ဖြစ်နေတယ်။ လျင် ငလျင်တော်လည်း လျင်မြန် လျင်လျား (ရင်ရှားသံထွက်) သံလျင်မြို့ အလျင် (အရင်သံထွက်) နှစ်က အလျင်စလို အလျင်လို လမ်းအိုလိုက် အလျင်အမြန် အလျင်အဦး အလျင်နှစ် ကောက်လျင် ဆောလျင်စွာ မြေငလျင် လျှင် ဆိုလျှင် (ရင်သံထွက်) တလလျှင် လာလျှင် သွားလျှင် သူလာလျှင်တွေ့မည် ပြောလျှင် တကို မလိုအပ်ပဲ တစ်မရေးတဲ့ ဆုတောင်းစာကို နှစ်သစ်ကူးမှာတွေ့ရတာ မင်္ဂလာ။ ဒေါက်တာတင့်ဆွေ ၁-၁-၂ဝ၁၉

စားစရာ ယဉ်ကျေးမှု

Image
ကောက်ညှင်းနဲ့ ငါးခြောက်။ နှမ်းကို ကျွန်တော်က တခါတလေမှသာစားလို့ နေကြာစေ့လှော် (ဒီမှာက အခွံ သင်ထားပြီးသား) ကို ထောင်းပြီးအပေါ်က ဖြူးထားတာ။ မွှေးပြီး ကောင်းတယ်။ ခဏနေတော့ ဗူးသီးကြော်ပန်းကန် ရောက်လာတယ်။ ဓါတ်ပုံရိုက်ချင်လာတယ်။ စားလက်စ အစားအသောက်ပုံအတွက် ကန်တော့ပါ။ သူများကို စားစရာကျွေးရင် အကျန်ကို မကျွေးရပါ။ မစားခင်ကတည်းက လူကြီးကို ဦးချထားရတယ်။ လက်ဆောင်ပေးရင် အသစ်ဖြစ်ရတယ်။ ဖေ့စ်ဘွတ်မှာ စားသောက်နေတဲ့ပုံတွေ တင်ကြတယ်။ တဝက်တပျက်၊ စားကြွင်းစားကျန်ပုံတွေက မဆီလျော်ပါ။ မနှစ်ကပုံသာဖြစ်ပါတယ်။ မနက်မှာဘာလာမလဲ မသိ။ နတ်တော်ပဲကို ရေစိမ်ပြီး စစ်ထားတာမြင်ထားတယ်။ ဒေါက်တာတင့်ဆွေ ၁-၁-၂ဝ၁၇ ၁-၁-၂ဝ၁၉

တစ် အသုံးမှန်များ

Image
ဘယ်အချိန်မှာ တစ်လို့ ရေးဖို့ လိုအပ်သလဲ သိချင်ပါတယ် ရေတွက်လို့ရတာကို တစ်ရေးလို့ပြောတာ မမှန်။ ဂဏန်ရေးရင် တစ်လို့သင်တာကသာမှန်တယ်။ တစ်၊ နှစ်၊ သုံး၊ ဆင်ပြောင်ကြီး အမြီးမှတစ်၊ တစ်ငှက်၊ တစ်ဆို့၊ တစ်တစ်ခွခွ၊ တစ်တစ်ရစ်ရစ်၊ တစ်တရားခံ၊ တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊ တစ်ရှူး (ဆဲလ် အစုအဝေး)၊ တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊ တစ်လစ်၊ တစ်နှစ် စာကိုချစ် တစ်-နှစ်-သုံး၊ တစ္ဆေမှင်စာ၊ ပြူတစ်၊ ရင်ထဲမှာတော့ တစ်ဆို့ဆို့၊ သားငါး တုံးတစ်သည်၊ သားတစ် ငါးတစ်၊ အဆင့်တစ်ရသည်။ ဒေါက်တာတင့်ဆွေ ၁-၁-၂ဝ၁၉

A Footwear Doctor ဖိနပ်စီးတဲ့ဆရာဝန်

Image
စောစောက နော်မန်ဗက်သွန်းအကြောင်းကို ခပ်တိုတိုရေးတယ်။ ကျွန်တော်လည်း ငယ်ငယ်က သူ့အကြောင်းစာတွေ ဖတ်ပြီး အားကျခဲ့ပါတယ်။ ဆေးကျောင်းမရောက်ခင်ကပါ။ ဒါပေမယ့် တကယ့်အဖြစ်ကတော့ အတော်ကြီးကိုကွာတယ်။ တရုပ်ပြည်မှာ ဆေးကုပေးခဲ့တဲ့ အောင်မြင်မှုတခုကနေ Barefoot doctors ဖိနပ်မပါဆရာဝန်များလို့ ဝေါဟာရသစ်နဲ့ နည်းနာသစ်ပေါ်ထွန်းလာခဲ့တယ်။ ရိုးရိုးလူတွေကို ရက်တိုတိုနဲ့ ဆေးသင်တန်းတွေ ပေးပြီး၊ ကျေးလက်တောနယ်တွေမှာ ဆေးကုစေခဲ့တယ်။ အခြေခံသန့်ရှင်းမှု၊ ရောဂါကာကွယ်ရေး၊ မိသားစုစီမံကိန်းတွေ သင်ပေးတယ်။ အဖြစ်များရောဂါတွေ ကုသနည်းလည်းပါတယ်။ ၁၉၄၉ မှာ စမ်းသပ်မှုစလုပ်ပြီး၊ တရားဝင်ကတော့ မော်စီတုန်းရဲ့ ၁၉၆၅ ခုနှစ် မိန့်ခွန်းပြောပြီးမှ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ WHO ကနေ အသိအမှတ်ပြုပေးလာတယ်။ ကျွန်တော်လည်း ဒေလီက ယမုန်နာဆေးခန်းလေးမှာ ဆေးပညာကို လူနာစောင့်ရင်း သင်ပေးခဲ့တယ်။ တချို့က ဆေးခန်းမှာ တရက်နှစ်ရက်သာကြာပြီး တချို့က ၄-၅ ခြောက်နှစ်ကြာတယ်။ နော်မန်ဗက်သွန်းက ဖက်ဆစ်ကိုဆန့်ကျင်သလို ကျွန်တော်က စစ်အာဏာရှင်ကို ဆန့်ကျင်ပါတယ်။ သူက တရုပ်ပြည်မှာ လယ်လုပ်နေသူတွေကို ဆေးကုပေးခဲ့တယ်။ကျွန်တော်က အိန္ဒိယ-မြန်မာနယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်မှာလည်း ရောက်တဲ

Blood Glucose Meter ဆီးချိုတိုင်းစက်

Image
မင်္ဂလာပါဆရာ ဆီးချိုတိုင်းတဲ့စက်အကြောင်းလေး မေးခွင့်ပြုပါရှင့် ကျွန်မတို့အိမ်က ဆီးချိုတိုင်းတဲ့စက်ကို thada တစိတ်နဲ့ သုံးပါတယ် ဘေးအိမ်ကတော့ g doctor လို့ပြောပါတယ် အဲ့ဒါ သူ့စက်က နေဆီးချို တိုင်းတာ ၁၀၁ လောက်ပဲပြနေပြီ ကျွန်မတို့ အိမ်က စက်နဲ့တိုင်းတော့ 149 လို့ စက်က ပြနေပါတယ် သူ့စက်နဲ့တိုင်းပြီးနာရီဝက် လောက်ကြာမှ ကျွန်မတို့အိမ်က စက်နဲ့တိုင်းတာပါ အဲ့လိုတိုင်းတဲ့အချိန်ကြားထဲ ဘာမှမစားပါဘူး မတိုင်းခင်လဲ မစားထားပါဘူး အဲ့ဒါကို ကွာနေလို့ ဘယ်စက်က အဖြေမှန်မလဲ မသိပဲ အဲ့လိုပဲ ဖြစ်တတ်တာလား ဆီးချို စက်တွေကို ယုံသင့်ရဲ့လား မသေချာ လို့ ဆရာဆီကို မေးကြည့်တာ ပါကျေးဇူးပြုပြီးဖြေပေးပါဦးနော် ဆီးချိုဆိုတာ အချိန်တိုင်း ပြောင်းလဲနေတယ်။ စက်ကရိယာတွေက မတူကြပါ။ သွေးဖိအားတိုင်းတာတွေမှာလည်း မတူကြပါ။ ဆောရီး။ ဓါတ်ခွဲခန်းမှာစမ်းလိုရတဲ့အဖြေနဲ့ ကိုယ့်အိမ်သုံးစက်ကအဖြေဟာ ၁၅% သာကွာရင် လက်ခံသင့်တယ်လို့ မှတ်ယူနိုင်တယ်။ ယူအက်စ်အေမှာ အသင့်မှန်ဆုံး ဆီးချိုတိုင်းစက်တွေကတော့ Bayer Contour Next Roche ACCU-CHEK AVIVA Pplus Walmart ReliOn Confirm CVS Advanced by Agamatrix FreeStyle Lite by Abbott Accu-Check Smart View တွေဖြ

ကိုယ်ပိုင်ဗလာစာအုပ်

Image
ပြီးခဲ့တဲ့နှစ် ကုန်ဆုံးသွားခြင်းဟာ အရာရာရဲ့ အဆုံး မဟုတ်ပါ။ နှစ်သစ်ဆိုတာလည်း အားလုံးရဲ့ ကနဦးလည်း မဟုတ်ပါ။ နှစ်သစ်ဆိုတာ ကိုယ့်ရှေ့မှာချထားတဲ့ ကိုယ့်ဗလာစာအုပ်လိုပါပဲ။ နက်ဖြန်ကစပြီး ကိုယ်ရေးလိုရာ ရေးနိုင်ပါပြီ။ သူများက လာရေးမပေးပါ။ နှစ်သစ်ဆိုတာ အရွယ်၏ကောင်းခြင်းနဲ့ပြည့်စုံတဲ့ အပျိုစင်လေးတယောက်နဲ့တူတယ်။ နှစ်သစ်မှာ နှစ်ဟောင်းထက် နေကောင်းကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၈

Dr. Norman Bethune ဒေါက်တာနော်မန်ဗက်သွန်း

Image
ရေးထားတာ ၃ နှစ်ကျော်ပြီ။ ကျော်အောင်ဘာသာပြန်စာအုပ် တွေ့လို့။ ငယ်ငယ်ကတော့ ဖတ်ဖူးတယ်။ မေ့ကုန်ပြီ။ ကျွန်တော်က တခြားကနေဖတ်ပြီး ရေးတာပါ။ မြန်မာပြည်ကစာဖတ်သူတိုင်း နော်မန်ဗက်သွန်းကိုသိကြပါတယ်။ အများစုက တရုပ်ပြည်မှာ စွန့်စွန့်စားစား စေတနာ အပြည့်နဲ့ သွားရောက်ကူညီတဲ့ ကနေဒါဆရာဝန်လို့သိကြမှာပါ။ ဒေါက်တာဗက်သွန်းက သူ့ရဲ့ ကမ္ဘာကျော်သမိုင်းတွင်တဲ့ လူမှုရေးဆေးကုသမှုကို စပိန်ပြည်တွင်းစစ်ကတည်းကစခဲ့တာပါ။ ဖက်စစ်ဖန့်ကျင်ရေးသမားဖြစ်တယ်။ စစ်သားတွေကိုရော ရွာသူရွာသားတွေကိုပါ ဆေးကုပေးပါတယ်။ ဒိနောက်မှာ ဒုတိယ တရုပ်-ဂျပန်စစ်ပွဲမှာ ခေတ်မီဆေးပညာနဲ့ တရုပ်ပြည်တောပိုင်းကို သွားရောက်ကုသပေးခဲ့ပါတယ်။ သူရဲ့ ကိုယ်ကျိုးမဖက် တရုပ်ဆင်းရဲသားတွေကို ဆေးပညာနဲ့အကူအညီပေးလို့ တရုပ်ခေါင်းဆောင် မော်စီတုန်းကစပြီး ကနေ့ တရုပ်နိုင်ငံသားတိုင်းကပါ ဒေါက်တာဗက်သွန်းကို လေးစားချစ်ခင်နေကြပါတယ်။ သူကပဲ စပိန်ပြည်တွင်းစစ်မှာ မိုဘိုင်းသွေးသွင်းကုသမှုကို ရှေ့တန်းစစ်မျက်နှာမှာစခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ သွေးအဆိပ်သင့်လို့ ၁၂-၁၁-၁၉၃၉ ကွယ်လွန်ခဲ့ရပါတယ်။ သူဟာ တီဘီရောဂါသည်လည်းဖြစ်ခဲ့တယ်။ အဲဒီ ၁၉၂ဝ ကျော်ကာလတွေမှာ တီဘီကို ထိရောက်အောင်မကုနိုင်သေးပါ။ ရောဂါ

Tale ဆရာဝန်ပြောတဲ့ ရှေးစကား

Image
ဥရောပနိုင်ငံတခုမှာနေတဲ့သူက မေးတယ်။ မြန်မာပြည်ထဲမှာနေတဲ့ သူ့အကိုမှာ ဆီးချိုရှိနေလို့တဲ့။ ဆရာဝန်ဆီတခါသွား (၃) သောင်းလောက် ဝေါကနည်းကုန်တဲ့ခေတ် ဆရာရဲ့။ ဆေးရုံတက်ဆို သိန်း (၃ဝ) တဲ့။ ကျွန်တော် ၁၉၇၃ ခုနှစ် မန္တလေးဆေးရုံကြီးမှာ အလုပ်သင်ဆရာဝန်လုပ်နေစဉ်က (၁၄) လမ်းမှာ ဖွင့်ထားတဲ့ ဆေးတက္ကသိုလ်ဌာနမှူးတဦးရဲ့ ဆေးခန်းလေးကို သူမအားတဲ့ရက်မှာ သွားထိုင်ပေးရတယ်။ ဆေးတလုံးထိုးရင် (၃) ကျပ် ယူတယ်။ ကျွန်တော်က အဲဒီထဲကနေ ကော်မရှင်ရတယ်။ ပုံပြင်ဆိုတာလည်း (၃) မျိုးရှိတယ်။ စိတ်ကူးယဉ် အဖြစ်အပျက်တဲ့။ တကယ့်အဖြစ်အပျက်တွေ တစိတ်တပိုင်းပါတဲ့ စိတ်ဝင်စားစရာ စတိုရီတဲ့။ တစုံတယောက်ရဲ့ တကယ့်အဖြစ်အပျက်တဲ့။ မေးတဲ့သူဆီ ဆီးချိုစာ (၃) ပုဒ်ပို့လိုက်တယ်။ စုစုပေါင်း ၃ိ/ ကျတယ်။ ဒီစာရေးထားတာ (၃) နှစ်ကဆိုတော့ သုံးဆတိုးနေပြီလားတော့ မသိပါ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၈

မေတ္တာစာ

Image
နှစ်သစ်ကူးမှာလာတဲ့ ဂူဂယ်လမ်းပေါ်ကကောက်ယူလာတဲ့ပုံတွေတော့ ရေးပြီးပြီ။ တောဆွမ်းလောင်းပွဲ ပဲခွေ၊ မုံ့ဆီကြော်နဲ့ ဝက်သားဟင်းဆွမ်းဟင်းလည်း ရေးပြီးပြီ။ ကနေ့ ခပ်ဆန်းဆန်း နှစ်ခုလာတယ်။ တခုက မေတ္တာစာလေးပါတဲ့။ အသံဖိုင်။ မေတ္တာစာဆိုတာ ရှေးဘုရင်တွေခေတ်ကတည်းကပေါ်တာ။ ပေါ်စမှာ ရဟန်းတော်တွေ စာဆိုတွေကနေ ဘုရင်ကို ဆက်သွင်းကြတယ်။ နောက်တော့ မေတ္တာရပ်ခံစာသဘောပါ ရေးကြတယ်။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌဌသာရ၊ ကန်တော်မင်းကျောင်းဆရာတော်၊ ကျည်းကန်ရှင်ကြီး၊ ရှင်ဥက္ကံသမာလာနှင့် စလေဦးပုည၊ ကင်းဝန်မင်းကြီး အစရှိသူတွေရေးခဲ့တာတွေက မြန်မာစာပေသမိုင်းတင်ရစ်တယ်။ နောက်တခါ ချစ်ခင်ကြသူတွေအတွက် ရေးလာကြတယ်။ နောက်ပိုင်းခေတ်မှာ သမီးရည်းစားစာကိုလည်း မေတ္တာစာလို့ ယဉ်ယဉ်ကျေးကျေးခေါ်ကြတယ်။ နောက်အဆန်းတခုက အသံဖိုင်ပို့ပြီး နားဆင်ကြည့်ပါတဲ့။ ကျွန်တော်က အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေကို မဖွင့်ပါ။ နေမကောင်းလို့ မေးတာလားတော့ မသိ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၈

အတ္တ

Image
နောင်တသက်လုံး မပို့ပါရန်စာနဲ့ပုံလေးကို အခုထိ လူ ၅၀ ကျော်ဆီပို့ရပြီးပြီ။ ၄-၅-၆ ယောက်က တောင်းပန်တယ်။ အကြောင်းပြချက်တွေက မတူကြပါ။ တယောက်ကတော့ အတ္တတဲ့။ အတ္တဆိုတာ ပါဠိစာလုံး။ မြန်မာစကားထဲမှာလည်း တွင်တွင်ကျယ်ကျယ်သုံးပါတယ်။ ဘုရားဟောကြားခဲ့တာတွေကို ပါဠိလိုရေးသားပြီး မှတ်တမ်းတင်ထားတယ်။ ဘာသာအမျိုးမျိုး ပြန်ကြတယ်။ တချို့စာလုံးတွေကို ဘယ်ဘာသာနဲ့မှ အတိအကျ ဘာသာပြန်မရပါ။ အဲလိုစာလုံးတွေထဲမှာ ဒုက္ခ နဲ့ အတ္တ ပါတယ်။ မြတ်စွာဘုရားက ပဌမဦးဆုံး ဓမ္မစကြာတရား၊ နောက်မှာ အနတ္တလက္ခဏာသုတ် ဟောပါတယ်။ ပါဠိစာလုံးတွေကို နိုင်ငံရေးအိုင်ဒီယော်လော်ဂျီထဲမှာ ထည့်ရေးကြတာတွေရှိတယ်။ ဘာသာစကားမတူတဲ့စာတွေကို ဘာသာပြန်တာမှာလည်း ထည့်သုံးကြတာတွေရှိတယ်။ ပါဠိစာကို ဗုဒ္ဓဘာသာမူပိုင်လို့တော့ ပြောမရပါ။ မြန်မာစာဖတ်တဲ့ ပြောတဲ့သူတွေက အများအားဖြင့် ဘာသာရေးအဓိပ္ပါယ်လားလို့ အရင်ဆုံးစဉ်းစားလေ့ရှိကြတယ်။ စဉ်းစားတာ မမှားပါ။ အတ္တလို့ရေးတဲ့ ပြောတဲ့သူ တကယ် အတ္တကို သိသလား စိတ်ထဲကနေ မေးခွန်းထုတ်ကြတယ်။ မေးခွန်းထုတ်သူတွေ ကိုယ်တိုင်ကလည်း ကျွန်တော်လိုပဲ စာတွေ့သာသိသူတွေက များမယ်ထင်ပါတယ်။ စာတွေ့တောင်မှ ယောင်ဝါးဝါးက ပိုများမယ်ထင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂

Phone ဘယ်လိုရေးမလဲ

Image
မင်္ဂလာပါဆရာ ကျန်းမာရေးအမှု မဟုတ်ပါ။ phone ကို ဖုံး (သို့) ဖုန်း ဘယ်အသုံးက အခုခေတ်အတွက် မှန်မလဲ သိချင်ပါတယ်။ အဲလို ဘာသာခြားစကားကနေ ဘာသာပြန်တာမျိုးမှာ စံကိုက်သတ်ပုံရယ်လို့ မရှိပါ။ အသံထွက်ကိုသာ အနီးစပ်ဆုံး ယူပါတယ်။ ဖုန်းရော ဖုံးပါ အသံထွက်တူတယ်။ အသံထွက်မတူအောင်ရေးရင် မှားမယ်။ အမှားဥပမာတွေ များတယ်။ TB ကို တီဘီလို့ ရေးမှသာ မှန်တယ်။ တီဗွီ မှားတယ်။ တီဗီ မှားတယ်။ Ultrasound ကို အာထွာဆောင်း ဒါမှမဟုတ် အာလ်ထွာဆောင်းလို့ရေးမှသာ မှန်တယ်။ အာထွာစောင်း မှားတယ်။ Computer ကိုကွန်ပြူတာလို့ရေးရေး ကွန်ပြူတာရေးရေး မမှားပါ။ Cell phone ကို ဆဲဖုန်း ဒါမှမဟုတ် ဆဲလ်ဖုံးလို့က နီးစပ်ပြီး စဲ နဲ့ စဲလ် ဆိုရင် မမှန်လောက်ပါ။ Super ကို စူပါ မမှန်။ ဆူပါမှသာ နီးစပ်တယ်။ မြန်မာပြည်မှာ ထိပ်တန်းပညာရှင်တွေစုပေါင်းရေးသားထားတဲ့ မြန်မာ့စွယ်စုံကျမ်းရှိတယ်။ နှစ်ကြာလာတော့ အဲဒီထဲက အရေးအသားတချို့နဲ့ စာလုံးတချို့ကို ပြောင်းရေးလာကြတယ်။ ဥပမာ - - ဂျူးလယပ်ဆီဇာ = ဂျူလီယက်ဆီဇာ - ဆအူးဒီအာရေဗျ = ဆော်ဒီအာရေးဗီးယား - ဆိုက်ဗီးရီးယား = ဆိုက်ဗေးရီးယား - ယန်ဆီမြစ် = ယန်စီမြစ် - ရှီကာဂိုး = ချီကာဂို၊ ရှီကာဂို - ဗဲလဂျီယမ် = ဗယ်လဂျီယန်

ဖြောင့်တန်းစွာ သွားလာခြင်း

Image
အခုတော့ အသံတွေပေးပြီး မိုးတွေရွာနေတယ်။ စောစောကတော့ ဘဲငန်းတွေ လာကြတယ်။ ဒီနှစ်ကူးမှာ နှင်းမရှိပါ။ မိုးခိုစရာ နေရာ၊ နှင်းခိုစရာ နေရာ၊ ငန်းတွေ ထိုင်ကြည့်စရာ နေရာကနေ မိုးထဲ ရေထဲ လေထဲ လူအုပ်ထဲမှာ သွားလာ လှုပ်ရှား အလုပ်များနေကြမဲ့သူတွေကို သတိရနေတယ်။ ဖြောင့်တန်းစွာသွားလာတတ်တဲ့ ဘဲငန်းတွေ ဘေးမသမ်း အေးချမ်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၈

ဆိုင်းဘုတ်နဲ့ ဦးထုပ်

Image
မနှစ်က ဒီနေ့မှာ မွန်မိသားစုရဲ့ အိမ်သစ်တက်ဖိတ်လို့ နှင်းတောထဲမှာ စားဖို့သောက်ဖို့သွားပါတယ်။ ကောက်ညှင်းပေါင်းနဲ့ ရေနွေးကြမ်းပြီးတော့ မုံ့ဟင်းခါးနဲ့ ကောက်ညှင်းဘိန်းမုံ့စားခဲ့ပါတယ်။ ကောင်းတယ်။ ဆိုင်းဘုတ်နဲ့ ဦးထုပ်က ကျောင်းမှာလက်ဆောင်တွေ အလဲအလှယ်လုပ်စဉ်က ရထားတဲ့လက်ဆောင်ပါ။ ဒိုမီနီကန်နိုင်ငံကနေ လာနေကြတဲ့စုံတွဲက ပေးတာ။ ဒီမှာက လူနာမည်ကို ပဌမစာလုံးကို ခေါ်လေ့ရှိကြတယ်။ တချို့ကသာ ကျွန်တော့်ကို ဆရာဝန်လို့ သိကြပါတယ်။ ကနေ့ ဆိုင်းဘုတ်ပါတဲ့ ဦးထုပ်ဆောင်းပြီး ရှိုးထုတ်လိုက်တာ။ ကနေ့ နှင်းမကျပါ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၇ ၃၁-၁၂-၂ဝ၁၈

ကြောင့်ကြမှုကင်းပါစေ

Image
၂၀၁၉ မှာလည်း မတောင်းမတ မကြောင်းမကျ ဘဲ လိုအင်ဆန္ဒတွေအားလုံး ပြည့်စုံသော် နှစ်ဖြစ်ပါစေ ဆရာ လက်နဲ့ရေး ဆုတောင်းတာမျိုးတော့ ကျေးဇူးတင်တယ်။ သတ်ပုံလည်းပြင်မယ်။ မကြောင့်ကြလို့ ရေးရတယ်။ ထို့ကြောင့် သို့ဖြစ်သောကြောင့် ဆောင့်ကြောင့်ထိုင်သည် ကြောင့်ကြစိုးရိမ် ကြောင့်ကြပူပန် သူ့ကြောင့် ငါ့ကြောင့် ကြောင့်ကြမှုကင်းပါစေ ထို့ကြောင့် ဤသို့ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၈

OB ဆရာဝန်

Image
မြန်မာပြည်မှာ သားဖွားမီးယပ်ပညာနဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်ကို OG လို့ခေါ်ကြပါတယ်။ ယူအက်စ်အေမှာက သားဖွားမီးယပ်ပညာကို OB-GYN တဲ့ ဆရာဝန်ကို OB တဲ့။ ကျွန်တော်လို ရိုးရိုးဆရာဝန်တွေက ဆေးပညာဘွဲ့တခုတည်းသာရကြတယ်။ ဘွဲ့ကတခုတည်းပေမဲ့ နှစ်မျိုးပါတယ်။ MB က ဆေးပညာဝိဇ္ဇာဘွဲနဲ့ BS က ခွဲစိတ်ပညာဝိဇ္ဇာဘွဲ့။ ဆရာဝန်တွေ MBBS ဘွဲ့ရပြီးနောက်မှာ တယောက်တမျိုးစီ ဖြစ်လာကြတယ်။ ကျွန်တော်လို ရတဲ့ဘွဲ့လေးတခုနဲ့ အရိုးထုတ်ကြရသူကများတယ်။ အဲလိုဆရာဝန်တွေထဲမှာလည်း ဆေးကုတာ အားသန်သူနဲ့ ခွဲစိတ်တာမှာ စိတ်ပါသူလို့ မတူကြပြန်ဘူး။ ကျွန်တော်က အစုံသုပ်လုပ်ပါတယ်။ ကျွန်တော် ထိုင်းနိုင်ငံ မဲဆောက်က ဒေါက်တာဆင်သီယာမောင် ဆေးခန်းရောက်တိုင်း ခွဲစိတ်ခန်းဝင်ပေးသေးတယ်။ ကေအင်န်ယူခေါင်းဆောင် ဗိုလ်ချုပ်မြရွာမှာရှိတဲ့ ဆေးရုံလေးမှာလဲ ခွဲစိတ်ပေးဘူးတယ်။ ထိုင်း-မြန်မာနယ်စပ် ချောင်းကလေးဘေးမှာ ပါတီစည်းရုံးရေးမှူးတယောက်ကို အစည်းအဝေးနာချိန်မှာ မိုင်နာဆာဂျရီ လုပ်ပေးဘူးတယ်။ အိန္ဒိယနိုင်ငံ၊ အိုက်ဇောမှာလဲ မြန်မာယက်ကန်းသမားတွေကို ခွဲစိတ်တာအပါအဝင် ဆေးကုပေးတယ်။ တမူးဟိုဖက်က မိုးရေးဆေးခန်းလေးမှာလည်း အဲလိုဘဲ။ ဒေလီမြို့ ယမုန်နာဆေးခန်းမှာလည်း အတော်များများခွဲစိတ်ခဲ့တ

နှစ်ကူးဆွမ်းလောင်းပွဲ

Image
နှစ်သစ်ကူး ဆုတောင်းစကားတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုပုံတွေပို့နေကြတယ်။ တယောက်လာဒါ။ နောက်တယောက်လာဒါ။ တောရွာတွေက ဘုရားပွဲ ဆွမ်းလောင်းပွဲတွေမှာ မုံ့ဆီကြော်နဲ့ ပဲခွေလောင်းကြသလိုပဲ။ ဘုန်းကြီးကျောင်း ကျက်သရေခန်းမှာ အဲတာတွေ ပုံနေတာပဲ။ တောမုံ့ဆီကြော်နဲ့ ပဲခွေတွေကတော့ ကိုယ်တိုင်လက်နဲ့ ကြော်ကြတာ။ အခုဆုတောင်းတာတွေက အင်တာနက်လမ်းပေါ်က ကောက်လာတာတွေ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၆ ၃၁-၁၂-၂ဝ၁၈

သတ်ပုံဇောက်ထိုးနဲ့ နိဗ္ဗာန်ဂိုးချင်သူ

Image
ကွန်မင့်တခုရတယ်။ သတ်ပုံကိစ္စ အဓိကမဟုတ် ဆရာ ကျန်းမာပျော်ရွှင် နိဗ္ဗာန်မြင်ရင် ကျေနပ်လျက် တဲ့။ ပရမတ္ထစက္ခုကျမ်းမှာ သည်လိုရေးထားတယ်။ တခုတည်းထင်မှတ်၊ မျှင်မပြတ်လျှင်၊ ပညတ်ပင်။ အများထင်မှတ်၊ အမျှင်ပြတ်မှ၊ ပရမတ်။ တစ်ခုတည်းမဟုတ်ပါ။ သတ်ပုံမှန်မှ တရားလည်းမှန်၏။ သတ်ပုံဇောက်ထိုးနဲ့တော့ နိဗ္ဗာန်ကို အတည့်မြင်မယ် မထင်ပါ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၇ ၃၁-၁၂-၂ဝ၁၈

သုပ် တုပ် တုတ်

Image
အသက် ၂၄ပါရှင့် မ ပါ ငါးပိရည်တို့ အမဲသားတို့စားရင် သုပ်ထိုးပါတယ်ရှင့် ဘာကြောင့်လဲရှင့် အဒါစားမှ ထိုးတာ ဘာဆေးသောက်ရမလဲရှင့်။ မေးခွန်းကို သိပ်နားမလည်ပါ။ သုပ်ဆိုတာ စေပါလက်သုပ် (အစေအပါး)၊ ပေါင်းမြက်သုပ်သင်၊ ဟင်းလျာလက်သုပ်၊ လက်ဖက်သုပ်၊ အသုပ်စုံမှာသာရေးတယ်။ တုပ်ဆိုတာ တုပ်ကွေး၊ တုပ်ကွရိုသေ၊ တုပ်တုပ်ကွကွ၊ တခါးမင်းတုပ်၊ ချည်နှောင်တုပ်၊ ပတ်ကြမ်းတုပ်သည်၊ ပုဆစ်တုပ်၊ သန်းဥတုပ်၊ ပုစွန်တုပ်၊ ပျားတုပ်၊ ကင်းတုပ်မှာ ရေးရတယ်။ သန်ကောင် တုတ်ကောင်လား စဉ်းစားရတယ်။ ဆရာဝန်ဆိုတာ ရမ်းမဖြေရ။ ရမ်းပြီးဆေးမပေးရပါ။ တုတ် ငှက်ခရုတုတ် ဆားထောင်တီးတုတ် တီးတုတ်ငှက် တုတ်ခတ် တုတ်တိုင်စိုက် တုတ်တုတ်စီးသည် တုတ်တုတ်မလှုပ် တုတ်တုတ်ဖြူဖြူ တုတ်တုတ်မြည် တုတ်တုတ်ဝဝ တုတ်နာ တုတ်ပိုး တုတ်လက်နက် တုတ်လှံကန် တုတ်ထောက်သည် ပလုတ်တုတ် ပိုးလောက်တုတ် ပုစွတ်တုတ် ဖွံ့ဖွံ့တုတ်တုတ် ကြမ်းတံတုတ် ကြိုးဖြင့်တုတ် မခိုင်တုတ်တက် မှိတ်တုတ်မှိတ်တုတ် ရှဥ့်ကတုတ် အခွန်အတုတ် နောက်တုတ် မြေကတုတ် သန်ကောင် တုတ်ကောင်ထိုးတာဆိုရင် အစာလမ်းမှာရှိနေတယ်။ နောက်ထပ်ဘာစားစား မစားစား၊ သန်ချဆေး စနစ်တကျ မသောက်ရင် ထိုးနေမှာသာဖြစ်တယ်။ ဒေါက်တာ

Terrible Books Written by Dictators အာဏာရှင်တို့၏ ကြောက်စရာကောင်းသောစာအုပ်များ

Image
သုတေသနစာတမ်းတခုကို ကိုးကားရေးပါရစေ။ Stalin စတာလင်ရေးခဲ့တာ The Foundations of Leninism စာအုပ်။ Hitler ဟစ်တလာရေးတာ Mein Kampf စာအုပ်၊ Mussolini မူဆိုလီနီရေးတာ My Life စာအုပ်နဲ့ Mao မော်စီတုန်းရေးတာ Little Red Book စာအုပ်တွေဖြစ်ပါတယ်။ ဟစ်တလာဟာ သူ့ကိုယ်သူ စာရေးကောင်းသူမဟုတ်မှန်းသိပါသတဲ့။ Mein Kampf စာအုပ် ၂ တွဲရေးခဲ့ပါတယ်။ စတာလင်ဟာ ငယ်စဉ်က Iveria ဂျာနယ်မှာ ကဗျာတွေရေးခဲ့သူဖြစ်တယ်။ မူဆိုလီနီရေးတဲ့ စစ်တွင်းဒိုင်ယာရီကတော့ ကောင်းတယ်လို့ဆိုပါတယ်။ ပဌမကမ္ဘာစစ်နောက်ခံဖြစ်တယ်။ Saddam Hussein ဆဒမ်ဟူစိန်ကလည်း Zabiba and the King အချစ်ဝတ္ထုရေးခဲ့ပါသေးတယ်။ ကျူးဘားအာဏာရှင် Fidel Castro ဖီဒယ်ကက်စထရိုက Ernest Hemingway ဟယ်မင်ဝေးရဲ့စာဖတ်ပရိတ်သတ်ပါတဲ့။ အဲဒီနိုဗယ်ဆုရှင်နဲ့ ၂ ကြိမ်တွေ့ပြီး၊ သူ့စားပွဲမှာ လက်မှတ်ထိုးထားတဲ့ပုံထားတယ်။ သူက အရေးသမားမဟုတ်။ အပြောသမား။ ၁၉၆၀ ခုနှစ်တုန်းက ကုလသမဂ္ဂမှာ ၄ နာရီနဲ့ ၂၉ မိနစ်ကြာမိန့်ခွန်းပြောခဲ့တယ်။ သူ့တိုင်းပြည်က လူတွေဆိုရင် ဒိထက်ပိုကြာအောင် မိန့်ခွန်းချွေပါတယ်။ Chairman Mao ဥက္ကဌကြီးမော်က ၁၉၆၀ ကျော်တွေမှာ chart-topping pop ပေါ့ပ်သီချင်းတွေ ကြိုက်ခဲ့သူဖြစ်တယ်။ သူကလ

OD တနေ့တကြိမ်

Image
ဆရာဝန်တွေက ဆေးစာရေးရင် အတိုကောက်စာလုံးတွေကို သုံးတယ်။ တကမ္ဘာလုံးကဆရာဝန်တွေက သုံးပါတယ်။ ဆေးဆိုင်တွေကလည်း ဖတ်တတ်တယ်။ မြန်တယ်။ တိကျတယ်။ OD တနေ့တကြိမ် BD/BID တနေ့နှစ်ကြိမ် TDS တနေ့သုံးကြမ် QID တနေ့လေးကြိမ် PRN/SOS လိုအပ်တဲ့အချိန် HS/BT အိပ်ရာဝင်ချိန် CM မနက်အိပ်ရာထချိန် စိတ်ကျရောဂါဆေး၊ အလာဂျီဆေး၊ ရင်ပူဆေးတွေကို တနေ့မှာ တကြိမ်တည်းသာ သောက်ရတယ်။ စိတ်ကျဆေးကို မနက်မှာသောက်ပါ။ အရိုးအားနည်းရောဂါဆေးကို မနက်မှာသောက်ပါ။ ရင်ပူသက်သောစေတဲ့ဆေးကို ညစာစားချိန်မှာသောက်ပါ။ အလာဂျီဆေးကို ညစာစားချိန်မှာသောက်ပါ။ ကိုလက်စထောကျဆေးကို အိပ်ရာဝင်ချိန်မှာသောက်ပါ။ သွေးတိုးကျဆေးကို အိပ်ရာဝင်မှာသောက်ပါ။ ရီဖမ်ပစ်စင် ခေါ် တီဘီဆေးကို အစာမစာမီသောက်ပါ။ ကိုယ်ဝန်တားဆေးကို နေ့စဉ် အချိန်မှန်သောက်ပါ။ ကယ်လ်စီယမ်ဆေး အစာစားပြီးသောက်ပါ။ သံဓါတ်အားဆေး အစာမရှိချိန်သောက်ပါ။ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေဆေးတွေကို အဆီပါတဲ့အစားအစာနဲ့အတူသောက်ပါ။ ဗီတာမင်ဘီအုပ်စုဆေး မနက်တကြိမ် ညနေတကြိမ်သောက်ပါ။ ဗီတာမင်စီကို မနက်တကြိမ် ညနေတကြိမ်သောက်ပါ။ ငါးကြီးဆီကို မနက်တကြိမ် ညနေတကြိမ်သောက်ပါ။ ပရိုဘိုင်အောတစ်ဆေးကို အစာမစာမီ မိနစ် ၃၀ ကြိုတင်သေ

ဒေါင်းမြန်မာဘတ်စာ

Image
ကျွန်တော်တို့ခေတ်က ကျောင်းတွေမှာ ပြဋ္ဌာန်းတယ်။ ဒေါင်းဘတ်စာလို့ အလွယ်ခေါ်ကြတယ်။ တလောက ခွပ်ဒေါင်းတွေ ပြန်ဆုံကြတဲ့ပွဲဖိတ်စာမှာ ဒို့တစ်တွေလို့ ရေးတယ်။ ကျောင်းသားမဟုတ်သူတွေကို ကဒေါင်းတွေလို့ ပြောလေ့ရှိတယ်။ သူတို့ကလည်း တို့တစ်တွေတဲ့။ တနေ့က ဆေးမန်းကသူငယ်ချင်းတွေပြန်ဆုံကြတဲ့ပွဲမှာ တို့တတွေလို့ ရေးတယ်။ ဆရာဝန်တွေက ဒေါင်းဘတ်စာအုပ်စု။ ဒီမိုကရေစီရေးဆိုတာ တကို တစ်ရေးခိုင်းတာကိုးလို့ သဘောပေါက်သွားတယ်။ ဒေါက်တာတင့်ဆွေ ၃၀-၁၂-၂၀၁၈

Wish ကျွန်တော့် ဆုတောင်း

Image
သတ်ပုံအမှားတွေပါတဲ့ ဆုတောင်းစာတွေ ရာသီတိုင်းမှာ လာတယ်။ သင်္ကြန်၊ သီတင်းကျွတ်၊ နှစ်သစ်ကူး။ နှစ်ကူးပြောင်းတော့မဲ့ ဒီဆောင်းရာသီမှာ🎵 ✨ ✨🌻  ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨ ✨🌹  အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨ ကြံစည်လို့သာ ရေးရတယ်။ စဉ်တိုက် ဆက်တိုက်၊ စီစဉ်သည်၊ ပျက်အစဉ် ပြင်ခဏ၊ လွင့်စဉ်၊ သွားစဉ်လာစဉ်၊ အစဉ်မပြတ်၊ အစဉ်အလာ၊ အစီအစဉ်၊ နေ့စဉ်မှတ်တမ်း။ လှူဒါန်းသည်၊ ပေးလှူသည်၊ အလှူတော်၊ အလှူအတန်း၊ အလှူဒါန လို့ရေးရတယ်။ နာမ် နဲ့ ကြိယာ အသုံးမတူပါ။ အမှားတွေ မဝေသင့်။ အမှားတွေ မရေးသင့်။ အမှားတွေ နှစ်သစ်မှာ ယူမလာသင့်ကြပါ။ အဲတာ ကျွန်တော့် ဆုတောင်း။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၈

Never Send To Me နောက်တသက်လုံး ဘယ်တော့မှ မပို့ပါရန်

Image
တရားစာ ဆုတောင်းစာ ဗီဒီယိုဖိုင် သီချင်းဖိုင် သတင်း အတင်းအဖျင်း ဘုရားပုံ နိုင်ငံရေးသမားပုံ သတ်ပုံမမှန်တဲ့ စာ နောက်တသက်လုံး ဘယ်တော့မှ မပို့ပါရန် အခုတလော တယောက်ပြီးတယောက် ဆရာတော်ကြီးတပါးစာဆိုပြီး ပို့နေကြတယ်။ တစ်သတ်ပုံတော့ မပြောလိုတော့ပါ။ ၉၉% က ကျွန်တော်နဲ့သဘောမတူကြလို့။ မဲ နဲ့ မည်းလည်း မှားနေတယ်။ မဲ မဲခိုးသည် မဲချသည် မဲဇလီပင် မဲဇာမြစ် မဲဇာတောင်ခြေ မဲတင်းသည် မဲကြိုး မဲနယ် မဲမဲသဲသဲ မဲပြား မဲပြာပင် မဲရဉ်းပင် မဲလိပ် မဲလိမ်သည် မဲဝယ်သည် မဲတောင်းသည် မဲပေးသည် မဲပေါက်သည် သဲသဲမဲမဲ အမဲသားငါး အမဲဟင်းလျာ အမဲခြောက် အောက်မဲညိုပင် မည်း ခမည်းခမက် ခမည်းတော် ခမည်းပေးသည် တလမည်း (ရာဇာဓိရာဇ်၏သမီးတော်) နက်မည်း မည်းချိပ်ချိပ် မည်းနက် မည်းပုပ် မည်းကြုတ် မည်းကျော မည်းနှမ်း မှိုင်းမည်းမည်း မျက်နှာမည်း ရမည်းသင်းမြို့ စောမည်း (မင်းကြီးစွာစော်ကဲ၏ငယ်ကျွန်တော်) တောကြီးမျက်မည်း ဒေါက်တာတင့်ဆွေ

တခုသော

Image
ဆရာဇော်ဂျီရေးတဲ့ကဗျာ တခုသောသင်္ကြန်အခါ။ တစ်လို့ရေးသူတွေ ဇော်ဂျီထက် တော်သည်မထင်ပါ။ ဒေါက်တာတင့်ဆွေ

Fetal Heart Rate သန္ဓေသားနှလုံးခုန်နှုန်း

Image
ဆရာရှင့် ကျမ အသက် ၂၆နှစ်ပါ အိမ်ထောင်သက် 8လ ရှိပါပြီ 17.7.2018 နေ့မှာ ကျွန်မ ဆီးလမ်းကြောင်း ပိုးဝင်လို့ နေမကောင်းဖြစ်ခဲ့ပါတယ် အဲဒီနေ့မှာ အန်ထွာဆောင်း ရိုက်တော့ ကလေး နှလုံးခုန်နှုန်း၁၈၀ ဖြစ်နေပါတယ်  22.7.2018 တွင် ၁၄ပတ် ရှိပြီဖြစ်တဲ့ ကိုယ်ဝန်အား ကလေးနှလုံးခုန်ရပ်လို့ သားအိမ်ခြစ်ခဲ့ရပါတယ် သန္ဓေသားရဲ့ နှလုံးခုန်နှုန်း အမှန်က ဘယ်လောက်ရှိသင့်ပါသလဲရှင့် မိခင်ရဲ့ နှလုံးခုန်နှုန်းကရော ပျမ်းမျှ ဘယ်လောက်ရှိသင့်ပါသလဲရှင့် ကိုယ်ဝန်မှာ အထဲကကလေးနှလုံးခုန်နှုန်း ၁၂ဝ ကနေ ၁၆ဝ အထိရှိတာပုံမှန်။ ကိုယ်ဝန် ၆ ပတ်ရရင် စပြီး တိုင်းတာနိုင်။ ၁ဝ ပတ်ရရင် ၁၇ဝ အထိရှိလာနိုင်။ မွေးကာနီးမှာ ၁၃ဝ ရှိတတ်။ ၃ ပတ်ဆိုရင် သန္ဓေသားနှလုံးစလှုပ်နေပြီ။ ၆ ပတ်ထက်မစောမှသာ အာထွာဆောင်းကနေသိနိုင်တယ်။ တမိနစ်မှာ ၁၀၀၊ ၁၂၀ ကနေ ၁၆၀ ရှိမယ်။ ၁၀ ပတ်ဆိုရင် ၁၇၀ အထိတိုးလာမယ်။ ၁၄ ပတ် ၁၅၀၊ ၂၀ ပတ် ၁၄၀ နဲ့ မွေးကာနီးတော့ ၁၃၀ ဖြစ်မယ်။ ကလေးတွေရဲ့နှလုံးခုန်နှုန်း မွေးကာစ = 125 beats/min (70 to 190 beats/min) တနှစ်အောက် = 120 beats/min (80 to 160 beats/min) ၃-၄ နှစ်အရွယ် = 110 beats/min (80 to 130 beats/min) ၆ နှစ်အရွယ် = 100 beats/min (75 to 115 beats

မျက်နှာ

Image
ကိုယ့်မျက်နှာကို တရွာမှတ်ထင်၊ ကိုယ့်ကိုခင်သည့် ချစ်ကြင်သူလေးရေ တရက်တရွာ၊ တမျက်နှာ ဆက်ကာ ဆက်ကာ ပြောင်းခဲ့ပြီ။ အသက် ၂၀ အမှန်မျက်နှာ၊ ငါကြည့်မှာပေါ့ ဘာမျှကိုယ်ကျိုး မကြည့်နိုင်။ အသက် ၃၀ မှန်တိုင်း မဟုတ်၊ အလုပ်မျက်နှာ ငါကြည့်မှာပေါ့ ဒါမှ အလုပ်ဖြစ်မယ်။ အသက် ၄၀ မှန်သည်ကိုသိ၊ ကြည့်မနေနိုင် အလုပ်ကိုသိ၊ ကြည့်မနေနိုင် မယား၏မျက်နှာ သား၏မျက်နှာ၊ ကြည့်ရပါပြီ မှန်ရာ မလုပ်ဝံ့တော့ပြီ မှန်ရာမလုပ်၊ ရန်ငါရှုပ် ကုပ်ကုပ်ကလေး ကွေးရပြီ။ အသက် ၅၀ ၆၀ ၇၀့ အရွယ်ကြီးမှ၊ လူမုန်းမခံမခံပါရစေနှင့် လောကဆိုတာ သည်လိုပေါ့ကွယ်။ ဆရာတင်မိုး ချင်းတိုင်းရင်းသားယဉ်ကျေးမှုမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ကဗျာ။ ပုဂံကျောင်းက ခေါင်းလောင်းသံစာအုပ်မှာ ပါတဲ့အတိုင်း ကူးယူတင်ပြပါတယ်။ ဆရာရေးတဲ့ မြန်မာစာသတ်ပုံကို လေ့လာကြစေလိုပါတယ်။ ဆရာတင်မိုးကဗျာပေါင်းချုပ်စာအုပ်အထူကြီးထဲမှာ ဆရာ့ကဗျာတွေကို တစ်တွေနဲ့သာရိုက်နှိပ်ထားတယ်။ ကျွန်တော်တို့နဲ့ ဒေလီမှာတွေ့ကြတော့ ဆရာက တကို တစ်လုပ်နေကြတာကို ပြောမသွားပါ။ အရွယ်ကြီးမှ၊ လူမုန်းမခံမခံပါရစေနှင့် လောကဆိုတာ သည်လိုပေါ့ကွယ်လို့ သူ့ကဗျာမှာ ဖြေထားပြီးသားကိုးလို့ နားလည်ရပါတော့တယ်။ ကျွနု

ရှစ်လည်းမှားတယ် တစ်လည်းမှားတယ်

Image
လူရှိခိုးတာတော့ တော်လောက်ပြီ။ တချို့က ဘုရားရှစ်ခိုးပြီးလို့ ရေးကြတယ်။ မှားနေတယ်။ ဘုရားရှိခိုးလို့သာ ရေးရတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်လည်း မှားတယ်။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်လို့ ရေးရတယ်။ သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၆ ၃ဝ-၁၂-၂ဝ၁၈

U Kaung ကင်းဝန်မင်းကြီး ဦးကောင်း

Image
ကျွန်တော် ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အသက်လုထွက်ပြေးရတော့ တခြားဟာတွေနဲ့အတူ ဘွဲ့လက်မှတ်နဲ့ ပန်းချီပုံလေးတွေ သယ်မလာနိုင်တဲ့အတွက် ခုထိစိတ်မကောင်းဖြစ်ပါတယ်။ ဆေးကျောင်းနောက်ဆုံးနှစ်တုန်းကဆွဲခဲ့တဲ့ ကင်းဝန်မင်းကြီးဦးကောင်းပုံကို မနှစ်က ဒီနေ့မှာ ပြန်တွေ့ရတယ်။ အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။ အရင်က (မုံတိုင်ပင်) လို့ ရာဇဝင်စာအုပ်တွေမှာ ရေးတယ်။ ငယ်ငယ်တုံးက ကင်းဝန်ရဲ့အမျိုးလို့ ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁ဝ တန်းတုံးက ကင်းဝန်နွယ်ဘာညာဆိုပြီး ကလောင်နာမယ်ယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ်စာစောင်မှာ တာဝန်ယူရဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေးဘလော့ခ်ကို ပုလဲသွယ်လို့ နာမည်ပေးခဲ့တယ်။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီးဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဥ

ပြားပြီး ပျောက်ရတော့မည်လော

Image
သူတပါးနင်းနေကြသည့် ခြေဘဝါးအောက်တွင် ပြားပြီးပျောက်ရတော့မည်လော မြန်မာပြည် နင်းပြားဘွဲ့ လေးချိုးကြီး သူတစ်ပါးနင်းနေကြသည့် မဟုတ်။ ကျွန်သပေါက်တစ်မျှသူငါကြုံ မဟုတ်။ ပြည်တစ်နယ်နိုင်ငံဝေးဆီက အမွေးမှာ ထူဗလဗွာနှင့် မဟုတ်။ ဗမာမလူသာအောင် နေရာတစ်ကာမှာများရာမှ မဟုတ်။ ဇာတ်တစ်ဖြာ ပတ်ကာပိုးပါလို့ မဟုတ်။ ဘေးက တစ်ငွေ့ငွ့ တစ်ဖြည်းဖြည်းတွေ့ရမှာမို့ မဟုတ်။ တို့ဗမာ မြိုင်တိုင်းရယ် နယ်တစ်ကာ၌ မဟုတ်။ ရက်စက်သူ မျက်နှာဖြူတစ်သင်းတို့မှာ မဟုတ်။ ပြည်မြန်မာတစ်ခွင်မှာ မဟုတ်။ တစ်ကဲ့အချက် ရှက်ဖွယ်ရာကိုစော မဟုတ်။ သခင်ကိုယ်တော်မှိုင်းထက် သာတယ်ထင်နေသူများကြောင့် မြန်မာစာသတ်ပုံ ပြားပြီးပျောက်ရတော့မည်လော။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၇ ၃ဝ-၁၂-၂ဝ၁၈

Certificate of Graduation ဆေးပညာဘွဲ့

Image
ကျွန်တော့်ဘွဲ့လက်မှတ်ပုံကို တမြန်နှစ်က ဒီနေ့မှာပြန်ရတယ်။ တိုင်းပြည်ကနေထွက်ပြေးရစဉ်က ဒါမျိုးတွေကို သတိမရပါ။ အသက်လုပြီးသာ ပြေးခဲ့ရတာ။ ကျန်ခဲ့တဲ့မိသားစု လိုက်လာကြတော့လည်း မိတ္တူသာယူလာနိုင်တယ်။ အခု တူတယောက်က လှမ်းပို့တယ်။ ကျွန်တော့်ဘွဲ့နံပါတ် ၅ဝဝ ကိုမမေ့ပါ။ အမျိုးသားမှတ်ပုံတင်အမှတ်လည်း အလွတ်ရတယ်။ ကျောင်းစာတွေ အတော်များများကို မမေ့သေး။ ဘွဲ့လက်မှတ်မပါလည်း ဆေးပညာကို မမေ့ပါ။ မမေ့တဲ့ မြန်မာစာသတ်ပုံထောက်ပြတာကို ရန်လုပ်တယ် အထင်ခံရတယ်။ လက်မှတ်ရှိတဲ့သူ၊ ကုလားထိုင်ရှိတဲ့သူပြောတာက အမှန်လို့ထင်နေကြတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၆ ၃ဝ-၁၂-၂ဝ၁၈

Pork Curry ဝက်သားဆီပြန်

Image
နှစ်သစ်ကူး ဆုတောင်းစာတွေ မနှစ်ကလောက်တော့ မများသေးပါ။ ဆုတောင်းစာတွေလာရင် တောဘုန်းကြီးကျောင်းကို သတိရတယ်။ ဆွမ်းလောင်ပွဲတွေမှာ ဟိုအိမ်ကဆွမ်းဟင်းတမျိုး သည်အိမ်ကတမျိုး လောင်းလှူကြတယ်။ တောမှာ ရတဲ့အသားဟင်းကို အိမ်တိုင်းလိုလိုက ဆွမ်းဟင်းလုပ်ကြရတာ။ ဟင်းချက်နည်းလက်ရာကတော့ မတူကြပါ။ နနွင်းမှုံ အနည်းအများမတူ။ အစပ် ပါ မပါ မတူ။ အရည်နဲ့ ဆီပါတာမတူ။ အရောအနှောထည့်တာလည်း မတူကြပါ။ ဘုန်းတော်ကြီးတွေ ဘုန်းပေးရတာ အဆင်ပြေပါတယ်။ ခုခေတ်တော့ သိပ်မသိပါ။ ခုခေတ်ဆုတောင်းစာတွေက ဘာနဲ့တူလဲဆိုတော့ ကိုယ်တိုင်ချက်ပြုတ်ကြတာ မဟုတ်။ ဆိုင်ကနေ ဝယ်ကြတာ။ ဆိုင်ကလည်း များများရှိပုံမရ။ ဆုတောင်းစာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေက ထပ်နေတယ်။ ဝက်သားဆီပြန်တွေချည်းပဲ။ မနက်ပြန်ညပြန် အီနောက်နေတာပဲ။ အိပ်မှာပြုတ်တဲ့ပဲက တခွက်တလေသာပါတယ်။ ကိုယ်တိုင်ထောင်းထားတဲ့ ငရုတ်သီးကလည်း မနည်းလိုက်ရှာရတယ်။ ကိုယ်ပိုင်လက်နဲ့ လုပ်တတ်တဲ့သူ အတော်ရှားသွားပြီ။ အကုန် အတုတွေချည်းပဲ။ (ဝက်သားမစားသူများ ကန်တော့ပါ) ဒေါက်တာတင့်ဆွေ ၃၀-၁၂-၂ဝ၁၈

Obeisance ကန်တော့ခြင်းအမှု

Image
မြန်မာပြည်မှာလို ကန်တော့ခြင်းအမှုနဲ့ တိတိကျကျတူတာ တခြားမှာ မရှိပါ။ သူများတွေဆီမှာ လက်ဆောင်ပေးတဲ့ သဘောသာ များတယ်။ မြန်မာပြည်မှာ ဘာသာရေးအရရော ယဉ်ကျေးမှုအရပါ ကန်တော့ကြတယ်။ ရတနာသုံးပါး၊ အနန္တငါးပါး၊ သက်ကြီးရွယ်အိုများကို လက်အုပ်ချီပြီး ကန်တော့ကြတယ်။ ထိခြင်းငါးပါးလို့လည်း သင်ကြာပေးတယ်။ စင်ပေါ်ကနေ ဖျော်ဖြေကြတဲ့ အနုပညာရှင်တွေကလည်း ပရိသတ်ကို လေးစားသမှုနဲ့ လက်အုပ်ချီကြပါတယ်။ ကျွန်တော့်လက်ရှိအဖြစ်က တမျိုး။ မေးခွန်းတွေမှာ ကန်တော့ပါနဲ့စရတာက တဝက်ကျော်လောက်ပါတယ်။ မျိုးပွားလမ်းနဲ့ အညစ်အကြေးနဲ့ ဆိုင်တာတွေ ဖြေရတဲ့အခါ။ ကျွန်တော်ရေးနေရတဲ့ ကန်တော့ပါက တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပါသဘောဖြစ်ပါတယ်။ အင်္ဂလိပ်လို Pardon စာလုံး သဘောဖြစ်တယ်။ အပြစ်လွှတ်ပါလို့ ဆိုလိုပါတယ်။ Proskyneo ခေါ်တဲ့ ဂရိစာလုံးကို ခရစ်ယန်ကျမ်းစာထဲမှာ ခရစ်တော်ရှေ့မှာ ဦးနှိမ်ချခြင်း၊ ကိုးကွယ်မှုပြုခြင်းလို့ သုံးနှုံးပါတယ်။ ကျွန်တော့်အရင်အဖြစ်က တမျိုး။ ပြည်ပနိုင်ငံရေးလုပ်နေစဉ်က အခမ်းအနားတွေမှာ သဘာပတိအဖွဲ့နဲ့ သက်ကြီးပူဇော်ပွဲမှာ တခြားပုဂ္ဂိုလ်တွေနဲ့ အတူတွဲထိုင်ရတတ်တယ်။ ကျွန်တော်က စာရင်းဖတ်ကြည့်ပြီး တခါတခါ မတက်ခဲ့ပါ။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂၀၁၈

How to Eat for Better Blood Sugar ဆီးချိုသမား အချိုဘယ်လောက်စားမလဲ

Image
အခုစာက သူများတိုင်းပြည်ကဆေးပညာစာကို ကိုးကားရေးတာပါ။ သူတို့ဆီမှာ စားတာသောက်တာက ကျွန်တော်တို့တိုင်းပြည်နဲ့ အတော်ကိုမတူပါ။ အတတ်နိုင်ဆုံး ဆီလျှော်အောင်တော့ ကြိုးစားရေးပါမယ်။ လူတိုင်းဟာ နေ့တိုင်း အချိုဓါတ်စားကြရတယ်။ သကြားလို့လည်းခေါ်တယ်။ ဂလူးကို့စ်လို့လည်းခေါ်တယ်။ သကြားနဲ့ ထန်းလျက်မှာသာမဟုတ်ပါ။ အစားအသောက် အတော်များများမှာ အဲဒီအချိုဓါတ်ပါတယ်။ အချိုဓါတ်သွေးထဲရောက်လာတာနဲ့ ခန္ဓာကိုယ်စနစ်ကနေ ထိန်းပေးတယ်။ အဲဒီစနစ်မှာ ချို့ယွင်းနေသူ ဆီးချိုရောဂါရတယ်။ ဆီးချိုရှိနေသူ အစားအသောက်ကို သည်လိုခွဲခြားပါ။ ၁။ အသီးအရွက်တွေကရတဲ့အချိုဓါတ်က ၅၀% ရှိပါစေ။ ၂။ ပရိုတင်းဓါတ် (အသား-ငါး-ဥ-ပဲ) ၂၅% နဲ့ ၃။ ဆန်၊ ဂျုံ၊ ပြောင်း ကရတာလည်း ၂၅% ရှိပါစေ။ ၄။ အသီးတမျိုးမျိုးလည်း ပါပါစေ။ အဲဒီအစားအစာတွေကရတဲ့ အချိုဓါတ်ရာခိုင်နှုန်းကိုပြောတာလို့ သတိပြုရပါမယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂၀၁၈

ဆူးဋီကာ

Image
ပူပူနွေးနွေးသတင်းလေးတခုအတွက် ကာတွန်းတခုဖတ်ရတယ်။ အရိုးဆူးမယ် တဲ့။ အဓိပ္ပါယ်ကောင်းပါတယ်။ ဆူးနဲ့ စူး သတ်ပုံလွဲနေတယ်။ မေးခွန်းတွေမှာ စူးကို ဆူးလို့၊ ဆူးကို စူးလို့မှားရေးနေကြတယ်။ ၁။ ဆရာရှင့် ကျွန်မကအသက်၂၄ ပါ အိမ်ထောင်ရှိပါတယ် အိမ်ထောင်ကျပြီးတည်းက တခါတလေကျရင် မိန်းမကိုယ်က ဆူးပြီးအောင့်ပါတယ် အိပ်နေတဲ့ချိန်ပဲဖြစ်တာပါရှင့် ဘာဖြစ်တတ်လဲဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့် ၂။ ဆရာခင်ဗျ ငါးရိုးဆူးနေလို့ လမ်းညွှန်ပြပါခင်ဗျာ လေးစားစွာဖြင့် ၃။ ဆရာရှင့် သမီးလေးက တနှစ်နဲ့ ၇လပါ ငါးအရိုးဆူးနေလို့ပါဆရာ။ အရေးပေါ်ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်ရမလဲရှင်။ တောမှာနေတာဆိုတော့ ဘယ်ကိုမှသွားလို့မရပါ။ အကူအညီတောင်းပါတယ်ရှင်။ ၄။ ကျွန်တော် အခုတလော လျှာအောက်က အသားက ဆူးဆူးပြီး ယားနေပါတယ်ဆရာ။ ၅။ ဆရာ သမီးက ၃၃နှစ်၊ ဘယ်ဘက်ရင်အုံနားက တခါတခါ ဆူးပြီးနာတယ်ဆရာ။ ၆။ ဆရာမင်္ဂလာပါရှင့်။ သမီးအသက်က၂၆ နှစ်ပါရှင့်။ သမီးမိန်းမကိုယ်က ဆူးဆူးနေတယ်ဆရာ။ စူး စူးစမ်းပါ စူးစမ်းရှာဖွေသည်။ စူးစူးစိုက်စိုက်ကြည့်သည် စူးစူးရားရား (ထက်မြက်) စူးစူးဝါးဝါး (စူးစူးရွားရွား) စူးထိုးစိုက်ပျိုးသည် စူးရှသောအမြင်ရှိသည် စူးရှတဲ့အရသာ ဆူးစူးသည် အမြင်စူ

Gum Discoloration သွားဖုံးမည်းနေလို့ပါရှင်

Image
ရေးထားတာ ၆ နှစ်ကျော်ပြီ။ ပါးစပ်ဟလိုက်ပြီး အပြုံးမျက်နှာက လှနေတယ်ဆိုတာ ဖြူဖွေးညီညာနေတဲ့သွားနဲ့ မပြည့်စုံပါ။ သွားဖုံးတွေလဲ ပန်းရောင် တညီတညာတည်း သန်းနေရပါဦးမယ်။ သွားဖုံးအရောင်နဲ့ အသားရောင်က ယေဘုယျတူကြတယ်။ Periodontal Disease သွားဖုံးရောဂါရှိနေသလား။ သွားဖုံးကိုရော၊ အရိုးနဲ့ ဘေးနားက (တစ်ရှူး) တွေကိုပါ ရောဂါ ရစေတယ်။ Plaque (ပလိပ်) ခေါ်တာကနေ စဖြစ်တယ်။ ပိုးမွှားတွေကနေ ဖြစ်စေတယ်။ (ပလိပ်) ဖြစ်လာရင် အဲဒီအထဲမှာ ပိုးတွေအောင်းနေမယ်။ သွားဖုံး အရောင်ပြောင်းစေတယ်။ သွားဖုံးအရောင်မည်းတိုင်း ကျန်းမာရေးကြောင့် မဟုတ်ပါ။ မျိုးရိုးလိုက်ပြီး သွားဖုံးမည်းတာလဲ ရှိတယ်။ အရောင် ညိုလာ၊ မည်းလာတာဟာ Melanin (မယ်လနင်) ခေါ်တဲ့ ရောင်ချယ်တွေ ရှိသင့်တာထက် များလာလို့ ဖြစ်တယ်။ Melanin ဆိုတာ နေရောင်ထိရင် ပိုလာတယ်။ Addison’s disease, peutz jeghers syndrome, von recklinghausen’s disease ရောဂါတွေ ရှိနေရင်လဲ မယ်လနင်များနေမယ်။ ဆေးလိပ်သောက်သူတွေမှာ အရောင် ရင့်နေမယ်။ ခံတွင်းရောဂါတွေကနေလဲ သွားဖုံးအရောင် ပြောင်းလဲစေ၊ မည်းစေနိုင်တယ်။ ခံတွင်းသန့်ရှင်းရေးလိုရင်ဖြစ်မယ်။ Minocycline ပိုးသေးဆေး၊ ငှက်ဖျားဆေး၊ Tricyclic antidepressants

Baby Face Ringworm နို့ပွေး

Image
၁။ ဆရာ မင်္ဂလာပါရှင့် ကျွန်မအသက်က ၃၇နှစ်ပါ ကျွန်မသားက အသက် ၃လနှင့် ၂၇ရက်ရှိပါပြီ ခုသားသားပါးမှာ အကွက်ဖြစ်နေတာလေးသိချင်လို့ပါရှင့် တချို့ကနို့ပွေးလို့လည်းပြောကြတယ် ဖြစ်တာ ၂ပတ်ကျော်ရှိနေပြီး ပွားလာပါတယ်ရှင့် ဆရာ့ရဲ့ လမ်းညွှန်မှုလေးသိချင်လို့ပါရှင့်။ ၂။ မင်္ဂလာပါ ဆရာ သားလေးအသက် ၃လနဲ့ ၈ရက်ရှိပါပြီ။ ရိုးရိုးမွေးတာပါ။သားလေးမှာ G6PD ရှိပါတယ်။ သားလေး မျက်နှာမှာဖြစ်နေတဲ့နို့ပွေးတွေပါ သားလေး ၂လသားကတည်းက အခုထိ မပျောက်ကင်းသေးဘူးဆရာ။ ဆေးခန်းတခု သွားတော့ ပွေးလိမ်းဆေးပေးလိုက်တယ်။ ပိုဆိုးလာလို့ ဆေးခန်းတခုထပ်သွားတော့ SKAN DID ပေးလိုက်တယ် အဲ့ဒါလည်း မသက်သာလို့ သမီးဘယ်လိုလုပ်ရမလဲဆရာ ကူညီပေးပါဦး။ သမီးအစားရှောင်ပေးရင် ပျောက်ကင်းနိုင်မလား။ ၃။ မင်္ဂလာပါဆရာ။ ကျနော်သားက ၂လနဲ့ ၂၄ရက်သားပါဆရာ။ ဆောင်းတွင်းမို့လားတော့မသိဘူးဆရာ။ ကလေးက အသားတွေ အရမ်းပတ်တယ်ဆရာ။ Baby mild double milk cream တော့ လိမ်းပေးပါတယ်ဆရာ။ ဒါပေမဲ့ မသက်သာပါဘူးဆရာ။ ကလေးက အသားတွေယားလို့ လက်နဲ့ပွတ်တာ မျက်နှာတွေလဲရဲနေတာပါပဲ။ အဲဒါ ဘာဆေး လိမ်းရမလဲ လမ်းညွန်ပေးပါဆရာ။ နို့ပွေးကို Ringworm fungus လို့လည်းခေါ်တယ်။ နို့စို့ရင်းထိစပ်တဲ့ ပါးနေရာမှာ နီရဲလာရင် နို

သန္နိဋ္ဌာန်

Image
၁။ သန္ဓိဌာန် နဲ့ သန္နိဌာန် ဘယ်ဟာမှန်ပါသလဲ ဆရာ သန္နိဋ္ဌာန် ၂။ ဆရာ ဒီစာကရော အမှန်လားသိပါရစေ။ ပြခန်းလို့သာရေးရတယ်။ အဓိဋ္ဌာန်လို့ ရေးသင့်တယ်ထင်ပါတယ်။ မြန်မာအဘိဓာန်မှာတော့ ဓိဋ္ဌာန် = ကြိယာ။ အဓိဋ္ဌာန်ပြုသည်။ အဓိဋ္ဌာန = ဆောက်တည်းခြင်း၊ အကြောင်း၏တည်ရာ၊ အဓိဋ္ဌာန်လို့ ပါဠိ-မြန်မာအဘိဓာန်ကဆိုပါတယ်။ ၃။ ပို့စ်နဲ့တော့မဆိုင်ပေမဲ့ မေးပါ့ရစေ ဆရာ။ သံဒိဌာန်လား၊ သံဓိဌာန်လား သိချင်လို့ပါဆရာ။ အဓိဋ္ဌာန် = စိတ်ကို အခိုင်အမာ ဆောက်တည်ခြင်း။ သန္နိဋ္ဌာန် = ဆုံးဖြတ်ချက်။ အဓမ္မ = မသူတော်တရား၊ မတရားသောအမှု။ အဓိကရ = ထင်ရှားကြီးကျယ်သော။ အဓိပ္ပါယ် = ဆိုလိုရင်းသဘော။ အဓိပတိ = အကြီးအချုပ်။ အနမတဂ္ဂ = အစမထင်သော။ အနာဂတ် = ဖြစ်လတ္တံ့သောကာလ။ ဒေါက်တာတင့်ဆွေ

Preauricular sinus နားအပေါက်ငယ်

Image
ကျွန်တော်သမီးလေး အသက်က ၅နှစ်ပါ သူမှာမွေးရာပါ နားရဲ့ အနီးနားက အပ်ရာလောက်အပေါက်ကလေးကနေ ပြည် ထွက်လာပြီး နေမကောင်းဖြစ်နေပါတယ် စိုးရိမ်ရလားဆရာ ဘာတွေလုပ်ရမလဲ ခွဲစိပ်ရမလား မနေ့က ကလေးကပြောမှ  ပြည်တည်နေတာသိရပါတယ် ပြည်ဆိုတာ ဘယ်မှာရှိရှိ ထွက်အောင်လုပ်ရမယ်။ ပိုးသေဆေး + အနာသက်သာဆေး + ဆေးထည့်တာလိုနိုင်။ Preauricular sinus လို့လည်းခေါ်တယ်။ မွေးရာပါဖြစ်လို့ congenital auricular fistula လို့လည်းခေါ်တယ်။ တချို့မှာ အပေါက်လေးမဟုတ်ပဲ အိတ်ဖြစ်နေလို့ preauricular cyst ခေါ်တယ်။ အချိုင့်ကလေးလိုလည်းဖြစ်နိုင်တယ်။ တချို့ကိုတော့ Surgical excision ခွဲစိတ်ပေးရတယ်။ ထွက်တဲ့ပြည်က နံတယ်။ Paracetamol and Azithromycin ကလေးဆေးများ https://doctortintswe.blogspot.com/2017/08/paracetamol-and-azithromycin.html Wound Dressing အနာဒဏ်ရာ ဆေးထည့်နည်း https://doctortintswe.blogspot.com/2018/09/wound-dressing.html ဒေါက်တာတင့်ဆွေ

အဘရောဂါတမျိုး

ဘာဆေလည့် ပြောပါ ဘလိုရောဂါအတွက်ထိုရတာလည့် ဆရာ ဘလို လို့ရေးတာ မေးတဲ့သူရဲ့ အဘလိုလား၊ သူ့ဘဘလိုလားလို့ စဉ်းစားနေရတယ်။ ဘယ်လို ဘယ်ကဲ့သို့ မည်ကဲ့သို့ လို့သာရေးရတယ်။ အဲဒီအကြောင်းလည်း ၄-၅ ကြိမ်ရေးတင်ထားတယ်။ အဘ နဲ့ သမီး https://doctortintswe.blogspot.com/2018/11/blog-post_75.html ဒေါက်တာတင့်ဆွေ

Killing City သတ်ပုံသတ်နည်း မတူပါလေ

Image
မြန်မာစာသတ်ပုံအကြောင်း နေ့တိုင်းရေးပါတယ်။ မေးခွန်းတွေမှာ အမှားတွေပါနေလို့။ သတ်ပုံမမှန်တဲ့ စာရေးဆရာတွေရှိတယ်။ သတ်ပုံလွဲတဲ့ ကဗျာဆရာတွေရှိတယ်။ ကျွန်တော်ကတော့ ပေါ်လစီသတ်ပုံနဲ့ စာတွေကို ဘယ်တော့မှ မဖတ်ပါ။ ပေါ်လစီအရသတ်နည်းမှန်တဲ့သူကို ကန်တော့သူရှိတာ တွေ့လာရတယ်။ စာရေးသတ်ပုံ မှားနေတာကိုတော့ ပြင်ရင် မှန်သွားတယ်။ သတ်ပုံနဲ့ သတ်နည်း မတူပါ။ ကမ္ဘောဒီးယားမှာ ကင်းလင်ဖီးလ်သာမကာ ကင်လင်းထရီးလည်းရှိတယ်။ မြန်မာပြည်မှာ ကင်လင်းစီတီးတွေရှိတယ်။ ရန်ကုန်မှာ အများဆုံး။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂၀၁၈ ကိုယ်တိုင်ရေး သူများဖတ် သမိုင်းစာတွေ ဖတ်စေချင်လို့ ရေးပါတယ်။ သမိုင်းဖတ်ရင် မှန်တဲ့သမိုင်းစာသာဖတ်ပါရန်လို့လည်း အကြံပေးတယ်။ သမိုင်းရေးနေကြတာတွေကိုလည်း ဖတ်စေချင်သေးတယ်။ သမိုင်းပြုစုသူတွေကိုပြောတာ မဟုတ်ပါ။ ကိုယ့်သမိုင်းကိုယ် ရေးနေတာကို ပြောတာ။ တမျက်နှာမှာ ဟုတ်လှပြီ။ နောက်တရွက်လှန်တော့ အော့။ ကန်တော့ပါ။ ဒေါက်တာတင့်ဆွေ

Never Let Them See You sweat ချွေးထွက်တာ လူမမြင်စေနဲ့

Image
နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းပေးသူတွေ ဆုတူရပါစေ။ ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက်သုံးပါတယ်။ နိုင်ငံရေးမှာ ဆုတောင်းတာ သိပ်မတွေ့မိသလို ဆုပြန်ပေးစရာလဲ ရှားပါးလှတယ်။ ကျွန်တော် ပြည်ပကိုထွက်ပြေးရတော့ ပုလဲကအိမ်လေးကို စစ်အစိုးရကချိတ်ပိတ်လိုက်လို့ မိသားစုက မုံရွာသွား အိမ်ငှားနဲ့ နေကြရတယ်။ အိမ်နီးချင်းတွေက ကောင်းကြတယ်။ အဒေါ်ကြီးတယောက်က ဒေါ်မြမြအေးကို အကြံပေးတယ်။ အေးရေ မနက်မှာ သူများတွေမနိုးခင် ထ၊ အိမ်မှုကိစ္စတွေ ပြီးစီးအောင်လုပ်ထား။ သူများတွေ အိပ်ယာထလောတော့ ဘာမှ မလုပ်ရသလိုနေတဲ့။ သူ့ကြည့်လိုက်ရင် သနပ်ခါးအဖွေးသားနဲ့ အဝတ်အစားက သပ်သပ်ရပ်ရပ်။ ချက်စရာပြုပ်စရာတွေက ပြီးနေပြီ။ နေအိမ်လေးလည်း သန့်ရှင်းလို့။ ကနေ့ပြည်တွင်းမှာ အတန်အသင့်တိုးတက်ပြောင်းလဲလာတာလေးတွေအတွက် မနက်မလင်းခင်က ရှင်းလင်း သုတ်သင်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြရမှာပါ။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂ဝ၁၄ ၂၉-၁၂-၂ဝ၁၈

Estrogen မိန်းမဟော်မုန်း

Image
(ကန်တော့) အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့လူသိများတယ်။ အမျိုးသမီးတွေမှာသာရှိတာတော့ မဟုတ်ပါ။ မိန်းကလေးတွေမှာ မိန်းမနဲ့ဆိုင်တဲ့ ဝိသေသလက္ခဏာတွေဖြစ်လာစေဘို့ အီစထိုဂျင်ဟော်မုန်းလိုတယ်။ မျိုးပွါးဘို့အတွက်လည်းလိုအပ်တယ်။ မျိုးဥအိမ်တွေကနေ Estrone, နဲ့ Estradiol အများဆုံးထုတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ Estriol ကို အချင်းကနေ ထုတ်ပေးတယ်။ ကျောက်ကပ်အထက်မှာရှိတဲ့ အဒရီနယ်လင်ဂလင်းကနေလည်းထုတ်ပေးတယ်။ အဆီတစ်ရှူးတွေကပါ ထုတ်ပေးတယ်။ ရင်သားနဲ့ သားအိမ်တွေကိုသာမက ဦးနှောက်၊ အသည်း၊ နှလုံးတွေကိုပါသက်ရောက်တယ်။ သူ့ကြောင့် ရာသီဖြစ်စဉ်မှာ သားအိမ်အတွင်းဆုံးလွှာကို ကြီးထွားလာစေတယ်။ Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့ မျှခြေညီနေရင် ကျန်းမာတယ်။ ရာသီမှန်မယ်။ မျိုးပွါးနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေထဲမှာ ပါတယ်။ ဟော်မုန်းမူမမှန်ရင် တချို့ကို အိမ်ထောင်မရှိလည်း တားဆေးပေးရတယ်။ အရိုးပါးတာကို သက်သာစေတယ်။ ကယ်လ်စီယန်၊ ဗီတာမင်ဒီနဲ့ အီစထိုဂျင်တွေတွဲပြီး အရိုးကိုအားကောင်းစေတယ်။ အသက်ရလာတဲ့အမျိုးသမီးတိုင်း (၃ဝ ကျော်) မှာ ဒီဓါတ်သုံးမျိုးလိုတယ်။ အထူးသဖြင့် သွေးဆုံးပြီးရင် လိုကြတယ်။ အီစထိုဂျင်နည်းရင် ဗဂျိုင်းနာအဖုံးလွှာပါးပြီးေ

Brutus ရောမနန်းတော်ကြီးထဲမှာ

Image
အခုရက်တွေမှာ သူများတွေတင်တဲ့ ထွီတွေ ဖတ်နေရတယ်။ ကန်တော့။ ကျွန်တော် အင်နယ်လ်ဒီပါတီထဲကို ပါတီစဖွဲ့ကတည်းကဝင်ပြီး ပြည်တွင်းမှာရော ပြည်ပမှာပါ နိုင်သလောက်ဝင်လုပ်တယ်။ အခုထိ။ ပါတီတခုတည်းကလူတွေနဲ့ ပြည်ပထွက်တယ်။ ၂၄ နှစ် ကြာခဲ့တယ်။ အနည်းဆုံး ၃ ကြိမ်လောက် ဘရူးတပ်စ်လိုလူတွေနဲ့ ကြုံခဲ့ရတယ်။ တခြားပါတီ အဖွဲ့ထဲကလူလည်းပါတယ်။ ကိုယ့်ပါတီထဲကလူတွေလည်း ပါတယ်။ အစကတော့ အဟုတ်မှတ်တယ်။ အထင်ကြီးတယ်။ တာဝန်ပေးတယ်။ အားကိုးတယ်။ နောက်တော့ ဘရူးတပ်စ်ဇာတ် ခင်းတယ်။ ကိုယ်က ညံ့တာကိုး။ ရောမနန်းတော်ကြီးထဲမှာ လူအမျိုးမျိုးရှိတယ်။ ကျွန်တော်က ဆီဇာ မဟုတ်ပေမဲ့ ဇီဇာကြောင်တယ်။ ကားလမ်းဘေး ရွေးစရာဆိုင်ကလည်း တခြားမရှိ။ ဒေါက်တာတင့်ဆွေ

Specialist အထူးကု

Image
လွန်ခဲ့တဲ့ ၉ နှစ်ကရေးခဲ့တဲ့စာ နှစ်ပတ်လည်ပြန်ပေါ်လာလို့။ ဆေးပညာဘွဲ့ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့က တခြားနိုင်ငံသွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုတည်းတော့ ဘယ်ဟုတ်မလဲ၊ မရရအောင် လုပ်ရတဲ့ ကြိုးစားမှုတွေလဲ ပါရတာ။ ကံဆိုတာကလည်း လိုပြန်သေးတာ။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဖူးတယ်။ အစောပိုင်း ကာလတွေတုန်းကပါ။ အဲဒီခေတ်က ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောကတခုတည်းတော့ မဟုတ်ပါ။ ပညာရေးလောက တခုလုံးလည်း မကဘူး။ ပိုပြီးသိသာတာက စီးပွါးရေးလုပ်တဲ့လူတွေ။ ကုန်ကုန်ရေးရရင် ကိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုးစားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေ ရှိတယ်။ အမှန်က လူမျိုးတိုင်းမှာလဲ ရှိကြတာပါဘဲ။ တူတော့ မတူကြဘူးပေါ့။ ကမ္ဘာ့သမိုင်းမှာ တချို့က စစ်အင်အားအရာမှာ ခေတ်ကြီးတခေတ် ပြောင်းသွားစေအာင် စွမ်းနိုင်ခဲ့ကြတယ်။ ယဉ်ကျေးမှုသစ်ကြီးကို စတင်နိုင်သူတွေ ရှိတယ်။ တချို့က ကိုယ့်အသက်ကို စွန့်ရဲတာမျိုး။ လူမျိုးတွေလိုက် ထင်ရှားခဲ

Mood swings during menopause သွေးဆုံးချိန် စိတ်မူပြောင်းခြင်း

Image
ဆရာမင်္ဂလာပါ။ စိတ်ရောဂါဟုတ်မဟုတ်မေးချင်လို့ပါဆရာ။ အသက်က ၅၀ထဲမှာပါ။ အမေပါ။ တယောက်တည်း ဟိုးအရင်ငယ်စဉ်ကအကြောင်းအရာ (အထူးသဖြင့် စိတ်နာစရာတွေ) ထိုင်ပြောတတ်ပါတယ်။ စိတ်ကူးပေါက်ရာ ပြောတာမျိုးပါ။ ရယ်စရာရှိရင်လည်း အလွန်အကျူးရယ်ပါတယ်။ စိတ်တိုစရာမပါလည်း ဟိုးအရင်က စိတ်တိုစရာကိုပြောပြီး တတွတ်တွတ်ရွတ်ပြီး စိတ်တိုနေတတ်ပါတယ်။ စိတ်ပြေလျော့အောင် ဘယ်လိုမှ ချော့လို့လဲ မရတတ်ပါဘူး။ ထိုစိတ်နာတဲ့အကြောင်းအရာကို မပြီးဆုံးတတ်ပါဘူး။ ဒီနေ့ပြောပြီး နောက်နေ့လည်း ဒီအကြောင်းအရာပါပဲ။ တခြားဘာကိုမှ မှတ်ခိုင်းလို့လဲ မရပါဘူး။ သူမှတ်မိချင်တာဆိုလည်း သူတယောက်တည်း ထိုင်ပြောပြောနေတာပါပဲ။ တခါတလေ သူ့အကြောင်းသိလို့ သူပြောသမျှ ဘယ်သူမှ နားမထောင်ရင်လည်း စိတ်တိုဒေါသတကြီးထွက်ပြီး သောင်းကျန်းတတ်ပါသေးတယ်။ အဲဒါစိတ်ရောဂါလို့ခေါ်နိုင်ပါသလား။ ထမင်းစားရေသောက် ကျန်တာအကုန်သိပါတယ်။ တခြားဟာတွေတော့ ဘာမှ အသစ်ထပ်သင်ပေးလို့ မရတော့ပါဘူး။ သူမှတ်မိချင်တာပဲမှတ်မိတာပါ။ စိတ်ရောဂါဆိုရင် ဘယ်လိုကုသရမလဲဆရာ ဒါမှမဟုတ် ရေရှည်တိုက်လို့ရမယ့်ဆေးဝါးများရှိရင်လမ်းညွှန်ပေးပါ အသက် ၅၀။ သွေးဆုံး မဆုံး မသိ။ သွေးဆုံးကာနီးချိန် စိတ်မူပြောင်းတာဖြစ်တတ်ကြတယ်။ အလိုလိုသက်သာလာမယ်။

Patent Rights အတတ်ပညာဆိုင်ရာ မူပိုင်ခွင့်

Image
ဥပဒေအရ မှတ်ပုံတင်ပိုင်ခွင့်ဆိုတာရှိတယ်။ မြန်မာပြည်မှာက အသုံးနည်းသေးတယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ Patent Rights ဆိုတာကို သိပ်အလေးထားကြတယ်။ အဲတာသူ့ကိုယ်ပိုင်ပဲ။ အစိုးရကနေ ပေးအပ်ထားတဲ့ သည်းခြား ပိုင်ဆိုင်ခွင့်တခုဖြစ်တယ်။ ကာလသတ်မှတ်မှုရှိတယ်။ Intellectual property အတတ်ပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတခု ဖြစ်တယ်။ Intellectual property (IP) ဆိုတာ ဥပဒေအရ မိုနိုပိုလီလုပ်ပိုင်ခွင့်ရရှိထားတယ်။ Trademarks ကုန်သွယ်ရေး အမှတ်တံဆိပ်၊ Copyright ကော်ပီခွင့်၊ Patents ပေးတင့်၊ Industrial design rights စက်မှုဒီဇိုင်းအခွင့် စတာတွေ ပါတယ်။ Music တေးဂီတ၊ Literature စာပေ၊ Artistic works အနုပညာအလုပ်များ ပါဝင်တယ်။ Discoveries and inventions ရှာဖွေတွေ့ရှိမှုနှင့် အသစ်တီထွင်မှု၊ Words စကားလုံး၊ Phrases စကားစု၊ Symbols သင်္ကေတနဲ့ Designs ဒီဇိုင်းတွေလည်း အကျုံးဝင်တယ်။ ဆေးတွေလည်း သည်အတိုင်းပဲ။ ဆေးစတင်ဖေါ်စပ်တဲ့ ကုမ္ပဏီက မှတ်ပုံတင်ထားတာကို တခြားကုမ္ပဏီတွေက နာမည်တူနဲ့ ထုတ်မရပါ။ အတုတွေနေရာတကာရှိတယ်။ အတုဆိုတာ သိတဲ့အတိုင်းပဲ။ အရည်အသွေးမမီပါ။ အတုကို အားကိုးရတာ ဆင်းရဲလို့၊ ညံ့လို့။ မြန်မာပြည်မှာ စာရေးဆရာ၊ ကဗျာဆရာတွေနာမည်ကို တ

ကနေ့ညစာ ကုလားစာ

Image
မွေးနေ့ရှင် အငယ်ဆုံးသားက ကုလားဆိုင်ကနေဝယ်လာတာ။ သူကမြန်မာပြည်မှာ ဆယ်တန်းအောင်ပြီးတာနဲ့ အိန္ဒိယကို ရောက်လာသူ။ ကုလားပြည်ကအစားအစာတွေနဲ့ ၈ နှစ်ကြာ ရင်းနှီးခဲ့သူ။ ၂၄ နှစ်ကြာခဲ့တဲ့ ကျွန်တော်ကတော့ ဒေလီက မဆလာကို နည်းနည်းလေးမှ မကြိုက်။ နယူးဒေလီလို့ပြောရတာက အိန္ဒိယပြည်က ကြီးပြီး နေရာဒေသတွေမတူရင် အစားအသောက်လည်း မတူကြပါ။ တောင်ပိုင်းကအစားတွေတော့ စားနိုင်တယ်။ ဘုံဘေဘက်ကလည်း မဆိုးပါ။ အရှေ့မြောက်ပြည်နယ်တွေကတော့ မြန်မာပြည်ကအတိုင်းပဲ။ မြောက်ပိုင်းက အစားအစာတွေကို ခံတွင်းမတွေ့လှ။ အနံ့ကို ပိုမကြိုက်တာ။ ဆိတ်သားကို သရက်သီးနဲ့ချက်တဲ့ဟင်း။ နံပြားနဲ့ ထမင်း။ မဆလာနံ့ကင်းတာ ရွေးဝယ်လာတာတဲ့။ ဒေါက်တာတင့်ဆွေ ၂၈-၁၂-၂၀၁၈