Monday, April 6, 2020

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်းပေးတာဖြစ်ပါတယ်။

ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးထဲမှာ အင်တီဘော်ဒီ ခေါ် ခုခံနိုင်စွမ်းရှိတဲ့ဓါတ်ပါနေလို့ သုံးနိုင်တာဖြစ်တယ်။

ကယ်လီဖိုးနီးယားမှာ အသက် ၃၆ နှစ်ရှိ အာကာသအင်ဂျင်နီယာရဲ့ ပလာစမာကို အေပြီလ ၁ ရက်နေ့က ထုတ်ယူပြီး လူနာ ၃ ယောက်ကို သွင်းပေးပါတယ်။

Convalescent plasma ခေါ်နလံထလူနာသွေးသွင်းကုသနည်းကို တခြားရောဂါတွေမှာလည်း သုံးပါတယ်။

ကြက်ခြေနီအဖွဲ့ သွေးလှူသူတွေကို စုဆောင်းနေတယ်။ ရောဂါခံစားနေရတာ ဆိုးတဲ့အဆင့်ရောက်နေတဲ့ လူနာတွေ အတွက်သာ ဖြစ်တယ်။

ကရိုနာဗိုင်းရပ်စ်အတွက် အခုထိ ကာကွယ်ဆေး မရှိသေး။ ကုသဆေး မရှိသေးပါ။ ဘယ်ဆေးဖြစ်ဖြစ်၊ ဘယ်သမတက ပြောပြော၊ ဖေ့စ်ဘွတ်မှာ ဘာရေးရေး အတည်ပြုချက်ရထားတဲ့ ကုသဆေး မရှိသေးပါ။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

Genetic Detective Story ကရိုနာမျိုးဗီဇ စုံထောက်ဇာတ်လမ်း

ကရိုနာဗိုင်းရပ်စ် ဘယ်ကစသလဲ၊ ဘယ်လို ပြန့်ပွားလာသလဲ။ သုတေသနပြုနေသူတွေက အဲဒီ Genetic Detective Story ခေါ် မျိုးဗီဇ စုံထောက်ဇာတ်လမ်းကို အဖြေရှာနေကြပါတယ်။

ကရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ဆိုင်တဲ့ ဆေးသိပ္ပံအသိပညာ လေဟာနယ်ကနေ စရတယ်။ ဘယ်ကနေ မြစ်ဖျားခံသလဲ။ ဘယ်လိုကဘယ်လို ပိုးတွေဟာ ရေခံမြေခံကောင်းတွေ တွေ့လာသလဲ။ ထင်ကြေးတွေကတော့ အံ့သြစရာတွေ၊ မယုံကြည်နိုင်တာတွေ၊ ထင်မှတ်မထားခဲ့တာတွေက အမျိုးမျိုး။

တရုပ်ရဲ့ဇီဝလက်နက်လို့ အထင်ကနေစလာတာ။ အမေရိကန်စစ်တပ်က အဲဒီဗိုင်ရပ်စ် ကိုဝူဟန်ကို သယ်ပို့တာ။ ပိုးတွေထည့်ထားတဲ့ပုလင်း ပွင့်သွားလို့။ ဓါတ်ခွဲခန်းကနေ ထွက်တာ။ ကောလာဟလေတွေက တောမီးလောင်သလို။

နိုင်ငံတကာ သိပ္ပံပညာရှင်တွေ အတူလုပ်နေကြပါတယ်။ အဲလို nationalist-tinged conspiracy theories လူမျိုးရေးဆန်တဲ့ လျို့ဝှက်အကြံအစည် သီအိုရီတွေကို မဟုတ်ကြောင်း ဖေါ်ထုတ်ဘို့ လုပ်နေကြပါတယ်။

ဝူဟန်မှာရှိတဲ့ လှောင်ချိုင့်တွေထဲက အကောင်တွေ၊ သင်းခွေချပ်နဲ့ လင်းနို့လည်းပါတယ်။ တရုပ်လူမျိုးတွေ မွေးမြူကြတယ်။ ဝယ်ယူစားသောက်ကြတယ်။ အဲဒီ ပင်လယ်စာဈေးကလာတာ မဖြစ်လောက်။

ကိုလမ်ဘီယာတက္ကသိုလ် ပါမောက္ခ Dr. Simon Anthony နဲ့ သူတို့အဖွဲ့ PREDICT ကနေ ဆယ်စုနှစ် တခုသာသာ အတွင်းမှာ ကရိုနာဗိုင်းရပ်စ်ပေါင်း ၁၈၀ ကိုတွေ့ထားတယ်။ အခုထိတော့ ဗိုင်းရပ်စ်ပညာရှင်တယောက်ကမှ မူးရင်းဇစ်မြစ် ဘယ်ကလဲလို့ မပြောနိုင်ကြသေးပါ။

ပညာရှင်တွေလည်း တသဘောတည်း မကျသေးပါ။ တရုပ်နဲ့ အမေရိကန်တွေ ဇီဝလက်နက်ဆိုတာကတော့ အထောက်အထား သုည။

Source CNN

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

PTSD စစ်ပွဲနဲ့ စစ်သား ကရိုနာနဲ့ ကျန်းမာရေးလုပ်သား

စိတ်ဆေးပညာမှာ Post-Traumatic Stress Disorder (PTSD) ရောဂါလို့ရှိတယ်။ စစ်ပွဲပြန်စစ်သားတွေမှာ စိတ်ပိုင်း ထိခိုက်ခံရတာ။ နာတာရှည်စိတ်ဒဏ်ရာ။

ကရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအတွက် တာဝန်ယူနေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာလည်း အလားတူစိတ်ဒဏ်ရာ ရနေကြတယ်လို့ အမေရိကန်သုတေသနပြုသူတွေက ဆိုပါတယ်။

အဆိုးဆုံးဖြစ်နေတဲ့ နယူယော့မြို့က ဆေးရုံတွေမှာ အရေးပေါ်တာဝန်ယူနေရသူတွေကို လေ့လာပါတယ်။

အရေးကြီးလူနာတွေ များလာတော့ မလောက်ငတဲ့ အသက်ရှူစက်ကို ဘယ်လူနာကို ဦးစားပေရမလဲ ဆုံးဖြတ်ချက် ချရခြင်းဟာလည်း ဆရာဝန်တွေအတွက် စိတ်သောကရောက်စရာတွေထဲက တခုဖြစ်ပါသတဲ့။

ဆရာဝန်တဦးက ပြောပါတယ်။ သေဆုံးတော့မဲ့လူနာတွေကို မျက်စိအောက်မှာ မြင်တွေ့ရတာ မဆန်းတော့ပါ။ အဲတာမျိုးကို ကျော်လွှားတတ်အောင် လေ့ကျင့်ထားပြီးသားပါ။ အခုခက်နေတာက ခါတိုင်းလို လက်လျော့လိုက်ရမဲ့ လူနာမျိုး မဟုတ်ကြသူတွေနဲ့ တွေ့ရတာ။

ဆရာဝန်တွေရဲ့ စိတ်ထဲထိ ဝင်ကြည့်နိုင်စွမ်းရှိတဲ့ လူအရေအတွက် မများလှပါ။

ကျန်မာရေးမှာ တာဝန်ယူနေသူတွေ ဘယ်မှာနေနေ ကိုယ်ရောစိတ်ပါ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

CDC အကြောင်း

ကရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ရင် ယူအက်စ်အေမှာ
၁။ ကိုယ့်ပြည်နယ်ကျန်းမာရေးဌာန
၂။ CDC နဲ့
၃။ WHO တို့ကို ညွှန်းပါတယ်။

FDA အကြောင်း မနေ့က ရေးခဲ့တယ်။ ဒီစာမှာ CDC အကြောင်း ခပ်တိုတို ရေးပါမယ်။ ယူအက်စ်အေက Centers for Disease Control and Prevention (CDC) ဆိုတာ အမျိုးသား အများပြည်သူကျန်းမာရေး အင်စတီကျုတခု ဖြစ်တယ်။ အမျိုးသားဆိုတာ တပြည်လုံးနဲ့ဆိုင်တာ။ ၁-၇-၁၉၄၆ ကတည်းက ထူထောင်တယ်။ ဂျော်ဂျီယာပြည်နယ် အက်တလန်တာမြို့မှာ ဌာနချုပ် ထားတယ်။

ရည်ရွယ်ချက်တွေက အများပြည်သူကျန်းမာရေး ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ရောဂါ၊ ထိခိုက်ဒဏ်ရာ၊ ဒုက္ခိတဖြစ်ခြင်းတွေကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်တယ်။ ယူအက်စ်အတွက်သာမကာ နိုင်ငံတကာအတွက်ပါ။

infectious disease ကူးစက်ရောဂါတွေ၊ food borne pathogens အစာလမ်းကနေဝင်တဲ့ပိုးတွေ၊ environmental health ပတ်ဝန်းကျင်ကျန်းမာရေး၊ occupational safety and health လုပ်ငန်းခွင်ကျန်းမာရေး၊ health promotion ကျန်းမာရေးမြှင့်တင်ပေးခြင်း၊ injury prevention ထိခိုက်မှုနည်းစေရေးနဲ့ educational activities ကျန်းမာရေး ပညာပေးတွေ လုပ်ဆောင်တယ်။ ကူးစက်ရောဂါမဟုတ်တဲ့ obesity ကိုယ်အလေးချိန်များခြင်းနဲ့ diabetes ဆီးချို ရောဂါကိုပါ လုပ်တယ်။

Global health ကမ္ဘာ့ကျန်းမာရေး
World Health Organization (WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပြင် ကူးစက်မှုရှိတဲ့တိုင်းပြည်တွေက ကျန်းမာရေး ဝန်ကြီးဌာနတွေနဲ့ပါ လက်တွဲဆောင်ရွက်တယ်။ တိုင်းပြည် ၆၀ မှာ တာဝန်ပေးစေလွှတ်ထားတယ်။ WHO နဲ့ International Health Regulations (IHR) ကတဆင့် နိုင်ငံပေါင်း ၁၉၆ နိုင်ငံနဲ့တွဲထားတယ်။ Global Disease Detection Program (GDD) လည်းပါတယ်။ သမတရဲ့ AIDS Relief (PEPFAR) နဲ့ Malaria Initiative တွေကိုလည်း ဆောင်ရွက်တယ်။

၂၀၀၈ ခုစာရင်းအရ ဝန်ထမ်းအင်အား တသောင်းခွဲရှိတယ်။ PhD, D.O., or M.D. ဘွဲ့ရတွေက တဝက်ပါတယ်။ တခြား ပညာရှင်တွေလည်းပါတယ်။ engineer, entomologist, epidemiologist, biologist, physician, veterinarian, behavioral scientist, nurse, medical technologist, economist, public health advisor, health communicator, toxicologist, chemist, computer scientist နဲ့ statistician တွေဖြစ်တယ်။

မြန်မာပြည်အတွက် ကျွန်တော်တို့တတွေ အများကြီးကြိုးစားကြရမယ်။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

CIA စီအိုင်အေ

ဆရာခင်ဗျာ WHO နဲ့ FDA ပို့စ်တွေ့တာဖတ်မိပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်၊ CIA နဲ့ FBI လည်းသိရင် အချိန်ရရင်မျှဝေပါဦးဗျာ ကျေးဇူးပါ

ရေးဖူးတယ် ကြာပြီ။ CIA စီအိုင်အေ အကြောင်းသပ်သပ်တော့ မဟုတ်ပါ။ ရေးပါဦးမယ်။ FBI မရေးရသေး။ ဗြိတိန်က MI5, MI6 နည်းနည်းလေး ရေးဖူးတာ ရှာမရသေး။ အစ်ဇရေးလ်က Mossad မရေးရသေး။ KGB ရေးချင်သေးတယ်။

1. CIA စီအိုင်အေ တဲ့ https://doctortintswe.blogspot.com/2019/04/cia.html
2. Cuban Missile Crisis ကျူးဘား ဒုံးပျံအရေးအခင်းကြီး https://doctortintswe.blogspot.com/2018/01/cuban-missile-crisis.html
3. FBI probed whether Trump was working for Moscow ထရမ့် မော်စကိုအတွက် လုပ်ပေးနေသလား https://doctortintswe.blogspot.com/2019/01/fbi-probed-whether-trump-was-working.html
4. Fragile Empire ပြိုကွဲနိုင်ခြေရှိတဲ့ အင်ပါယာ https://doctortintswe.blogspot.com/2016/07/fragile-empire.html
5. Intelligence အပ်ကျတာတော့သိတယ် https://doctortintswe.blogspot.com/2016/02/intelligence.html
6. The CIA is dropping Burmese bombs on China https://doctortintswe.blogspot.com/2015/05/the-cia-is-dropping-burmese-bombs-on.html
7. The Ugly American ကျည်ဆန်ထွက်မှ လက်နက်မဟုတ်ပါ https://doctortintswe.blogspot.com/2018/04/the-ugly-american.html
8. ကက်စထရို https://doctortintswe.blogspot.com/2016/11/blog-post_88.html

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

Coronavirus and Pearl Harbor ကရိုနာဗိုင်းရပ်စ် နှင့် ပုလဲဆိပ်ကမ်း

အမေရိကန်စစ်တပ် ဆေးမှူးချုပ် Dr. Jerome Adams က အခုဖြစ်နေတဲ့ ကရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုနဲ့ နှိုင်းယှဉ်ပြောလိုက်ပါတယ်။

၁၉၄၁ ခု ဒီဇင်္ဘာ (၇) ရက်နေ့မှာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်းမှာရှိတဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်ကနေ ဗုံးကျဲဖျက်ဆီးခဲ့တယ်။ အငိုက်မိခံရတဲ့အမေရိကန်ပါ ဒုတိယကမ္ဘာစစ်ထဲကို ဝင်ရောက်လာစေခဲ့ပါတယ်။

ဂျပန်က သူရဲ့ အရှေ့တောင်အာရှကို ဝင်တိုက်တော့မယ့်အခြေအနေမှာ အမေရိကန်ရေတပ်ကနေ မနှောင့်ယှက်နိုင်စေဘို့ ရည်ရွယ်တာပါ။ အဲဒီနေရာတွေကို ဗြိတိန်၊ နယ်သာလန်နဲ့ အမေရိကန်တွေက ပိုင်ဆိုင်ထားတယ်။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီးနောက် (၇) နာရီအကြာမှာ ဂျပန်ဟာ အမေရိကန်ကသိမ်းထားတဲ့ ဖိလစ်ပိုင်၊ ဂူအမ်ကျွန်းနဲ့ ဝိခ်ကျွန်းတွေကို ဝင်တိုက်တယ်။ ဗြိတိသျှပိုင် ဟောင်ကောင်နဲ့ မလေးကျွန်းစွယ်ကိုဝင်တိုက်တယ်။

၇-၁၂-၁၉၄၁ နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၈ မိနစ်မှာ ပုလဲဆိပ်ကမ်းတိုက်ပွဲစတယ်။ ဂျပန်တိုက်လေယာဉ် ၃၅၃ စီးပါတယ်။ တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်နဲ့ တိုပီဒိုတပ်တိုက်လေယာဉ်တွေသုံးတယ်။ ၂ ခေါက်တိုက်တာဖြစ်တယ်။ လေယာဉ်တင်သင်္ဘောကြီး (၆) စီးကနေလာကြတာ။ အမေရိကန်ရေတပ်သင်္ဘောကြီး (၈) စီး ပျက်စီးသွားတယ်။ (၄) စီး နစ်သွားတယ်။ နောင်မှာ အရီဇိုနာသင်္ဘောကိုပြန်ဆယ်ယူတယ်။ (၆) စီးကိုပြန်သုံးလို့ရအောင်ပြင်ယူတယ်။ အမေရိကန် ခရုစ်သင်္ဘော (၃) စီး၊ ဖျက်သင်္ဘော (၃) စီး၊ လေ့ကျင့်ရေးသင်္ဘောတစီးနဲ့ မိုင်းချသင်္ဘောတစီးကိုလည်း နှစ်မြှုပ်နိုင်တယ်။ အမေရိကန်လေယာဉ်ပေါင်း (၁၈၈) စီးပျက်စီးတယ်။ အမေရိကန်လူမျိုးပေါင်း (၂၄ဝ၃) ယောက် သေဆုံးတယ်။ (၁၁၇၈) ယောက်ဒဏ်ရာရတယ်။ ဓါတ်အားပေးစက်ရုံ၊ သင်္ဘောဆိပ်၊ ပြင်ဆင်စက်ရုံ၊ လောင်စာဆီ လှောင်ကန်၊ တိုပီဒိုသို သိုလှောင်စခန်း၊ စတာတွေလည်း ပျက်စီးခဲ့တယ်။

ဂျပန်က လေယာဉ် ၂၉ စီး၊ ရေငုပ်သင်္ဘော (၅) စီးနဲ့ လူ (၆၄) ယောက်သာပျက်စီဆုံးရှုံးတယ်။ တယောက်ဖမ်းခံရတယ်။ အဲလိုအတိုက်ခံရတော့ အမေရိကန်တွေ ပစိဖိတ်စစ်မျက်နှာရော ဥရောပစစ်မျက်နှာမှာပါ ဒုတိယကမ္ဘာစစ်ထဲ ဝင်တိုက်ဘို့ စိတ်အားသန်လာစေပြီး နောက်တရက် ၈-၁၂-၁၉၄၁ ရက်နေ့မှာ အမေရိကန်ကနေ ဂျပန်ကိုစစ်ကြေညာ လိုက်တယ်။ ဂျာမဏီနဲ့ အီတလီကလည်း ၁၁-၁၂-၁၉၄၁ နေ့မှာ အမေရိကကိုစစ်ကြေညာလိုက်တယ်။ ဒိအရင် ၁၉၄ဝ မှာ ပြင်သစ်နိုင်ငံကို ဂျာမန်တပ်တွေက ဝင်သိမ်းကတည်းက အမေရိကန်က စစ်ထဲဝင်ဘို့ စဉ်းစားနေပါပြီ။ ယူကေကို တိတ်တဆိတ်ကူနေရာကနေ ပြောင်ပြာင်တင်းတင်းကူမယ်လို့ ဖြစ်လာတယ်။

မြန်မာပြည်မှာ အခုချိန်အထိတော့ ကရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ မကြီးမားသေးပါ။ တရုပ်ဖြူကျူးကျော်မှုလောက် မဆိုးပါ။ ပလိပ်ရောဂါကပ်ကြီးနဲ့ နှိုင်းမရ။ ကျောက်ကြီးရောဂါကပ်နဲ့လည်း မယှဉ်သာ။ ရာသီတုပ်ကွေးလိုလည်း မဆိုးပါ။

ဒါပေမဲ့ ပေါ့ဆလို့မရ။ ရန်သူလာရာလမ်းကြောင်းကို သိရမယ်။ ကာကွယ်တိုက်ခိုက်နည်း အမှန်အတိုင်းလုပ်ရပါမယ်။ သန်း ၅၀ ကျော်လူတိုင်းမှာ စစ်ရေးအမြင် ရှိရမယ်။

Pearl Harbor ရုပ်ရှင်ထဲမှာ မင်းသမီး Kate Beckinsale က သူနာပြုဆရာမ။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

ယထာဘူတ နှင့် အောက်မြစ်ရောဂါ

မြန်မာစာမှာ သိချင်တာလေး မေးပါရစေဆရာ ယထာဘူတကျကျဆိုတဲ့ အဓိပ္ပါယ် ကို သိပ့်နားမလည် ဖြစ်နေတယ် ဆရာ အချိန်ရရင် သမီးကို ရှင်းပြပေးပါလား ဆရာ။

ယထာဘူတဆိုတာ ပါဠိစာလုံးဖြစ်တယ်။
ယထာဘူတံ = ဖြစ်သည်အတိုင်း၊ ဟုတ်မှန်သည်အလျောက်
ယထာဘူတ ညာဏဒဿန = ဟုတ်မှန်သည်အတိုင်းသော ညဏ်အမြင်

ယထာဘူတကျကျလို့ရေးတာက မြန်မာစာ။ ထိုအတိုင်းကျအောင်၊ ကိုက်ညီအောင်၊ ဖြစ်စေအောင်လို့ ဆိုလိုပါတယ်။

သိပ့် မှာ အောက်မြစ် မလိုအပ်ပါ။ စာဆိုတာ အပိုမပါရ၊ မလိုစေရ။ အဲတာလည်း ယထာဘူတ။

အောက်မြစ်အပိုရောဂါဆန်းလို့ စာတပုဒ် ရေးထားတယ်။

၁။ ဆရာရှင့် သမီးလက့်က လက့်ဆစ် လက့်ချောင်း လက့်ကောက့်ဝတ်တွေ မလူပ့်နိုင်လောက့်အောင်ကိုက့်ပါတယ်ရှင့် ရောင်တာမရှိပါဘူးရှင့် ညောင်းပီကိုက့်တာပါ ရှင့် ASO စစ်တော့ မရှိပါဘူးရှင့်

သမီးဆိုသူ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ လက့်ဆစ် လက့်ချောင်း လက့်ကောက့်ဝတ်တွေ မလူပ့်နိုင်လောက့်အောင် ကိုက့်ပါတယ်ရှင့် တွေမှာ အောက်မြစ် မလိုအပ်။ ညောင်းပီ မှာ ရရစ်လိုအပ်။

အဲလိုစာရေးနည်းကို ဘယ်ကျောင်း ဘယ်ဆရာဆရာမက သင်ပေးပါသလဲ။

၂။ အသက် ၃၀၊ မ၊ အိမ်ထောင်မရှိ့။ ဆရာရှင့် ရင်ဘက်အောင့်နေတာ ၇ လလောက်ရှိ့ပါပြီရှင့် အသက်ရှုမဝသလို မောနေတက်လို့ပါရှင့် တောင်တက်ခရီးလိုအားကစားပြင်းပြင်းထန်ထန်လုပ်သင့်ပါသလားရှင့် ဘာတွေ ကာကွယ်မှု့ ပြုလုပ်ရန် နှင့် ဘယ်လိုဆေးမျိုး ဆောင်ထားရန် ညွှန်ကြားပေးပါရှင့်

ရာသီ မသိ။ သွေးအား Hb နည်း မနည်း မသိ။ နှလုံးခုန်နှုန်း မသိ။ သွေးတိုး ဆီးချို မသိ။ လူ ဝသလား မသိ။
ရှိ့ နဲ့ မှု့ တွေမှာ (့) မလိုပါ။

၃။ မင်္ဂလာပါဆရာ ခလေးသိပ့်တာလား သိမ့်တာလား ဘယ်ဟာသုံးရမလည်းဆရာ

ကလေးသိပ်သည်လို့သာရေးတယ်။ အောက်မြစ် ပါစရာမလို။

၎။ ကလေးအသက် ၁နှစ်နဲ့ ၈လရှိပါပြီ။ ငိုတာတအားပဲဆရာ။ ငိုရင်ခြေထောက်တွေကိုကုပ်ပြီးတော့ငိုတယ်။ ဆေးရုံသွားပြတာ အစာအိမ်ဆေးပေးလိုက့်တယ်။ ကလေးကမသက်သာဘူးဆရာ။ ဓာတ်မှန်လဲရိုက့်ပြီးပါပြီ။ ဘာမှမဖြစ့်ဘူးတဲ့။ ဖြစ်တာ ၁၀ရက်ကျော်နေပြီဆရာ။ သမီးတို့ဘာလိုလုပ့်ရမဘဲပြောပြပေးပါဆရာ။ ကျေးဇူးပြု့ပြီး။ သားဦးပါ။ မိခင်နို့ပဲတိုက်တယ်။ အခု့ဆေးရုံ ဆရာမက ဆန်ပြုတ့်ပဲတိုက့်ခိုင်းပါတယ်။ မသက့်သာပါဘူး ပထမဆေးရုံသွားတုန်းကပေးတဲ့ဆေးပါ အောက့်ကဆေးက ရက်ချိန်းကပေးတဲ့ဆေးပါ အခု့နေ့ဆီးမသွားဘူးဆရာ အခု့ချိန်ထိ့ငိုနေတုံပါပဲ ဘယ်လိုလုပ့်ရမလဲ လမ်းညွန်းပေးပါဆရာ

လိုက့်၊ ရိုက့်၊ ကျေးဇူးပြု့၊ အခု့၊ ဆန်ပြုတ့်၊ မသက့်သာ၊ အောက့်ကဆေး၊ အခု့ချိန်ထိ့၊ ဘယ်လိုလုပ့်ရမလဲ တွေအားလုံးမှာ အောက်မြစ်တွေ မလိုအပ်ပါ။ ညတုန်းကပဲ အဲဒီအကြောင်း ရေးတင်လိုက်သေးတယ်။ ကလေးက အသည်းအသန် ငိုနေချိန်မှာ စာရိုက်တာ အပိုတွေထည့်လို့ အချိန်ပိုကုန်စေတယ်။ ကျွန်တော်က စာရိုက်တာကို အဖြေစာပို့ပြီးမှသာ ပြန်ရေးပါတယ်။

၅။ သမီးအသက် ၃၂ပါ အိပ်ဆေးအကြောင်းသိ့ခြင်လို့ပါ အိပ်ဆေးဟာ လိုတာထက်ပိုသောက်ရင် ဘာဖြစ်တတ်လည်း ဥပမာ ၅လုံး လောက်ထိ့သောက်မယ်ဆိုရင်ပေါ့ ဘယ်ရက်ထိ့ အိပ်ပျော်တတ်တာလည်းဆရာ အများကြီးသောက်ရင် သေတတ်တယ်ကြားဖူးတာ မှန်လားဆရာ

၆။ အိမ်ထောင်သည် ကလေးတယောက်အမေ ပါ။ အသက်၂၈ နှစ်ရှိပါပြီ။ ကျမ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြချင်လို့ပါ။ ဆရာလမ်းညွှန်မှု့ပြု့ပါအုံးရှင်။ (မေးခွန်းအပြည်အစုံ မထည့်ပါ။)

မေးခွန်းတွေမှာ အောက်မြင်အပိုတွေသာမက တခြားသတ်ပုံပြင်စရာတွေ အများကြီး။

၍့၊ ၏့၊ စွဲး၊ စဲး၊ ထဲး၊ ဆဲး၊ မဲး၊ မှု့၊ သဲး၊ ဥူး၊ ဧး၊ ရွဲး၊ ခဲး၊ ပဲး၊ စတာတွေကို အခု မရေးကြတော့ပါ။ ရှေးတုန်းကတော့ ရေးပါတယ်။

အောက်မြစ်အပိုအပါအဝင် တခြားသတ်ပုံအမှားတွေကို နေ့တိုင်းဖတ်ရတယ်။ ကျောင်းတွေမှာ အဲလိုသင်နေပြီလား မသိပါ။ ခေတ်ဆိုတာ ပိုမြန်ရတယ်။ ပိုလွယ်ရတယ်။ ပိုမှန်ရတယ်။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

Sunday, April 5, 2020

WHO နဲ့ FDA တခြားစီ

ဆရာရေ ဒီလိုဆိုရင် WHO နဲ့ FDA က ဘယ်လိုဆက်စပ်မှုရှိလဲဆရာ။ သူတို့နှစ်ဖွဲ့က လုံးဝသီးခြားစီလား။ သို့မဟုတ် အပြန်အလှန် သက်ရောက်မှုက ဘာတွေလဲဆရာ။ ကျေးဇူးပါ။

တခြားစီ။ WHO က UN လက်အောက်။ FDA က ယူအက်စ်အေ။ FDA က နိုင်ငံတိုင်းလိုလိုမှာ ရှိတယ်။ အမည် နည်းနည်း ကွဲနိုင်တယ်။ မြန်မာပြည်မှာလည်း FDA ရှိတယ်။ ပို့စ်မှာ ယူအက်စ် FDA ကို ကိုးကားတယ်။ ကွာခြားချက်က ဆေးတွေက FDA နဲ့သာဆိုင်တယ်။ WHO က ကျန်းမာရေး။

World Health Organization (WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးက ကုလသမဂ္ဂရဲ့ အထူးအေဂျင်စီတခု ဖြစ်တယ်။ ဂျနီဗာမှာ ဌာနချုပ်ထားတယ်။ ၇-၄-၁၉၄၈ မှာစထူထောင်တယ်။ World Health Day ကမ္ဘာ့ကျန်းမာရေးနေ့ အဖြစ် သတ်မှတ်ထားတယ်။

သူ့အဓိကတာဝန်တွေက
1. Communicable diseases ကူးစက်ရောဂါများ
2. Non-communicable diseases မကူးစက်ရောဂါများ
3. Environmental health ပတ်ဝန်းကျင်ကျန်းမာရေး
4. Life course and life style လူနေမှုပုံစံကျန်းမာရေး
5. Surgery and trauma care ခွဲစိတ်ကုသမှုနှင့် ထိခိုက်ဒဏ်ရာ
6. Emergency work အရေးပေါ်
7. Health policy ကျန်းမာရေးပေါ်လစီ

Food and Drug Administration (FDA or USFDA) အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေးအဖွဲ့ (ယူအက်စ်အေ)

အဓိကလုပ်ငန်းများ
1. food safety အစားအသောက်လုံခြုံမှု
2. tobacco products တိုဘက်ကို (ဆေးလိပ်)
3. dietary supplements ဖြည့်စွက်စာများ
4. prescription and over-the-counter pharmaceutical drugs ဆေးဝါးများ
5. vaccines ကာကွယ်ဆေးများ
6. biopharmaceuticals ဇီဝဆေးများ
7. blood transfusions သွေးသွင်းခြင်းများ
8. medical devices ဆေးဝါးသုံးပစ္စည်းများ
9. electromagnetic radiation emitting devices (ERED) အီလက်ထရောနစ်ကရိယာများ
10. cosmetics အလှအပပစ္စည်းများ
11. animal foods & feed and veterinary products တိရစ္ဆာန်ဆေးများ

ဆေးသစ် ဆေးဟောင်း ကာကွယ်ဆေး ထုတ်လုပ်တာ FDA နဲ့သာဆိုင်ပြီး WHO နဲ့ မဆိုင်ပါ။ CDC ကရှိသေးတယ်။ ထည့်မရေးသေးပါ။

မြန်မာပြည်မှာက ဥပဒေရော စည်းကမ်းပါ အတော်နည်းသေးတယ်။ စာတွေ့မှာ သူငယ်တန်းအဆင့်နဲ့ ထိပ်တက် ပြောနေသူတွေက မနည်းပါ။ အများကြီးကြိုးစားကြရမယ်။ ကျွန်တော်လည်း နည်းနည်းသာ သိသေးတာ။ ကြိုးစားရဦးမယ်။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

Spring နွေဦး

သန်ဆောင်းခါနွေ၊ သုံးထွေဥတု၊ ရတုခြောက်လီ၊ ရာသီသာစွာ့၊ ဆဲ့နှစ်လတွင် (ဣသိသိင်္ဂပျို့)

ဝသန် မိုး၊ ဟေမန် ဆောင်း နှင့် ဂိမှာန နွေဥတု။
မိုးဦး၊ မိုး၊ ဆောင်းဦး၊ ဆောင်း၊ နွေဦး နှင့် နွေ။
တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ နှင့် တပေါင်း။

ဝသန္တ = နွေဦး
ဝသန် = နွေဦး (ဝသန္တ)
ဝသန် = မိုးဥတု (ဝဿာန)
ဝသုန် = မြေ

ယခင်ထုတ်သတ်ပုံ (၁)
ဂိမှာန်ရာသီ
ဂိမှ = နွေကာလ
ဂမှန္တ

ယခင်ထုတ်သတ်ပုံ (၂)
ဂိမှာနဥတု = (ပါ) ဂိမှာန နွေဥတု

နောက်ထုတ်သတ်ပုံ
ဂိမှာန် = နွေဥတု

တခြားအရေးအသားများ
၁။ Pali Myanmar Dictionary
ဂမန္တ (သီ၊ဋီ၊သစ်၊၂။၂၂၂)ပုဒ်သည် ဂမေန္တပုဒ်မှ ပျက်လာသောပုဒ် ဖြစ်ဟန်ရှိသည်။

၂။ ဥတုသည် ဟေမန္တဥတု ဂိမန္တဥတု ဝဿန္တဥတု အားဖြင့်သုံးပါးအပြားရှိ၏။

၃။ ဂိမန္တ နွေဥတု = တပေါင်းလပြည့် + လကွယ် တပက္ခ

၎။ နွေဥတု(ဂိမန္တ) တပေါင်းလပြည့်ကျော် ၁ ရက် နေ့မှ ဝါဆိုလပြည့်နေ့အထိ ၄ လ၊ ရက်အားဖြင့် ၁၁၈ ရက် ကြာမြင့်ပါတယ်။

ပါဠိ-မြန်မာ အဘိဓာန်
ဂိမှ = နွေဥတု။ နွေရာသီ။ နွေလ။ နယုန်-ဝါဆို နှစ်လ။
ဂိမှံ = နွေလပတ်လုံး။
ဂိမှ ကာလ = နွေအခါ။
ဂိမှ သမယ = နွေအခါ။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

Coronavirus ကရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ဘရိဖင်း

အိမ်ဖြူတော်က နေ့စဉ်လုပ်ပါတယ်။

အမေရိကန်စစ်တပ်
နိုင်း-အလဲဗင်းခေါ် အကြမ်းဖက်တိုက်ခိုက်ခံရမှုထက် သေဆုံးသူ ၃ ဆ ကျော်ပြီ။ အဆိုးဆုံးနေရာ နယူးယော့မြို့မှာ စစ်သည်တွေ တာဝန်ချထားလိုက်တယ်။ စစ်တပ်က သန်းနဲ့ချီတဲ့ နှာခေါင်းစည်းတွေ ဝတ်စုံတွေ အသက်ရှူစက်တွေကို လိုတဲ့ဦးစားပေးနေရာတွေကို ပို့ဆောင်ပေးတယ်။

သမတ
အတည်ပြုချက်မရသေးတဲ့ ငှက်ဖျားဆေးကို ဆက်ပြီးတိုက်တွန်းနေတယ်။ ဟိုက်ဒရော့ဆီကလိုရိုကွင်း။

ဆရာဝန်
ဒေါက်တာဖေါ်ချီကတော့ ကျွန်တော်တို့ အပြင်းအထန်လုံးပမ်းနေရဆဲလို့ ပြောလိုက်တယ်။

တကမ္ဘာလုံး
ကူးစက်မှု စုစုပေါင်း 1,272,737
လူနာသစ် စုစုပေါင်း +71,254
သေဆုံးမှု စုစုပေါင်း 69,418
ပြန်ကောင်းလာသူ စုစုပေါင်း 261,485

အဆိုးဆုံးနိုင်ငံများ
နိုင်ငံ ကူးစက်မှုပေါင်း အသစ်ကူးစက်မှုပေါင်း သေဆုံးမှုပေါင်း အသစ်သေဆုံးမှုပေါင်း
1. USA 336,550 +25,193 9,610 +1,159
2. Spain 131,646 +5,478 12,641 +694
3. Italy 128,948 +4,316 15,887 +525
4. Germany 100,123 +4,031 1,584 +140
5. France 92,839 +2,886 8,078 +518
6. China 81,669 3,329
7. Iran 58,226 +2,483 3,603 +151
8. UK 47,806 +5,903 4,934 +621
9. Turkey 27,069 +3,135 574 +73
10. Switzerland 21,100 +595 715 +49

မြန်မာနိုင်ငံ Myanmar ကူးစက်မှု 21 သေဆုံးမှု 1

Coronavirus ကရိုနာဗိုင်းရပ်စ်လို့ ပြောင်လဲရေးသားပါတော့မယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀
ည ၈ နာရီ ၂၁ မိနစ်။

Flowering Pear ပန်းဖြူမှန်မှန်ပြော

မင်းကွန်းခေါင်းလောင်း အလေးချိန်ကို မှတ်သားရလွယ်အောင် စာဆိုလုပ်ထားတယ်။ မင်းဖြူမှန်မှန်ပြော။ ပဖဗဘမ ကြာသပတေးဆိုတာ တနင်္ဂနွေကနေ စရေတွက်ရင် နံပတ် ၅ ဖြစ်လို့ ၅၅၅၅၅ ပိဿာ။

အခုရာသီ ကျွန်တော်နေတဲ့အရပ်မှာ ပန်းတွေပွင့်ကြပြီ။ ပန်းဖြူတွေက ပိုများတယ်။ ပန်းဖြူမှန်မှန်ပြောလို့ မေးရမယ်။ အဖြူရောင်ပန်းတွေက အမျိုးအမည်များလို့။
White Dogwood
Bradford Flowering Pear
Cleveland Flowering Pear
Yoshino Flowering Cherry

အိမ်မှာ Flowering Pear နဲ့ တဘက်အိမ်မှာ White Dogwood ပန်းအဖြူပွင့်တဲ့အပင်တွေရှိတယ်။ တမြို့လုံးဆိုရင် ၅၅၅၅၅ ပင်ရှိမလား မပြောတတ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

Development of New Vaccines ကာကွယ်ဆေးသစ် ဘယ်လိုထုပ်လုပ်ရသလဲ

အဆင့်ဆင့် လုပ်ဆောင်ရပါတယ်။
1. Exploratory stage စမ်းသပ်ရှာဖွေခြင်း
2. Pre-clinical stage လူနာတွေကို မစမ်းမီ
3. Clinical development လူနာတွေကို စမ်းသုံးခြင်း
4. Regulatory review and approval အတည်ပြုရန် ဆန်းစစ်ခြင်း
5. Manufacturing ထုတ်လုပ်ခြင်း
6. Quality control အရည်အသွေးထိန်းသိမ်ခြင်း။

Clinical development လူနာတွေကို စမ်းသုံးခြင်းမှာ ၃ ဆင့်လုပ်ရတယ်။
Phase I လူအုပ်စုနည်းနည်းကိုသာစမ်းခြင်း
Phase II လူအမျိုးမျိုး (အသက်၊ ကိုယ်ခံကျန်းမာရေး) ကို စမ်းခြင်းနဲ့
Phase III လူတွေထောင်ဂဏန်းအထိ စမ်းနည်း။
Phase IV တချို့ကာကွယ်ဆေးတွေကို လိုင်စင်ချပေးပြီးမှလည်း လုပ်ရသေးတယ်။

Vaccine Product Approval Process အတည်ပြုချက် လုပ်ထုံးလုပ်နည်းတွေလည်းရှိသေးတယ်။ မရေးတော့ပါ။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူတွေကို စတင်စမ်းနေပြီ။ အဆင့်တွေကျန်သေးတယ်။ တနှစ်ကနေ တနှစ်ခွဲလောက် ကြာမှသာ တကယ့်ကာကွယ်ဆေး ထွက်လာ သုံးလာနိုင်ပါမယ်။

မြန်မာပြည်မှာတော့ လာတော့မယ်ဆိုလား။ ဖေ့စ်ဘွတ်က အတည်ပြုချက်တွေ ပေးနေကြပြီ။

ကျွန်တော်တို့တိုင်းပြည်မှာ ညံ့တာတွေက အလွန်ကို အလွန့်အလွန်ကို များတာပါကလား။

ကျွန်တော်လည်း စစ်ဘေးရှောင်စခန်းတွေမှာ ကိုရိုနာကွယ်ဆေး အခမဲ့ထိုးပေးနေတာမျိုး မဖြစ်စေချင်သူ မဟုတ်ပါ။

Coronavirus Vaccine Tial ကိုရိုနာကွယ်ဆေး စမ်းသပ်နေမှုများ

ယူကေနိုင်ငံ Oxford University ကနေ ၁၀-၁-၂၀၂၀ နေ့က စတင်ဆောင်ရွက်နေတယ်။ တရုပ်ဆရာဝန်တွေကနေ COVID-19 virus genetic sequence ကိုထုတ်ပြန်ပေးပြီးမှာ စတင်တာဖြစ်တယ်။ တရုပ်ပြည်မှာလည်း ဝူဟန်က အသက် ၁၈ နှစ်ကနေ ၆၀ အထိရှိကြတဲ့ လူ ၁၀၈ ယောက်ကို ဆောင်ရွက်နေတယ်။ စမ်းသပ်ခံသူတွေကို ၁၄ ရက်ကြာ သီးခြား ခွဲထားမယ်။ adenovirus-based Ad5-nCoV ဆေးလို့ခေါ်တယ်။ CanSino Biologics နဲ့ ပူးတွဲလုပ်နေတာ ဖြစ်တယ်။ ယူကေအဖွဲ့က အကောင်တွေကို စမ်းပြီးပြီ။ Salisbury နားက Public Health England (PHE) laboratory မှာ လုပ်နေတာ။

ယူအက်စ် US National Institutes of Health ကနေ Moderna’s mRNA-based coronavirus vaccine ကာကွယ်ဆေး စမ်းတယ်။ mRNA-1273 လို့ခေါ်တယ်။

GlaxoSmithKline ကလည်း တရုပ်ပြည်က Clover Biopharmaceuticals နဲ့ တွဲလုပ်နေတယ်။

အမေရိကန် Biomedical Advanced Research and Development Authority (BARDA) က Sanofi and Johnson & Johnson နဲ့တွဲလုပ်နေတယ်။

ယူအက်စ်မှာ ပဌမဆုံးလူကို စမ်းသပ်ထိုးပေးတာကို ၁၆-၃-၂၀၂၀ နေ့က စတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး တနှစ်ကနေ တနှစ်ခွဲလောက် ကြာမှသာ တကယ့်ကာကွယ်ဆေး ထွက်လာ သုံးလာနိုင်ပါမယ်။

WHO ထုတ်ပြန်ချက်အရ အနည်းဆုံး နေရာ ၂၀မှာ စမ်းသပ်မှုတွေ အဆင့်ဆင့် လုပ်နေတယ်လို့ သိရတယ်။ အဲဒီစာရင်းထဲမှာ မြန်မာနိုင်ငံအမည် မတွေ့မိပါ။ ဆောရီး။ မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာတော့ များလိုက်တာ။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

Upside Down ဇောက်ထိုးကို အတည့်ဟုခေါ်သည်

ဆွေမတော်မျိုးမစပ်သူတွေကို အမျိုးတွေတဲ့။
အဖေ အမေမဟုတ်သူဆီကို စာရေးကြတာ သမီးကတဲ့။ သားကတဲ့
ကိုယ့်ထက်ကြီးလည်း ကောင်လေးတဲ့။
လူမြင်ရင် အဘခေါ်တဲ့ခေတ်ကနေ စတယ်။

မျက်နှာမမြင်ရတာကို ဖေ့စ်ဘွတ်တဲ့။
မိတ်ဆွေ မဟုတ်ရင် ဖရင်းတဲ့။
လိုက်ခ် ထဲမှာလည်း မကြိုက်လို့လုပ်တာ ပါနိုင်တယ်။
ဘလော့ထားသူ အကောင့်သစ်နဲ့ ဖရင်းဖြစ်သတဲ့။

ကိုရိုနာ မကာကွယ်နည်းကို အိမ်ဦးခန်းမှာ ကပ်ထားကြတယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

WHO နဲ့ FDA မတူတာ သိကြပါ

တင်နေကြတယ်။ ရှယ်နေကြတယ်။ ကိုရိုနာဗိုင်းရပ်စ်ဆေးထုတ်ဖို့ WHO အတည်ပြုချက် စောင့်နေသတဲ့။ အဲတာလည်း အတော်ကိုလွဲမှားတာတွေထဲက တခု။ မှားတာတွေဆို တင်ကြတယ်။ ရှယ်ကြတယ်။ လိမ်တာတွေဆို တင်ကြတယ်။ ရှယ်ကြတယ်။

ဆေးတိုင်းကို FDA က အတည်ပြုချက်ပေးရတယ်။ FDA Approval Process အတည်ပြုချက်အဆင်ဆင့်ရှိတယ်။ အစိုးရက လုပ်ထားတာ။ အဲတာရမှသာ ဆေးကို ဈေးကွက်ထဲမှာ ရောင်းချခွင့်ရှိတယ်။ ဆေးသာမက ဆေးပစ္စည်းနဲ့ ကရိယာတွေလည်း အဲလိုပဲ။ ဆေးထဲမှာ ကာကွယ်ဆေးရော ကုသဆေးတွေပါပါတယ်။

ဆေးကုမ္ပဏီတွေ FDA approval ရလိုရင် အဆင့် ၅ ဆင့်ဖြတ်ရတယ်။ discovery/concept, preclinical research, clinical research, FDA review and FDA post-market safety monitoring တွေဖြစ်ပါတယ်။

ဆေးကုမ္ပဏီတွေဟာ ဆေးကို အရင်ဆုံး ဓါတ်ခွဲခန်းမှာ စမ်းသပ်ရတယ်။ နောက်တဆင့် သက်ရှိအကောင်တွေကို စမ်းရတယ်။ သေချာတာကို FDA တင်ရတယ်။ ဓါတ်ခွဲခန်းစမ်းသပ်မှု ဒေတာတွေပါရတယ်။ ဘယ်လို ထုတ်လုပ်သလဲ အဆင့်တွေပါရတယ်။ သက်ရှိအကောင်တွေစမ်းသပ်မှု ဒေတာတွေပါရတယ်။ label ခေါ် ဆေးညွှန်း ပါရတယ်။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေ။

FDA ကပညာရှင်တွေက စစ်ဆေးမယ်။ အကျိုးနဲ့ အပြစ်တွေကို ချိန်ဆမယ်။ အကျိုးကသာတာကို ခွင့်ပြုမယ်။ အသုံးပြုနေစဉ်မှာလည်း FDA က မော်နီတာရင်း ခေါ် စောင့်ကြည့်တာတွေ လုပ်နေမယ်။

Generic Drugs အမည်ရင်းနဲ့ဆေးတွေ ကိုလည်း FDA approval ယူရတယ်။ ဥပမာ Paracetamol ဆေး။ brand-name drug ခေါ် ဆေးကုမ္ပဏီပိုင် ဆေးအမည်ပါတာလည်း တင်ရတယ်။ ဥပမာ Viagra ဆေး။

Drug Patents ဆေးအမည်ပိုင်ဆိုင်မှု
အဲတာအတွက်လည်း FDA approval လိုတယ်။ ရထားတဲ့ဆေးအမည်တူကို တခြားသူတွေက ထုတ်ခွင့်မရှိတော့။ တရားစွဲခံရမယ်။ ဥပမာ Burmeton အမည်နဲ့ အမေရိကန်တွေက ထုတ်ခွင့်မရှိ။ ဆေးအမည်ပိုင်ဆိုင်မှု တခါရထားရင် အနှစ် ၂၀ ထိခံတယ်။

Over-the–Counter Drugs (OTC) အလွယ်ဝယ်ရဆေးများ
ဆရာဝန်လက်မှတ် မလိုပါ။ FDA approval ယူနည်းနဲ့ OTC monograph နည်းလုပ်နိုင်တယ်။

Faster Approvals ခွင့်ပြုချက် အမြန်ရယူနည်း ဥပဒေရှိတယ်။ Prescription Drug User Fee Act (PDUFA) ခေါ်တယ်။

FDA က အတည်ပြုချက်ရတာတိုင်းကလည်း စိတ်ချရပြီလို့ ယူဆလို့မရသေးပါ။ ခွင့်ပြုချက်ရလို့ ရောင်းချ အသုံးပြုပြီးမှ ပြန်ရုပ်သိမ်းရတာတွေရှိတယ်။ အမေရိကမှာ တနှစ်မှာ အဲလိုဟာတွေ ၄၅၀၀ လောက်ရှိတယ်။

ဆေးအသစ်တခု သုတေသနလုပ်ချင်တာကို WHO ဖြစ်ဖြစ် FDA ဖြစ်ဖြစ် ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မလိုပါ။ လူကိုစမ်းရင် လိုတယ်။ ရောင်းတော့မယ်ဆိုရင် လိုတယ်။ လူတွေကို အလကားပေးမှာဆိုလည်း FDA လိုတယ်။

မြန်မာပြည်မှာတော့ ဖေ့စ်ဘွတ်ပရိသတ်ဆီက တောင်းနေကြတယ်။ ပေးကြတယ်။ ရောင်းကောင်းမယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

Smallpox ကျောက်ကြီးရောဂါ

ကျောက်ရောဂါ ကာကွယ်ဆေးက ဘယ်ခုနှစ်မှာ ပေါ်လာတာလဲ ဆရာ မြန်မာပြည်မှာ ကျောက်ရောဂါကာကွယ်ဆေး ဘယ်ခုနှစ်မှာ စထိုးတယ်ဆိုတာလဲ သိချင်ပါတယ်။

Smallpox ကို မြန်မာလို ကျောက်ကြီးရောဂါခေါ်တယ်။ အင်္ဂလိပ်စာလုံးနဲ့ ပြောင်းပြန်။
- Chickenpox = Varicella zoster virus ဗိုင်းရပ်စ်ကနေဖြစ်တဲ့ ရေကျောက်ရောဂါ၊
- Monkeypox မျောက်တွေမှာဖြစ်တဲ့ ကျောက်ကြီးရောဂါ၊
- Black pox = Smallpox ဖြစ်ရာကနေ သွေးတွေထွက်ပြီး လူနာဆုံးတော့မဲ့အခြေအနေ၊
- Canarypox = ငှက်တွေမှာဖြစ်တဲ့ ကျောက်ရောဂါ၊
- Plum pox = Potyviridae ဗိုင်းရပ်စ်ကနေ သစ်သီးတွေမှာဖြစ်တဲ့ ကျောက်ရောဂါ၊
- Great pox = ဆစ်ဖလစ်ရောဂါ။
- Rabies (Hydrophobia) = ရေကြောက် (ကျောက် မဟုတ်) ခေါ် ခွေးရူးရောဂါ။

ကျောက်ကြီးရောဂါ ကမ္ဘာမှာ နှစ်ထောင်ပေါင်းများစွာကတည်းက ဖြစ်ခဲ့တယ်။ Variola major နဲ့ Variola minor ဗိုင်းရပ်စ် ၂ မျိုးကနေဖြစ်တယ်။ ကူးစက်တယ်။ ၃၀% သေဆုံးတယ်။ တသက်လုံးမပျောက်တော့တဲ့ ဆိုးလွန်းတဲ့ အမာရွတ် ထင်ကျန်ရစ်တယ်။ ကမ္ဘာမှာနောက်ဆုံးဖြစ်ခဲ့တာ ဆိုမာလီယာမှာ ၁၉၇၇ ခုနှစ် အောက်တိုဘာလက။ အခု ပပျောက်သွားပြီ။


မြန်မာပြည်မှာ ကိုလိုနီခေတ်ကတည်း ပပျောက်ရေးလုပ်ခဲ့တယ်။ ၁၈၉၈ ခုနှစ်မှာ ၈၇၁၇ ယောက်သေဆုံးတယ်။ ၁၈၉၉ မှာ ၁၀၇၅၄ ယောက် သေဆုံးတယ်။ ၁၉၀၆ မှာ ၈၅၄၀ ယောက် သေဆုံးတယ်။ ၁၈၃၇ ခုနှစ်က ထားဝယ်မြို့နယ်မှာ ကာကွယ်ဆေး စမ်းသပ်ထိုးပေးတယ်။

ကျွန်တော်ငယ်ငယ်က ကျောက်ကြီးဖြစ်တာ သိတယ်။ ဖဆပလ ခေတ်မှာ ကျောက်ထိုးဆရာတွေ သင်တန်းပေးတယ်။ မလုံလောက်သေးခင် တောတွေမှာ ဖြစ်လိုလုပ်ကြရတယ်။ ကျွန်တော့်ဇာတိ မင်းရွာမှာ ကျောက်ပေါက်နာကအရည်ကို ရှောက်ပင်ကဆူးကို ဆေးထိုးအပ်လိုလုပ်ပြီး ကာကွယ်ဆေး ထိုးပေးတာ မျက်စိရှေ့မှာ ကြုံခဲ့ရတယ်။ အမျိုးတွေ သူငယ်ချင်းတွေထဲမှာ ကျောက်ပေါက်မာ ခေါ် အမာရွတ်ရှိသူတွေ မနည်းလှပါ။ လူအမည်မှာ ကျောက်ပါရင် ကျောက်ပေါက်ထားသူ ဖြစ်နိုင်တယ်။

ကျောက်ကာကွယ်ဆေးကို ဘယ်ဘက်လက်မောင်းမှာ ၂ နေရာထိုးတယ်။ တချို့တိုင်ပြည်တွေမှာ လက်ဖျံမှာထိုးတယ်။ တချို့တိုင်ပြည်တွေမှာ တနေရာတည်းထိုးတယ်။

ယူအက်စ်အေမှာလည်း ကျောက်ရောဂါကာကွယ်ဆေးထိုးခဲ့တယ်။ သူတို့ဆီက ဘာမဆို သူများနဲ့မတူတာရှိတတ်တယ်။ ကျောက်ဆေးအမာရွတ်ကို လှချင်သူတွေက ကြောက်ကြတယ်။ ဘီကီနီဝတ်တဲ့အခါ ဖုံးထားနိုင်တဲ့နေရမှာသာ ကာကွယ်ဆေးထိုးပါသတဲ့။ ကန်တော့။

ကျောက်ကြီးရောဂါ ပပျောက်သွားအောင်စွမ်းဆောင်ခဲ့ကြတဲ့ ဆေးပညာရှင်တွေ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်သင့်ကြတယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

Saturday, April 4, 2020

Pandemics ရောဂါကပ်ကြီးများ

မြန်မာနိုင်ငံမှာ အဆိုးဆုံးရောဂါကပ်ကြီးက Plague Pandemic ပလိပ်ကူးစက်ရောဂါဖြစ်ပါတယ်။ ၁၈၅၅ ခုနှစ် တရုပ်ပြည် ယူနန်မှာ ဖြစ်တယ်။ တတိယပလိပ်ကပ်ကြီးလို့ခေါ်တယ်။ လူပေါင်း ၁၂ သန်း သေဆုံးတယ်။ မြန်မာပြည်ကိုပါ ကူးစက်တယ်။ ၁၉၀၆ ခုနှစ် စာရင်းအရ ၈၆၃၇ ယောက်သေဆုံးတယ်။ ဗြိတိသျှ ကိုလိုနီလက်အောက်မှာ။

Smallpox ကျောက်ကြီးရောဂါလည်း ကပ်ကြီးဖြစ်တယ်။ ၁၉၇၇ ခုနှစ်ရောက်မှသာ ပပျောက်သွားတယ်။

၁၉၄၇ ခုနှစ်မှာ တခါ ပလိပ်ကပ်ဖြစ်ပြန်တယ်။ ၁၁၉၂ ယောက်သေဆုံးတယ်။ ကျွန်တော့အဖေရဲ့ မိဘနှစ်ပါးလုံး ပါသွားတယ်။ ၂၀၁၀ မှာ အဲလောက်မများပေမဲ ရန်ကုန်ဝန်းကျင်မှာ ထပ်ဖြစ်သေးတယ်။

Cholera Pandemic မြန်မာပြည်မှာ ပဌမဆုံး ကာလဝမ်းရောဂါကပ်ကြီးက ၁၈၁၇-၁၈၂၃ မှာ ဖြစ်ခဲ့တယ်။ ဒုတိယ ကာလဝမ်းရောဂါကပ်ကြီးက ၁၈၄၂-၁၈၄၃ မှာဖြစ်တယ်။ ၁၈၅၃-၁၈၅၄ ရခိုင်မှာဖြစ်တယ်။ မြန်မာပြည်မှာ ၁၉၀၁ အထိ စုစုပေါင်း ခြောက်ကြိမ် ဖြစ်ခဲ့တယ်။ ၂၀၁၆ ခုနှစ်က ၇၈၂ ယောက် ဖြစ်သေးတယ်။

H1N1 (swine flu) ကူးစက်ရောဂါ ၁၉၁၈-၁၉၁၉ မှာဖြစ်တယ်။ Avian Influenzas (bird flu) လည်းဖြစ်ခဲ့တယ်။ SARS ဆားစ် နဲ့ဆင်တာ ၂၀၁၈ မှာဖြစ်တယ်။

ကာလဝမ်းရောဂါကပ်နဲ့ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတယ်။ ကျွန်တော် ဆရာဝန်ဖြစ်ပြီ။ ဆေးရုံကုတင်မပေးနိုင်။ လူနာတွေက ဖျာယူလာကြရတယ်။ ဆေးပုလင်းတွေကို မြို့တက်ဝယ်ရတယ်။ လူနာတွေကို လက်တွေရော ခြေထောက်တွေကပါ ဆေးသွင်းရတယ်။ သွေးကြောရှာမရသူတွေကို ခွဲစိတ်နည်းနဲ့ရှာယူ သွင်းပေးရတယ်။ နဖူးတွေ့ဒူးတွေ့ဆိုတာ အမှန်။ ကျွန်တော်ပါ ဖျာပေါ်ထိုင် လုပ်ကိုင်ပေးရတာ။ အဲဒီခေတ်မှာ ဆရာဝန်တွေ သူနာပြုတွေကို အပြစ်ဆိုတာ အတော်နည်းသေးတယ်။ ကျေးဇူး။

ကျွန်တော်တို့နိုင်ငံက အဲလိုဘဝတွေကို ဖြတ်သန်းလာခဲ့တာပါ။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀

Robot Justice စက်ရုပ် တရားစီရင်ရေး

တရုပ်ပြည်က စက်ရုပ်တရားစီရင်ရေးသတင်းကို VOA အင်္ဂလိပ်ပိုင်းမှာ ၁၁-၁၂-၂၀၁၉ နေ့က တင်ထားတယ်။

https://learningenglish.voanews.com/a/robot-justice-the-rise-of-china-s-internet-courts-/5201677.html

တရုပ်ပြည်မှာ တရားစီရင်နေတာကို အင်တာနက်ကနေပါဝင်နိုင်တဲ့ တရားရုံးတွေရှိလာပြီ။ internet courts ခေါ်တယ်။ လူကိုယ်တိုင် တရားရုံးကို လာစရာ မလို။ smart court လို့လည်းခေါ်တယ်။ non-human judges လူသားမဟုတ်တဲ့ တရားသူကြီးတွေကို  artificial intelligence (AI) ထည့်သွင်းပေးထားတယ်။ ပဌမဆုံး အဲလိုတရားရုံးကို ၂၀၁၇ ခုနှစ်က Hangzhou မြို့မှာ ဆောင်ရွက်တယ်။

မြန်မာပြည် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ တရားစီရင်ရေးစနစ်က ထူးခြားတယ်။ ဥပဒေတလုံးမှ နားမလည်သူကိုသာ တရားသူကြီးရွေးခန့်တယ်။ ပါတီဝင်နံပတ်နဲ့ ပါတီယူနစ်အပေါ် သစ္စာခံမှုအရ ရွေးတယ်။

မဆလ မျိုးဆက်ကနေ တစည။ နောက်မှာ ကြံ့ခိုင်ရေးမျိုးဆက်ရယ်လို့ဖြစ်လာတယ်။ အာတီဖီရှယ် အင်တဲလီဂျင့်စ် အပြည့်ရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀

မောင့်တောအုပ်မှာ


နွမ်းပျော့ခွေညှိုး
လမ်းမှာတိုးဆဲ တိုးတိုးတမျိုး
ချိုးငယ်ပြောသည်။

မောင့်တောအုပ်မှာ ကြည်အေး ကဗျာ။

ခုခေတ်ကဗျာတွေမှာတော့ တိုးတိုးတစ်မျိုး တစ်တီတူးပြောသည် တဲ့။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀
ကဗျာစာအတွက် ကျေးဇူး။

ဓမ္မဒိဋ္ဌာန် မေးခွန်း

မန်ကျည်းဖျော်ရည်သောက်ရင်ကောရလား

ဆာလျှင် သန့်လျှင် သောက်လိုက သောက်နိုင်။ ကျားမ မရွေး။ ကလေးနည်းနည်း။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀

Clorox and Centrum ဆေး

သောက်ဆေး သုံးဆေးလည်း ရသည်။ သောက်ရေလည်း ရပြီ။ ဖရင်းတွေဆီက မဟုတ်။ ဆွေမျိုးနဲ့ မိတ်ဆွေဆီက။ ကျေးဇူး။ ဖရင်းတချို့တော့ ဘလော့ရပါသည်။ ဆောရီး။

Centrum အားဆေး ဘာဖြစ်တယ် ညာဖြစ်တယ် ရေးကြသည်။ မှန်တာဆို မသင့်တဲ့။ လိမ်ရေးတာတွေ ကောင်း၏တဲ့။

လူကြီးမင်းတို့မှာ အဲလိုဖရင်းတွေ မများစေနဲ့။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀

How to make your own face mask နှာခေါင်းစည်းချုပ်နည်း














CNN မှာ ၄-၃-၂၀၂၀ နေ့စွဲနဲ့ တင်ထားတယ်။ ဘာသာမပြန်တော့ပါ။ ပုံတွေအဆင့်ဆင့် တင်ပြထားတယ်။

နှာခေါင်းစည်းချုပ်ရန် လိုအပ်သည်များ
1. 2 pieces of tight-weave cotton fabric, 9 x 6 inches (per mask)
2. 4 strips of fabric, 2 x 16 inches (per mask)
3. Ruler
4. Sewing machine OR needle and thread
5. Pencil or marker
6. Scissors
7. A handful of sewing pins
8. Iron

Make your mask နှာခေါင်းစည်း ဘယ်လိုချုပ်မလဲ
1. Cut your fabric into two 9 x 6-inch rectangles. Place them on top of each other.

2. On the top of the 9-inch side, pin or mark a 2-inch opening in the center of the top edge of the 9-inch side, between the 3.5- and 5.5-inch points, along the top edge. Then, sew the edges on either side of where you pinned or marked the opening. You'll need that 2-inch opening to turn the mask right side out.

3. Sew the other three sides of the mask shut, too.

4. Turn the mask right side out through the 2-inch opening you left on the top. Then, press the mask with an iron to get rid of wrinkles.

5. Line your ruler up vertically along the 6-inch side of the mask. Starting at the 1.5-inch line, pin where you'll sew your pleats down the side. These pleats help the mask stretch.

Pin again at the 2-, 3-, 3.5-, 4.5- and 5-inch lines.
6. Bring the pin at the 1.5-inch line down to the 2-inch line, and voila, you've made a pleat! Repeat with the 3-inch to the 3.5-inch and the 4.5-inch to the 5-inch line. Pin your new pleats, and repeat on the other side.

7. Sew the sides of your mask up so the pleats are laid flat.

Make mask ties နှာခေါင်းစည်း ကြိုးချုပ်နည်း
1. Cut four strips of fabric, 2 inches wide by 16 inches long.

2. Fold them in half lengthwise.

3. Turn them under 1/4-inch on the long side.

4. Iron them in place, then stitch the long side shut.

5. Pin each tie to a corner of the mask.

6. Sew around the perimeter of the mask once more so the ties are attached -- and now you've completed your mask.

သိထားသင့်တဲ့အချက်တွေ
၁။ ယူအက်စ်အေမှာ ဆေးရုံသုံးနှာခေါင်းစည်း လူတိုင်းသုံး မသုံး ငြင်းခုန်နေကြဆဲ။
၂။ N95 respirators အမျိုးအစား လူတိုင်းမလိုပါ။ ကျန်းမာရေးဝန်ဆောင်နေသူတွေသူ လူနာတွေနဲ့ ထိတွေ့နေချိန်မှာ လိုတယ်။
၃။ Homemade masks အိမ်မှာချုပ်လုပ်တဲ့ နှာခေါင်းစည်းဟာ ဆေးရုံသုံး နှာခေါင်းစည်းလောက် မထိရောက်ပါ။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း
၁။ လက်ကို လိုအပ်တိုင်းမှာ စက္ကန့် ၂၀ ကြာ ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးပါ။
၂။ အပြင်ထွက်လျှင် နှာခေါင်စည်းသုံးနိုင်တယ်။ စနစ်တကျ ဝတ်ဆင်ရမယ်။
၃။ ကိုယ့်နှာခေါင်းစည်းကို လက်နဲ့ မကိုင်ပါနဲ့။
၎။ လူအများရှိရာနေရာမှာ နှာခေါင်းစည်း မဖြုတ်ပါနဲ့။
၅။ အိမ်ပြန်ရောက်လျှင် ကြိုးစကနေကိုင်ပြီး ဖြုတ်ပါ။ နှာခေါင်းစည်းရှေ့မျက်နှာကို မထိကိုင်ပါနဲ့။ စနစ်တကျစွန့်ပါ။
၆။ လက်ဆေးပြီးမှသာ တခြားအရာတွေကို ထိကိုင်ပါ။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀

Coronavirus ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စာရင်း

တကမ္ဘာလုံး ကူးစက်မှု စုစုပေါင်း 1,192,618
တကမ္ဘာလုံး လူနာသစ် စုစုပေါင်း  +75,975
တကမ္ဘာလုံး သေဆုံးမှု စုစုပေါင်း 64,227
တကမ္ဘာလုံး ပြန်ကောင်းလာသူ စုစုပေါင်း 246,064

အဆိုးဆုံးနိုင်ငံများ
နိုင်ငံ ကူးစက်မှုပေါင်း အသစ်ကူးစက်မှုပေါင်း သေဆုံးမှုပေါင်း အသစ်သေဆုံးမှုပေါင်း
1. USA 305,934 +28,773 8,306 +902
2. Spain 124,736 +5,537 11,744 +546
3. Italy 124,632 +4,805 15,362 +681
4. Germany 95,637 +4,478 1,395 +120
5. France 89,953 +7,788 7,560 +1,053
6. China 81,639 +19 3,326 +4
7. Iran 55,743 +2,560 3,452 +158
8. UK 41,903 +3,735 4,313 +708
9. Turkey 23,934 +3,013 501 +76
10. Switzerland 20,505 +899 666 +75

ကူးစက်မှု ၁၀၀ အောက်သာရှိသေးတဲ့ နိုင်ငံများ
1. Gibraltar 98
2. Paraguay 96
3. Liechtenstein 77
4. Guinea 73
5. Bangladesh 70
6. Madagascar 70
7. Monaco 66
8. Aruba 64
9. Guatemala 57
10. French Guiana 57
11. El Salvador 56
12. Jamaica 53
13. Barbados 52
14. Djibouti 50
15. Uganda 48
16. Macao 43
17. Mali 41
18. Togo 41
19. French Polynesia 40
20. Zambia 39
21. Ethiopia 38
22. Bermuda 35
23. Cayman Islands 29
24. Eritrea 29
25. Bahamas 24
26. Saint Martin 24
27. Guyana 23
28. Saint Maarten 23
29. Congo 22
30. Gabon 21
31. Myanmar 21
32. Tanzania 20
33. Haiti 20
34. Maldives 19
35. Guinea-Bissau 18
36. New Caledonia 18
37. Libya 17
38. Syria 16
39. Benin 16
40. Equatorial Guinea 16
41. Antigua and Barbuda 15
42. Dominica 14
43. Mongolia 14
44. Namibia 14
45. Saint Lucia 13
46. Fiji 12
47. Grenada 12
48. Curaçao 11
49. Greenland 11
50. Angola 10
51. Sudan 10
52. Liberia 10
53. Suriname 10
54. Laos 10
55. Mozambique 10
56. Seychelles 10
57. MS Zaandam 9
58. Zimbabwe 9
59. Nepal 9
60. Chad 9
61. Saint Kitts and Nevis 9
62. Eswatini 9
63. CAR 8
64. Cabo Verde 7
65. Vatican City 7
66. St. Vincent Grenadines 7
67. Somalia 7
68. Mauritania 6
69. Montserrat 6
70. St. Barth 6
71. Nicaragua 5
72. Bhutan 5
73. Turks and Caicos 5
74. Botswana 4
75. Gambia 4
76. Belize 4
77. Malawi 4
78. Sierra Leone 4
79. Anguilla 3
80. British Virgin Islands 3
81. Burundi 3
82. Caribbean Netherlands 2
83. Falkland Islands 1
84. Papua New Guinea 1
85. Timor-Leste 1

မြန်မာနိုင်ငံ Myanmar 21 +1 1

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀
ညနေ ၄ နာရီ ၂၂ မိနစ်။

ကဗျာအကြောင်း

ကဗျာအကြောင်း တယောက်ကမေးတယ်။ နှစ်ရက်လောက်ကြာလို့ မေးခွန်းပြန်ရှာမရသေး။ ကျွန်တော်က ကဗျာဆရာ မဟုတ်လို့ ကဗျာအကြောင်း ၄-၃-၂ ထက်ပိုမသိပါ။ သိချင်တာ ကောင်းတယ်။ တကယ်တတ်ကျွမ်းသူတွေ ရေးတာတွေကို လေ့လာပါလို့ ဖြေခဲ့ပါတယ်။

ဒွေးချိုး တြိချိုး လေးချိုး ရတု တေးထပ် ပျို့ မော်ကွန်း လူးတား ရကန် ဧချင်း ကာချင်း တျာချင်း တမ်းချမ်း လွမ်းချင်း ဒုံးချင်း ဟန်ချင်း အဲချင်း ဘောလယ် မေတ္တာစာ ကောင်းကင်ကြိုး လှောတော်သံ စည်တော်သံ နတ်သံ တလိုင်းသံ ဒိန်းသံ မျောက်မင်းအူသံ ပတ်ပျိုး သီချင်းကြီး ဖွဲ့ (ဘွဲ့) သီချင်း ယိုးဒယားသီချင်း ဗုံကြီးသံ သြဘာစာ မှာတမ်း သံပိုင်း သံချို ဗုံထောက်သံ ရှာပုံတော် ညည်းချင်း လေပြေ ပတ်တိုက်သံ ခွန်းတောက် သံပိုင်း သိင်္ဂါသံ သျှိုးလိုက်ရတု သံပေါက် သံချပ် တဲ့။ အများကြီး။ သူ့စည်းစနစ်နဲ့သူရှိတယ်။

လက်ထဲမှာ စာအုပ်နည်းနည်းရှိတယ်။ အကိုးအကားယူပါတယ်။ ဘယ်အရာမဆို စနစ်တကျ လေ့လာသင့်တယ်။ ကျွန်တော်က မြန်မာစာဆရာလည်း မဟုတ်ပါ။ သိချင်တာ အားပေးတယ်။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀

Friday, April 3, 2020

Medical Masks ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ နှင့် နှာခေါင်းစည်း စကားရည်လုပွဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသတင်းရဲ့သင်္ကေတတခုဟာ နှာခေါင်းစည်းဖြစ်နေတာ ၃ လကျော်ပြီ။ ကြားထဲမှာသာ လက်ဆေးတဲ့ပုံကို သုံးလေ့ရှိတယ်။

ကနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သမတက နှာခေါင်းစည်းမလိုတဲ့။

ဆေးပညာရှင်တွေရဲ့ လမ်းညွှန်ချက်က
၁။ နေမကောင်းဖြစ်နေသူတွေ နဲ့ ရောဂါလက္ခဏာခံစားနေရသူတွေ
၂။ အဲဒီလူနာတွေနဲ့ သံသယရှိသူတွေကို ပြုစုကသပေးနေကြရသူတွေ နှာခေါင်းစည်းလိုကြတယ်။

ဆေးရုံသုံးနှာခေါင်းစည်းဆိုတာ တာဝန် နှစ်မျိုးလုပ်ပေးတယ်။
၁။ ကိုယ့်အသက်ရှူလမ်းထဲကို ရောဂါပိုးတွေ ဝင်မလာစေအောင် နဲ့
၂။ ကိုယ့်ဆီကပိုးတွေ အပြင်မထွက် သူများတွေကို မကူးစေအောင်

အမေရိကားမှာ နေရာတိုင်းမှာ
၁။ သမတရုံးက အိမ်မှာသောနေပါအမိန့် မထုတ်သေး။
၂။ လူတွေကတော့ ၉၀% လောက် အပြင်မထွက်ကြပါ။
၃။ ဆရာဝန်တွေကတော့ တတိုင်းတပြည်လုံး အပြင်မထွက်ရန် အကြံပြုထားတယ်။

ကျွန်တော့်အကြံပြုချက်ကတော့ အိမ်ပြင်မထွက်ရေးနဲ့ လက်ဆေးက တစ် နဲ့ နှစ်။

ဒေါက်တာတင့်ဆွေ
၃-၄-၂၀၂၀

Coronavirus Airborne ကိုရိုနာဗိုင်းရပ်စ် လေကနေ ကူးသလား

Covid က airbone လို့ who ကကြေငြာတာဟုတ်ပါသလားဆရာ

မနေ့ကတည်းက စတက်လာတဲ့ မေးခွန်း။ တွေ့ပါတယ်။ မတင်ခဲ့ပါ။ လူတွေ ပိုပြီးစိုးရိမ်ကြမှာ စိုးလို့။ ကိုရိုနာဗိုင်းရပ်စ် လေကနေ ကူးသလား ဆရာဝန်တွေ ငြင်းနေကြတုန်း။

ဆေးသိပ္ပံဆိုက်တွေမှာ မနေ့ကစရေးကြတယ်။
02 APRIL 2020 Is the coronavirus airborne? Experts can’t agree ပညာရှင်တွေ တသဘောတည်း မရှိပါတဲ့။

The World Health Organization says the evidence is not compelling, but scientists warn that gathering sufficient data could take years and cost lives ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အထောက်အထား မပြည့်စုံပါတဲ့။

Apr. 2, 2020 , 6:45 PM
You may be able to spread coronavirus just by breathing, new report finds အသစ်တွေ့ရှိချက်တွေအရ အသက်ရှူတာနဲ့ ကူးစက်နိုင်တဲ့။

မနေ့နေ့လယ် CNN စီအင်န်အင်န်မှာ စတွေ့တာ။ စကားပြောတာနဲ့ ကူးနိုင်တယ်။ အသက်ရှူတာနဲ့ ကူးနိုင်တယ်။

စိတ်ထဲကနေ မေးလိုက်တယ်။ စကားမပြောနဲ့။ အသက်မရှူနဲ့။

လိုတာထက်ပိုပြီး အစိုးရိမ်ကြီးကြစေလိုပါ။ အခြေခံအကျဆုံး ကာကွယ်နည်းကို တိတိကျကျလိုက်နာပါ။
၁။ အိမ်မှာသာ နေထိုင်ပါ။
၂။ မကြာမကြာ လက်ဆေးပါ။
၃။ အပြင်ထွက်ရရင် နှာခေါင်စည်းသုံးပါ။
၎။ လိမ်တာတွေကို မယုံနဲ့။ မဖြန့်နဲ့။ အရေးယူပါ။
၅။ တိုင်းပြည်အတွက်၊ ကိုယ့်မိသားစုအတွက် တကယ်လိုအပ်တာတွေကို ဖြည့်ဆည်းထားပါ။

ဒေါက်တာတင့်ဆွေ
၃-၄-၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်အရေး အစိုးရ ဘာတွေဆောင်ရွက်သင့်သလဲ

RFA ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ သတင်းထုတ်ပြန်ချက် အားနည်းနေပြီး ဆေးဝါးကုသနည်းတွေနဲ့ ပတ်သက်တဲ့ မမှန်မကန်သတင်းတွေကိုလည်း ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်နေတဲ့ ဆေးပညာရှင် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်လာနေတဲ့အခြေအနေနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေါက်တာတင့်ဆွေကို RFA ဝိုင်းတော်သူ မခင်ခင်အိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မနေ့ညဦးပိုင်းမှာ RFA ရေဒီယိုက ဆက်သွယ်လာတယ်။ အခုကာလမှာ အမေရိကားမှာနေထိုင်းသူ ၉၀% လောက် အိမ်မှာသာနေထိုင်ပြီး အလုပ်လုပ်ကြရတယ်။ နည်းပညာကို အားကိုးကြရတယ်။

ခက်တယ်။ အဆင်မပြေလို့ ပြန်ပြန်ဖြေရတယ်။ မက်စင်ဂျာက ဖုန်းအရုပ်လေးကို သုံးရတယ်။ ရီကော့ဒ် လုပ်တာ တော်တော်နဲ့ရှာမရ။ ဆောရီး သုံးခါလောက်ပြောတယ်။ ဒီနည်းက လက်ပတော့ပ်မှာမရ။ ဖုန်းနဲ့သာရတယ်။ လေရှည်ပြီးဖြေတာတွေ အကုန်ပါ မပါ မသိ။ ဆောရီး။

ကိုယ့်ပါတီကအစိုးရကိုပါ ဆရာဝန်အမြင်နဲ့ ဝေဘန်ပါတယ်။ လိုတာတွေ ဖြည့်ပါ။ မလိုတာတွေကို အရေးယူပါ။

ဒေါ်ခင်ခင်အိ စာတန်းထိုးတာ လွဲသွားတယ်။ ကျွန်တော်က ဖို့ဒ်ဝိန်းမြို့မှာ မနေပါ။ အင်ဒီယာနာပုလစ်မြို့မှာ။

https://www.facebook.com/39218993127/posts/10159740364478128/

ဒေါက်တာတင့်ဆွေ
၃-၄-၂၀၂၀

BCG vaccine ဘီစီဂျီ ကာကွယ်ဆေး

ဆရာရှင့် ကျွန်မ အသက် ၃၆ နှစ်ပါ ဘီစီဂျီကာကွယ်ဆေးက ၃၅ နှစ်အထက်တွေကို ကာကွယ်မှု မပေးနိုင်တော့ဘူးဆိုတာ ဟုတ်ပါသလားရှင့် ဆရာဖြေကြားပေးစေလိုပါတယ်ရှင့် ကျေးဇူးပါ

BCG ခေါ် တီဘီကာကွယ်ဆေး တသက်မှာ တကြိမ်တည်းသာထိုးတယ်။ တချို့နိုင်ငံတွေမှာ မွေးစကလေးတိုင်းကို ထိုးတယ်။ တချို့နိုင်ငံတွေမှာ မထိုး မနေရမဟုတ်။ တချို့နိုင်ငံတွေမှာ တီဘီနဲ့ တွေ့ရလောက်တဲ့ ကျန်းမာရေး ဆောင်ရွက်ပေးသူတွေကို ထိုးစေတယ်။ ဆီးအိမ်ကင်ဆာတမျိုး ကုသနည်းအဖြစ်သုံးတာရှိတယ်။ လောလောဆယ် သြစတေးလျမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွက် စမ်းသပ်နေတာရှိတယ်။

BCG vaccine တီဘီ ကာကွယ်ဆေး https://doctortintswe.blogspot.com/2014/10/bcg-vaccine.html
BCG Scar ပခုံးဖေါ်အင်္ကျီ https://doctortintswe.blogspot.com/2018/07/bcg-scar.html
BCG ဘီစီဂျီကာကွယ်ဆေး နှင့် ကိုရိုနာဗိုင်းရပ်စ် သတင်း https://doctortintswe.blogspot.com/2020/03/bcg.html

ကာကွယ်ဆေးတိုင်းကို တခါထိုးထားရင် ဘယ်လောက်ထိ ကာကွယ်မှုပြုနိုင်သလဲ စမ်းနေကြတာရှိတယ်။

တီဘီဆိုတာ မြန်မာပြည်လိုနိုင်ငံတွေမှာ ကလေးတွေ လူ့လောကကြီးထဲရောက်လာကတည်းက တီဘီပိုးပါနေနိုင်တဲ့လေကို ရှူကြရတဲ့သဘော။ ဘီစီဂျီကာကွယ်ဆေးဆိုတာ ဆေးထိုးတဲ့နေရာလေးမှာ တီဘီဖြစ်ခိုင်းလိုက်တာလို့ ပြောနိုင်တယ်။ ရောဂါရယ်လို့တော့ မဟုတ်။ အလွန်ကိုအားနည်းအောင်လုပ်ထားတဲ့ တီဘီပိုးဖြစ်တယ်။ အဲတာဝင်တာနဲ့ ကိုယ်ခန္ဓာက ခုခံတယ်။ အင်တီဘ်ေဒီ ခေါ်တာတွေ ထွက်လာစေတယ်။ နောင်မှာ တကယ့်တီဘီပိုးဝင်ခံရရင် အဲတာတွေကနေ တိုက်ထုတ်လို့ တီဘီ မဖြစ်နိုင်။

ကိုယ်ထဲမှာ အင်တီဘော်ဒီရှိနေသူတွေ အသက် ၁၀၀ ဖြစ်နေလည်း တီဘီကို ခံနိုင်ရည်ရှိကြတယ်။ ဘယ်အရာမဆို ၁၀၀% ကတော့ ရှားတယ်။

ဆေးသုတေသနတွေကတော့ များတယ်။ ဆရာဝန်တိုင်းတောင် အကုန်မသိ။ သိစရာလည်း မလို။ ခိုင်မာတဲ့အဖြေ ထွက်ရင် လိုက်နာကြရတယ်။

ဒေါက်တာတင့်ဆွေ
၃-၄-၂၀၂၀

Thursday, April 2, 2020

Scarf မျက်နှာစည်း

အမေရိကားမှာ အခုထိ နှာခေါင်စည်းမိန့် မထုတ်သေး။ ကနေ့အိမ်ဖြူတော် သတင်းစာရှင်းလင်ပွဲမှာ သမတက ပါးစပ်နဲ့ နှာခေါင်းကို စကဖ် နဲ့ဖုံးတာက ပိုကောင်းမယ်ထင်တယ်။ ပိုထူတာကိုးလို့ ဖြေပါသတဲ့။

ကန့်သတ်မှုတွေက တနေရာနဲ့ တနေရာ မတူ။ တချို့က ဘိခ်ျ သွားကြတုန်း။ ဘာဖြစ်ဖြစ် ကမ္ဘာမှာ နံပတ်တစ်။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀

ဝိဋဋူဘဝတ္ထု

ကွန်မင့်တခုရလို့ ရေးပါတယ်။  (စ) ငယ်ငယ်ကခင်နှင်းယုရဲ့ ဝတ္ထုထဲကဇာတ်ကောင်ရဲ့ စရိုက်တခုကို ပြန်မှတ်မိလိုက်တယ်။ ဝတ္ထု နာမည်တော့မမှတ်မိ။ ဇာတ်ကောင်နံမည်ကဒေါ်ဇာယုလားမသိ ကိန်းကြီးခန်းကြီးထဲကပေါ့။ သူ့အိမ်ကိုအပြင်ဧည့်သည်လာလို့ ပြန်သွားလျှင် သူထိုင်တဲ့နေရာ သူထိတဲ့နေရာကိုနွားနို့နဲ့ဆေးပစ်တာ။ အခုလည်းလူတွေ လက်ဆေး အိမ်ရောက်တာနဲ့လက်ဆေး။ ကျနော်နေတဲ့ရပ်ကွက်က လူတယောက်က ယခင်ကတည်း ခဏခဏ လက်ဆေးတာ ပြောစမှတ်ကိုဖြစ်လို့။ အခုတော့ သူအတွက်ကတော့ ထူးပြီး အံ့ဖွယ်တခုတော့မဖြစ်ပါ။ (ဆုံး)

ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ဂါထာ ၄၇၊ ဝိဋဋူဘဝတ္ထုကို ကိုးကားတယ် ထင်ပါတယ်။

မြတ်စွာဘုရားတရားတော်ကို နာယူရအပြီး ပသေနဒိကောသလမင်းကြီးဟာ နှစ်ခြိုက်သဘောကျတယ်။ အဲတာသာမက ဘုရားနဲ့ အမျိုးစပ်ချင်လာတယ်။ ဘုရားက သာကီဝင်မင်းမျိုး။ သာကီဝင်မျိုး မင်းသမီးကို မိဖုရား မြှောက်ချင်လာတယ်။ သာကီဝင်မင်းတွေဆီကို သာကီဝင်မင်းသမီးတယောက် ဆက်သစေလို့ ရာဇသဝဏ်လွှာပို့တယ်။ တမန်အမတ်တွေ ကိုလည်း သာကီဝင်မင်းသမီး ဟုတ် မဟုတ်ကိုပါ စုံစမ်းခိုင်းတယ်။

ကပိလဝတ်မှာ သာကီဝင်မင်းတွေ တိုင်ပင်ကြရတော့တယ်။ ပသေနဒိကောသလမင်းဟာ ပြည်ထောင်ပြိုင်ဘက်။ သာကီဝင်မင်း မဟုတ်။ ဒါပေမဲ့ သမီးတော်တပါးပါးကို မပေးလျှင် ရန်ပြုဖျက်ဆီးမှာကို သိတယ်။ မဟာနာမမင်းက အကြံကောင်းရတယ်။ သူ့ကျွန်မ နာဂမုဏ္ဍာရဲ့ တင့်တယ်ခြင်းနဲ့ပြည့်စုံတဲ့ သမီးကို ဆက်သလိုက်မယ်လို့ စီမံတယ်။ လာတောင်းကြတဲ့ အမတ်တွေကို ဘုရားရဲ့ ဖထွေးတော် အမိတောဒန သာကီဝင်မင်းရဲ့ သားတော် မဟာနာမမင်းရဲ့ သမီးတော် ဝါသဘခတ္တိယာ ဖြစ်တယ်လို့ လိမ်ပြောလိုက်တယ်။

ပသေနဒိကောသလမင်းကလည်း သေချာအောင်လုပ်ခိုင်းတယ်။ သာကီဝင်ခမည်းတော်နဲ့ အတူ ပွဲတော်တည်တဲ့ မင်းသမီးဟုတ် မဟုတ် စစ်စေတယ်။

မဟာနာမ သာကီဝင်မင်းကလည်း ပိုပြီး ဦးနှောက်ပြေးတယ်။ ကျွန်မသမီးနဲ့ အတူစားတော်တည်ဟန်ပြုတယ်။ ပဌမ ထမင်းလုပ် မစားခင်မှာ သူ့အမတ်တွေကို အရေးကြီးသဝဏ်လွှာဆက်ခိုင်းတယ်။ အဲတာနဲ့ အတူတူ စားတော်ခေါ်တာလို့ပဲ ဟိုကလာကြတဲ့ အမတ်တွေက ယုံသွားပြီး မင်းသမီးခေါ် နေပြည်တော်ပြန်ကြတယ်။

အယုံသွင်းခံလိုက်ရတဲ့ ဘုရင်က ကျွန်မသမီးကို မိဖုးရားကြီးမြှောက်လိုက်တယ်။ မကြာမီ သားတော်တပါး ဖွားတယ်။ အမည်မှည့်ဘို့ မဟာနာမသာကီဝင်မင်းဆီ သဝဏ်လွှာပို့တယ်။ အကျွမ်းဝင်းရင်းနှီသူလို့ အဓိပ္ပါယ်ရတဲ့ ဝိဋဋူဘ အမည် ပေးလိုက်တယ်။ ဝိဋဋူဘအရွယ်ရောက်တော့ ဆွေတော်မျိုးတော်တွေဆီ သွားချင်လာတယ်။ မယ်တော်ကတားတာ မရ။ ခွင့်ပြုလိုက်ရတယ်။ မယ်တော်ကလည်း အကြံအစည်လုပ်ရတယ်။ တမန်လွှတ်တယ်။ တစုံတရာထူးခြားမှု မပြုကြပါရန်လို့ မေတ္တာရပ်ခံလွှာပို့တယ်။

ခက်တာက ငယ်ရွယ်သူတွေက ဝိဋဋူဘကိုရှိမခိုးနိုင်ကြ။ အဲတာနဲ့ တောသွားနေကြတယ်။ ရောက်လာတော့ အမျိုး ဆိုသူတွေကို မိတ်ဆက်ပေးတယ်။ အားလုံးက သူ့ထက်ဝါကြီးသူတွေ။ သူ့ကိုရှိခိုးမည့်သူ မတွေ့ရ။ မေးတယ်။ တောဇနပုဒ် တိုက်ငယ် အလည်သွားနေကြတယ်လို့ ဖြေကြတယ်။

သူအပြန်မှာ ကျွန်မသားထိုင်းသွားတဲ့နေရာကို နွားနို့နဲ့ဆေးကြောကြတယ်။ အမှတ်မထင် ဝိဋဋူဘ သိသွားတော့တယ်။

ကျွန်မသားလို့ အပြောခံရတဲ့ ဝိဋဋူဘမင်းသား ဘုရင်ဖြစ်လာတော့ သာကီဝင်မင်းတွေကို သတ်ဖြတ် လက်စားချေတယ်။ ဇာတ်တော်အဆုံးမှာတော့ ဝိဋဋူဘမင်းနဲ့ စစ်သည်ဗိုလ်ပါတွေ သာဝတ္တိမြို့အနီးက အစီရဝတီမြစ်ရေထဲမှာ မျောပါ သေဆုံးကြပါတဲ့။

နွားနို့နဲ့ မဆေး ဆပ်ပြာနဲ့သာ လက်ဆေးကြပါကုန်။ ကူးစက်ရောဂါဟာ ဘုရင်သော ကျွန်သော မရွေးပါ။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀

New Enemy သတ်ပုံစာကို ရန်လုပ်နေကြသူများ

ဆရာက ဆေးကုတဲ့ ဆရာဝန်လား။မြန်မာစာဋ္ဌာနကလား ခင်ဗျ။ကျန်းမာရေးအတွက် မေးတဲ့ မေးခွန်းကို ဆရာ နားလည်ရင် အဆင်မပြေတာပဲ မဟုတ်လားခင်ဗျာ။အမှားရှိရင် ကန်တော့ပါဆရာ။

ဆေးကျောင်းတက်ချင်ရင် မြန်မာစာတတ်ရတယ်။ ဆရာဝန်ဖြစ်ပြီး မြန်မာစာတတ်စရာမလိုတော့ဘူးလို့ ထင်သူ အတော်ကို ရှားတယ်။

ကျွန်တော် အခု ဆေးမကုတော့ပါ။ ကျန်းမာရေး မေးတာတွေကို ဖြေတယ်။ စာနဲ့ရေး မေးတာကို နားမလည်ရင် ဖြေမရ။ နားမလည်တဲ့မေးခွန်းတွေ ရာဂဏန်းများများ ရှိတယ်။ ပြန်ပြန်မေးရတယ်။

သတ်ပုံစာကို ရန်လုပ်နေသူတွေ မကြာမကြာ တွေ့ရတယ်။ တချို့ကိုတော့ ဘလော့လိုက်တယ်။ နေမကောင်းလို့ မေးတာတွေကို ဖြေချိန်နည်းစေလို့ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀

ကိုရိုနာ အူကာရန်

လှူနေကြသည် ကူနေကြသည်
ပူနေကြသည် ဆူနေကြသည်
တူနေကြသည် ငူနေကြသည်
ဂူနေကြသည် ရှူနေကြသည်
သူတို့ လူတွေဖြစ်ကြသည်။

အိမ်မှာနေပါ လက်ဆေးပါ။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀

ရွှေဝယ်ဝယ် ဆေးဝယ်ဝယ်

ရွှေရောင်းရောင်း ဆေးရောင်းရောင်း

မေးပါရစေဆရာ ပေါက်ကရအတွေးလို့တော့မထင်ပါနဲ့ဆရာ ကလေးနှစ်ယောက်ရှိလို့ အစစအရာရာ သတိကြီးကြီး ထားနေရတာပါ အစားအစာကနေမကူးဘူး ဆိုတာကို နားမရှင်းလို့ပါ အစားအစာ လုပ်သူ / ရောင်းချသူ / ဝယ်ယူသူ တဦးဦးက ရောဂါပိုးရှိနေခဲ့ပြီး ဒီအစားအသောက်ရှေ့မှာ နှာချေ/ ချောင်းဆိုးခဲ့ရင် အစားအစာကို ပိုးပါတဲ့အမှုံအမွှားတွေ ကပ်ငြိပြီး စားသုံးမိတဲ့သူကို မကူးစက်နိုင်ဘူးလားဆရာ ပြန်ဖြေပေးဖို့ တောင်းပန်ပါတယ်ဆရာ

ထပ်ဖြည့်စရာရှိသေး။ ရွှေဝယ်ဝယ် ဆေးဝယ်ဝယ် ဈေးဝယ်သူ ဆီကနေလည်း ကူးနိုင်တယ်။

ပိုးပါနေသူ ချောင်းဆိုး နှာချေရင် သူ့အနား ၆ ပေပတ်လည်က လူ ပစ္စည်း မျက်နှာပြင်တွေပါ် ပိုးတွေကျမယ်။ ပိုးကို တခြားလူက ထိကိုင်င်မိပြီး ကိုယ်ထဲရောက်ရင် ကူးနိုင်တယ်။ ဈေးရောင်းသူ အစားအစာဖြစ်ဖြစ် အဝတ်အထည်ဖြစ်ဖြစ် ကွမ်းယာဖြစ်ဖြစ် ရွှေဖြစ်ဖြစ် ဆေးဖြစ်ဖြစ်။

ရွှေဝယ်ဝယ် ဆေးဝယ်ဝယ် ဈေးရောင်းသူကိုရော တခြားဈေးဝယ်လာသူတွေကိုပါ ကူးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀

Impatient သည်းခံခြင်းတရား နည်းပါးသူ

ဘလော့လိုက်ပါတယ်စာအောက်မှာ ကွန်မင့်တခုရတယ်။

ဘလော့သင့်ပါတယ် ဆရာခင်ဗျ ဒါမဲ့ဆရာက အသက်ကြီးလို့လား အလုပ်များလို့လားမသိဘူး သီးခံခြင်းဆိုတဲ့တရား နည်းပါးလွန်းပြီတကား ယနေ့အချိန်မှာ ပညာရှင်တွေရဲ့ပုံရိပ် မှန်ကန်သော message တွေဟာ အရေးပါလွန်းလို့ စိတ်ရှည်တော်မူကြပါကုန်

အသက်မကြီးခင်က စည်းကမ်းထားတာ ဒိထက်များသေးတယ်။

ငယ်ငယ်က ကျောင်းဆင်းချိန်မှာ အိမ်အတွက် ရေ နှစ်ခေါက် ထမ်းပြီး ကျည်းသားရိုက်တယ်။ ညစာစားပြီး တညတနာရီ စာဖတ်တယ်။ အိပ်တယ်။ အခုလည်း ညတနာရီ တနာရီခွဲအထိ ဖြေစရာ ရေးစရာတွေ လုပ်တယ်။

သည်းခံနိုင်တာသာ သည်းခံတတ်တယ်။ ဘလော့ထားတာ ၇၀၀ နီးပြီ။ တိုးလာဦးမယ်။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀

UK applauds frontline workers ရှေ့တန်းရောက်များအား အားပေးဂုဏ်ပြခြင်း

ယူကေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ကာကွယ် ကုသ တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး ဆောင်ရွက်ပေးနေသူတွေကို ပြည်သူပြည်သားတွေက အသိအမှတ်ပြုကြ ဂုဏ်ပြုကြပါတယ်။

မြန်မာပြည်မှာ
အသိအမှတ်ပြုခံရသူတွေ ဂုဏ်ပြုခံရသူတွေ များပါစေသတည်း။
အသိအမှတ်ပြုသူတွေ ဂုဏ်ပြုသူတွေ များပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀

Coronavirus ခြေရာခံခြင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို မြန်မာပြည်မှာ ဆရာဝန်တွေ ဦးစံရှားလုပ်ကြရပါတယ်။ ဘယ်သူကစ၊ ဘယ်ကလာ၊ ဘယ်ကိုရောက်၊ ဘယ်သူ့ကို ကူးစက်သလဲ။ နောက်တယောက်။ နောက်တယောက်။ နောက်တယောက်။

Sherlock Holmes ရှားလော့ဟုမ်း စုံထောက်ဇာတ်လမ်းတွေကို ဗြိတိသျှစာရေးဆရာ Sir Arthur Conan Doyle အာသာ ကွန်နင်ဒွိုင်လ် က ရေးခဲ့တယ်။ စူးစမ်းလေ့လာမှု၊ ခြေရာခံခြင်း၊ ဆွဲထုတ်ယူနည်း၊ မှုခင်းဆေးပညာ၊ ယုတ္တဗေဒတွေကို အခြေပြုရေးသားတယ်။ ၁၈၈၇ ခုမှာ A Study in Scarlet ကိုစရေးတယ်။ အဲဒီအချိန်က မြန်မာပြည်ဟာ ဗြိတိသျှ ကိုလိုနီဖြစ်တာ ၂ နှစ်သာကြာသေးတယ်။

ရွှေဥဒေါင်းက ၁၉၁၇ ကတည်းက သူရိယမဂ္ဂဇင်းမှာ မြန်မာဘာသာပြန် စရေးပါတယ်။ ကိုလိုနီခေတ်မှာ။ စုံထောက် ဦးစံရှားလို့ အမည်ပေးတယ်။ ဦးစံရှားရဲ့လက်ထောက်က ဦးသိန်းမောင်။ မူရင်းဝတ္ထုထဲမှာ Dr. John H. Watson ဒေါက်တာဝတ်ဆင်။ တကယ်တော့ မိတ်ဆွေ (ဖရင်း မဟုတ်) နဲ့ ဘိုင်အိုဂရပ်ဖါ ခေါ် ဇာတ်ကြောင်းပြန်သူ။ လန်ဒန်မြို့ကို အခြေပြုရေးပါတယ်။

ရွှေဥဒေါင်းဘာသာပြန်တွေက အလွန်လူကြိုက်များတယ်။ နောက်မှာ ကာတွန်းအောင်ရှိန်က ဦးရှံစားနဲ့ ဦးဒိန်းဒေါင် အမည်နဲ့ ကာတွန်းရေးတာလည်း အလွန်လူကြိုက်များတယ်။

ဘယ်အရာမဆို စူးစမ်းလေ့လာမှု၊ ခြေရာခံခြင်း၊ ဆွဲထုတ်ယူနည်း၊ မှုခင်းဆေးပညာ၊ ယုတ္တဗေဒတွေကို အခြေပြုမှသာ အမှန်ပေါ်ပေါက်တယ်။ ဖရင်းခေတ်မှာတော့ ဦးတဲ့သူက ကြုံသလိုရေးကြတယ်။ လိုက်ခ် များတယ်။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀
ပုံအတွက် ကျေးဇူး။

Wednesday, April 1, 2020

ကိုဗစ်နှင့် မြန်မာ့နိုင်ငံရေး

VOA 01 ဧပြီ၊ 2020

အခုတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မြန်မာနိုင်ငံမှာ ဘက်စုံစည်းလုံးညီညွှတ်ရေး ရနိုင်မလားကိစ္စကို ၁၉၉၀ ပြည့် ရွေးကောက်ခံ လွှတ်တော်အမတ်ဟောင်း ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ အပစ်ခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့လို ပုဂ္ဂိုလ်တွေက ဆော်သြထားသလို၊ မြန်မာနိုင်ငံတွင်းမှာလည်း အလာတူအပစ်ခတ်ရပ်စဲဖို့ လိုအပ်တယ်လို့ အဖွဲ့အစည်းတချို့ က ပြောဆိုနေကြတာ ရှိပါတယ်။ တကယ့်ဖြစ်လာနိုင်မယ့် အလားအလာကိုတော့ ဒေါက်တာတင့်ဆွေက အခုလိုစတင်ဆွေးနွေးထားပါတယ်။

ဖြေ ။ ။ ပဏာမဖြေရရင်တော့ ကျနော်ကတော့ အလားအလာသိပ်အားမရဘူး။ အားတော့နာတယ် - ဘာကြောင့်လဲဆိုတော့ စစ်ပွဲတွေဖြစ်တိုင်း ကမ္ဘာပေါ်မှာ ဗမာသာမကပါဘူး၊ စစ်ပွဲကိုအကြောင်းပြုပြီး စီးပွားရေးအမြတ်ထုတ်ကြတယ်။ နောက်တခါ နိုင်ငံရေးအမြတ်ထုတ်ကြပါတယ်။ ဒါကတော့ အခြေခံပေါ့။ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေကိုကြည့်ရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အပြစ်တင်ဝေဖန်ခံရတဲ့ ခေါင်းဆောင်တွေ ရှိပါတယ်။ လက်ရှိအစိုးရကအစ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါတယ် ဝေဖန်ခံရတယ်။ စီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှု၊ ပစ္စည်းရုပ်ဝတ္ထုအင်အား၊ ငွေကြေးအင်အား ဖြည့်တင်မှုအပိုင်းမှာ အစိုးရကို အပြစ်တင်ကြပါတယ်။ နောက်တခါ သတင်းဖြန့်ချီမှုအပိုင်းမှာ ပြန်ကြားရေးကို အပြစ်တင်ကြတာက လက်ရှိအခြေအနေ။ အဲဒီအခြေအနေမှာ ကျနော်တို့ သူများနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် တပ်မတော်နဲ့ ပတ်သက်ပြီး၊ ဆက်ပြောပါရစေ။

ဥပမာ ဗြိတိန်နိုင်ငံမှာဆိုရင် ExCel Exhibition Centre ခေါ်တဲ့ ဧရာမပြပွဲခန်းမကြီးကို ဗြိတိန်စစ်ဘက်နဲ့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနဘက်က ပေါင်းပြီးတော့ ကုတင် (၄၀၀၀) ဆန့် ယာယီဆေးရုံ ပြောင်းပေးကြတယ်။ ဒါက အင်မတန်မှကောင်းတဲ့လုပ်ရပ်။ နောက်တခါ အမေရိကန်ပြည်ထောင်စုမှာဆိုရင်လဲ စစ်သင်္ဘောကြီးက ကပ်လာပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်လို့ ရွှေ့ ဆိုင်းထားတဲ့ ခွဲစိတ်လူနာတွေကို အဲဒီစစ်သင်္ဘောက ကုပေးမယ်။ အဲဒါက ကောင်းတဲ့နမူနာ။ ကျနော်တို့ ဗမာနိုင်ငံမှာကော တပ်မတော်က ဘာတွေဆောင်ရွက်ပေးသလဲ။ ပေးနေသလဲ။ ပေးအုံးမလဲ။ အခုထိတော့ ကျနော်တို့ မသိဘူး။ ဒါက ကျနော်အနေနဲ့ တပ်မတော်နဲ့ NLD အစိုးရပေါ်မှာ။

နောက်တခါ မေးခွန်းရဲ့  အဓိကအချက်ဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကတော့ ကိုရိုနာဖြစ်လို့ ထူးပြီးကောင်းလာမယ်လို့တော့ ကျနော်ကတော့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော် အရင်အကြိမ်ကြိမ်ဆွေးနွေးပါတယ်။ ကိုရိုနာဖြစ်မှ လက်နက်ကိုင် ရပ်စဲမယ့်ဆိုတာ စစ်တပ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေက လေးလေးနက်နက် စဉ်းစားကြရဲ့ လား။ ကျနော်ကတော့ စဉ်းစားမကြဘူးလို့ ထင်တဲ့အတွက် မေးခွန်းရဲ့ အဖြေကတော့ အားမရဘူးလို့ပဲ ဖြေပါရစေ။

မေး ။ ။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတချို့ ကတော့ အပစ်ခတ်ရပ်စဲရေးကို အားသွန်ခွန်စိုက် လုပ်မယ်ဆိုပြီးတော့ ပြောနေကြတယ်။ အထူးသဖြင့် အခုတိုက်ပွဲအပြင်းထန်ဆုံး ဖြစ်နေတဲ့ AA ရခိုင်တပ်ဆိုရင်လဲ၊ သူတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စကားကို တချိန်လုံးပြောနေတာလို့ သိရပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က ဒီကိစ္စကို လက်ခံခြင်းမရှိတဲ့အပြင်၊ အခုဆိုရင် နောက်ဆုံးကြတဲ့ သတင်းအရ၊ KIA ထဲမှာ AA ကို ထားရှိတဲ့ကိစ္စကို မထားဖို့၊ အစိုးရက ဖိအားပေးနေတယ်လို့ သိရပါတယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက်က လိုချင်တဲ့သဘောတော့ တွေ့ရတယ်ဆိုရင် မှားသလား။ ပြီးတော့ အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုတာကလဲ တိုင်းရင်းသားအင်အားစု KNU ဘက်က ပြောတာကိုလည်း ကြားရပါတယ်။

ဖြေ ။ ။ ဒီကိစ္စမှာလဲ တိုင်းရင်းသားအင်အားစုလို့ ခြုံပြောရတာ တခါတခါ ကောက်ချက်က မမှန်တတ်ပါဘူး။ ကျနော်တို့မြန်မာနိုင်ငံမှာ လက်ရှိ လက်နက်ကိုင်ပြီးတော့ အစိုးရကို တော်လှန်နေတဲ့ အဖွဲ့အစည်းပေါင်း မြောက်မြားစွာရှိတဲ့အတထဲမှာ နိုင်ငံရေးရည်ရွယ်ချက်၊ အမျိုးသားရေးရည်ရွယ်ချက်တွေက မတူကြဘူးပေါ့။ သို့သော်လဲ သူတို့တွေက အင်အားအဖြစ်စုပြီးတော့ အစိုးရနဲ့ဖြစ်ဖြစ်၊ တပ်မတော်နဲ့ဖြစ်ဖြစ်၊ စုစည်းမှုပြုပြီးတော့ လိုချင်တာတွေကို ဆောင်ရွက်ကြတာ ဒီဟာကတော့ မှန်တာပေါ့။ ကျနော်ကပြောချင်တာက အကျိုးစီးပွား ရည်ရွယ်ချက်တွေ သိပ်မတူကြဘူးလို့ ပဏာမပြောချင်တယ်။

နောက်တခါ အခုမေးခွန်းအတိုင်းဖြစ်တဲ့ AA နဲ့ ပတ်သက်ရင် တပ်မတော်ဘက်က ဆောင်ရွက်နေတာတွေက တကယ့်ကို မေးခွန်းထုတ်စရာ အဆီအငေါ မတည့်ဘူးလို့ ဒါကတော့ ကျနော်ထင်တယ်။ AA က တောင်းတောင်း၊ ဘယ်သူကတောင်းတောင်း၊ အပစ်အခတ်ရပ်စေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်းတောင်းမတောင်းတောင်း၊ ဒါက ဖြစ်သင့်တဲ့ကိစ္စ၊ ကြိုဆိုရမယ့်ကိစ္စ။ ဒါကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တပ်မတော်ဘက်ကတော့ အခုထိ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် အတော့်ကို အကဲမရတဲ့ အနေအထားကတော့ အခုထိ တိုးတက်ပြောင်းလဲလာတယ်လို့ ကျနော်မထင်ဘူး။ အဲဒီတော့ ဒီကူးစက်ရောဂါကြီးကို အကြောင်းပြုပြီးတော့ တပ်မတော်ကများ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီးတော့ အယူအဆပြောင်းရင်တော့ ကောင်းတာပေါ့။ သို့သော် ကျနော်ကတော့ မမြင်ဘူး။

မေး ။ ။ တပ်မတော်ရဲ့  ပြည်တွင်းစစ်အပေါ်မှာ သဘောထားက အပြုတ်တိုက်ရေးလား။ သို့တည်းမဟုတ် တဘက်သားကို အင်အားပျော့ညံ့သွားပြီးမှ အလျှော့ပေးပြီးမှ ငြိမ်းချမ်းရေး၊ စေ့စပ်ရေးထဲကို ဝင်လာအောင် တပ်မတော်အနေနဲ့ အပေါ်စီကနေ စေ့စပ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်များ ရှိနေသလား။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဖြစ်ဖြစ် သူတို့ရည်ရွယ်ချက်အတိုင်း ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အဲဒါကို ကျနော်တို့ လွတ်လပ်ရေးရကတည်းက စပြီးတော့ ခြုံပြီးတော့ ကြည့်တဲ့အခါမှာ တပ်မတော်ဘက်က မဟာဗျူဟာအမျိုးမျိုးပြောင်းတယ်။ နည်းဗျူဟာတွေအမျိုးမျိုး ပြောင်းခဲ့ပါတယ်။ အစကတော့ ကွန်မြူနစ်ကို အပြုတ်တိုက်ရေးကို ဦးတည်ပြီး ဆောင်ရွက်ခဲ့ကြတယ်။ ဗိုလ်ချုပ်နေဝင်းလက်ထက်က။ ဒါက အတိုင်းအတာ တစုံတရာအထိ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အဲဒီနောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တောခိုတယ်လို့ ပြောပါတော့ - အဲဒီကာလမှာတော့ တပ်မတော်၊ စစ်အစိုးရတွေ - ဦးနေဝင်းပြီး စစ်အစိုးရ ဖြစ်လာတဲ့အခါမှာ သူတို့က ချက်ချင်းယာယီ အပစ်ခတ်ရပ်စဲရေး၊ ပထမဦးဆုံးကတော့ ငြိမ်းချမ်းရေးနဲ့ လက်နက်လဲတယ်ဆိုတဲ့ အစီအစဉ် လုပ်ခဲ့တယ်။ ကျနော်မြင်တာ အတိုင်းအတာတခုအထိတော့ အောင်မြင်ပါတယ်။ ဒါကတော့ ကျနော်တို့ ငြင်းလို့မရဘူး။ သို့သော် အဲဒါ ယာယီသဘောသာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အစိုးရပြောင်းလာတယ်။ ဦးသိန်းစိန်အစိုးရကစပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြောင်းလာတယ်။ တခါ NLD အစိုးရလက်ထက်မှာလဲ အဲဒါနဲ့မကွာလှတဲ့ ပင်လုံညီလာခံဆိုပြီး ပြောင်းလာတယ်။ အဲဒီိမှာ တပ်မတော်က အရေးကြီးဆုံး။ လက်နက်ကိုင်အဖွဲ့ကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတိုက်ခိုက်နေတာ တပ်မတော်ဖြစ်နေတော့ အစိုးရက ဘာလုပ်လုပ် တပ်မတော်ရဲ့  သဘောထားက အင်မတန်မှ အရေးကြီးပါတယ်။

အခုနောက်ဆုံးအခြေအနေကိုကြည့်ရင် တပ်မတော်က အပြုတ်အလဲတိုက်နိုင်စွမ်း မရှိဘူး။ တိုက်ချင်စိတ်လည်း မရှိဘဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းလဲ သူက မပါဖြစ်လို့ ပါနေရသလို ဖြစ်ပြီးတော့ ထိုးထွင်တဲ့ အရှည်ကိုမြင်တဲ့ တိုင်းပြည်အကျိုးစီးပွားကိုကြည့်တဲ့ မဟာဗျူဟာအမြင် တပ်မတော်မှာ ချို့ ယွင်းနေတယ်လို့ ကျနော်က ယူဆပါတယ်။ ဒါကြောင့် ဒီလိုပဲ ရေရှည်ဆွဲပြီးတော့ စစ်အစိုးရ တက်လာခါစဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေရှိလို့ တပ်မတော်ကို အားကိုးထိုက်တဲ့ အဖွဲ့အစည်းလို့ မြင်လာအောင် ပုံဖော်တဲ့ နိုင်ငံရေးအမြတ်ကလည်း ထုတ်ခဲ့တယ်။ အဲဒီတော့ ချုပ်လိုက်လို့ရှိရင်တော့ တပ်မတော်မှာ တိုက်နိုင်စွမ်းနဲ့ တိုက်ချင်စိတ်တို့ မရှိဘူး။ ဒါကြောင့် ပြည်တွင်းစစ်ဆိုတဲ့ တိုက်ပွဲကတော့ ဆက်ရှည်ကောင်း ရှည်နိုင်တယ်လို့ ကျနော်က မြင်ပါတယ်။

မေး ။ ။ အဲဒီတော့ တပ်မတော်ဟာ တိုင်းရင်းသားတွေ အားကိုးလောက်တဲ့ အဖွဲ့ဆိုတဲ့ အမြင်မျိုးရဖို့အတွက် အခုအချိန်မှာ အခွင့်ကောင်းလို့ ကျနော်ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ လူတွေရဲ့ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရင်၊ အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် သိပ်ကို ကျန်းမာရေးအခြေအနေ စိုးရိမ်စရာကောင်းမယ်လို့ ထင်ပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ပဋိပက္ခကို ရပ်ပြီးတော့ ဒီကိစ္စမှာ ကူညီဖြေရှင်းပေးရင် ပိုပြီးသင့်တော်မယ်လို့ သူတို့မစဉ်းစားမိတာလား။

ဖြေ ။ ။ မှန်ပါတယ်။ ကျနော်လည်း အဲဒီလို အင်မတန်မှ ဖြစ်စေချင်တယ်။ တပ်မတော် ကျဆင်းပျက်စီးခဲ့တဲ့ နာမည်ဂုဏ်ရှိန် ပြန်တင်ဖို့၊ သူ့ရဲ့ စွမ်းရည်ကို ပြန်မြှင့်ဖို့၊ တိုင်းပြည်အတွက်ကို ဦးတည်တဲ့ ရည်ရွယ်ချက်ပြောင်းဖို့ဆိုတာ အခွင့်ကောင်းကို ရှာကြရပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်က ရောဂါအသစ်ဖြစ်တော့ မြန်မာနိုင်ငံမှာ ဘယ်လောက်ပမာဏအထိ ကြီးမားမလဲဆိုတာ ဘယ်သူမှလဲ ဒီအချိန်မှာ ပြောလို့မရဘူး။ ဆိုးလာခဲ့ရင် တပ်မတော်က ဒီအတိုင်းပဲ၊ သူ့အတွက်ပဲ လုံခြုံအောင်လုပ်ပြီးတော့၊ သူ့အကျိုးစီးပွားအတွက်ပဲ နေမယ်ဆိုရင်တော့ တပ်မတော်ရဲ့  ဂုဏ်သိက္ခာက ကျသထက်ကျပြီးတော့၊ ဒါကို အခွင့်ကောင်းယူပြီးတော့ တပ်မတော်က ဂုဏ်သိက္ခာပြန်တက်အောင် ကြိုးစားလို့ရှိရင် ဒါက အခွင့်ကောင်းကြီးတရပ် ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ အဲဒါ အခုနမေးခွန်းထဲမှာပါသလို စစ်ဘေးရှောင်ဒေသတွေမှာများ ကူးစက်ရောဂါရောက်ရင် မတွေးဝံ့စရာပါ။ အဲဒီတော့ ဒီအခြေအနေတွေကို ကြည့်ပြီးတော့ တပ်မတော်နဲ့ လက်ရှိအစိုးရတို့ ထိထိရောက်ရောက် ကြိုတင်ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ၊ အကူအညီရယူမှုတွေ လုပ်သင့်ကြတဲ့ကာလ ဖြစ်ပါတယ်။ အဲဒါကိုဖြစ်အောင် ကြိုးစားကြစေချင်တယ်လို့ ကျနော်အနေနဲ့ အလေးအနက် တိုက်တွန်းချင်ပါတယ်။

မေး ။ ။ အစိုးရနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်သူတွေ စုပေါင်းညီညာပြီးတော့ ဒီရောဂါကြီးကို ဝိုင်းပြီးတိုက်ခိုက်ရမယ့် အခြေအနေ ဖြစ်နေတာပေါ့။ ဒီအချိန်မျိုးမှာ သွေးစည်းညီညွှတ်ရဖို့ အရေးကြီးဆုံးပေါ့။

ဖြေ ။ ။ မှန်ပါတယ်။ ကျနော် အပြည့်အဝ သဘောတူပါတယ်။ ကျနော်တို့အားလုံး ဘယ်သူ့ဘယ်သူကိုမှ လက်ညှိုးထိုး အပြစ်တင် ပြောမနေကြဘဲနဲ့ တိုင်းပြည်တခုလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးတာဝန်တရပ်လို့ စစ်တပ်၊ အစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာ၊ သာမန်ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်လုံးက ဝိုင်းဝန်ပြီးတော့ လုပ်ကိုင်ကြရင်တော့ ကျနော်တို့ အများကြီးသက်သာမယ်။ နောက်တခါ ဒါကို အခွင့်ကောင်းကြီးတရပ်လို့ ယူဆပြီးတော့ ပြင်ဆင်မှုတွေ၊ ပေါင်းစည်းမှုတွေ၊ အကုန်ဆောင်ရွက်ကြရင်တော့ ဒီကိုရိုနာဗိုင်းရပ်စ်ကြောင့်မို့ ကျနော်တို့မြန်မာနိုင်ငံဟာ သမိုင်းစာမျက်နှာသစ်များ ဖွင့်နိုင်လေမလားလို့ မျှော်လင့်ချင်ပါတယ်။

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...