နိုဝင်္ဘာ ၂၇ ရက်

ဆုံးသွားတဲ့ဒုတိယသား မွေးနေ့။ ကျွန်တော့်ကို ပုလဲအိမ်လေးမှာ လာဖမ်းတဲ့နေ့ကလည်း အဲဒီနေ့ဘဲ။

၁၉၉၀ ခုနှစ် ဆောင်းလ ဒီလိုညမှာ။ ကျွန်တော်က မြန်မာ့ရုပ်မြင်သံကြား သတင်းကြည့်ရင်း ညစာစားနေချိန်။ နိုင်ငံရေးအခြေအနေက ဟိုငယ်ငယ်တုန်းက အနီတွေ အဖြူတွေ အဝါတွေခေတ်ကလို မတည်ငြိမ်။ နေဝင်ရင် ခြံတခါးပိတ်။ ဒေါ်မြမြအေးရဲ့ အဒေါ်၊ ကလေးတွေက ဖွားလေးလို့ခေါ်တဲ့ ဒေါ်ခင်အေးက အိမ်ဝင်းသော့ကိုင်။ သော့တွဲ ခါးကြားညှပ်ထားပါတယ်။

အိမ်ပြင်မှာ ယူနီဖေါင်းဝတ်တွေ လက်နက်တွေနဲ့။ အရပ်လူကြီးတွေလည်းပါတယ်။ တံခါးဖွင့်ခိုင်းတယ်။ ရိပ်မိပြီ။ ကျောချတော့ ဓါးပြ။

အေး အေး ငါသော့သွားယူဦးမယ်ပြောထားခဲ့ပြီး မောင်တင့်ဆွေ မင့်ဖမ်းမဲ့ကောင်တွေ အိမ်ရှေ့မှာ တဲ့။

ထမင်းစားပွဲ ထားခဲ့ရ။ မိသားစု ထားခဲ့ရ။ လူနာတွေ ထားခဲ့ရ။ မဲပေးသူတွေ ထားခဲ့ရ။ အိုးအိမ် ထားခဲ့ရ။ တိုင်းပြည် ထားခဲ့ရ။

အတိတ်ကိုတော့ ထားခဲ့လို မရ။ နိုဝင်္ဘာ ၂၇ ရက်နေ့ည။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၈
၂၇-၁၁-၂၀၂၀ (မြန်မာပြည်နေ့စွဲ)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ