Burmese Proverbs စကာပုံများ (က)

ပူးတွဲပါပုံကိုတွေလို့ ဇနီးကပြောပြထားတာ ၃-၄ ရက်ရှိပြီး။ အခုတော့ ကိုယ်တိုင်တွေ့တယ်။ စကားပုံ၊ စကားထာ၊ ဆိုရိုးစကားတွေကို မမေ့ကြစေချင်ပါ။ က နဲ့စတာတွေကိုသာ အရင်တင်ပါတယ်။

ကံကိုယုံပြီး ဆူးပုံနင်း
ကံကိုယုံတော့ စုံလုံးကန်း
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ
ကံသည် အလုပ်အလုပ်သည် ကံ
ကံသာလျှင်အမိ ကံသာလျှင်အဖ
ကံကောင်းရင် တချက် ကံမကောင်းရင် တသက်
ကချင်ရက် လက်ကျိုး
ကင်းခြေများ ခြေတချောင်းကျိုး၍ အသွားမပျက်
ကဆုန်နယုန် စွေ့စွေ့ခုန်
ကတုံးပေါ် ထိပ်ကွက်
ကျွဲပါး စောင်းတီး
ကရိုး မက ဆန်း၍က နှပ်ပစ်ခံရ
ကွန်တချက် ဟင်းတခွက်
ကွမ်းသီးကြိုက် တောင်ငူပို့
ကိစ္စများမြောင် လူတို့ဘောင်
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
ကိုယ့်ဒူး ကိုယ်ချွန်
ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ
ကိုယ်ထင် ကုတင်ရွှေနန်း
ကိုယ်ဖြစ် ကိုယ်ခံ
ကိုယ်ကောင်းလျှင် ခေါင်းမရွေ့
ကုန်းပေါ်ရောက်မှ ရေမမွန်းစေနှင့်
ကုလားမနိုင် ရခိုင်မဲ
ကုလားသိုက် ကျားဝင်ကိုက်
ကုသိုလ်တပဲ ငရဲတပိဿာ
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး
ကလေးကျမှ လှေခါးထောင်
ကျင်ကြီးစွန့်ရာ ကျင်ငယ်ပါ
ကျည်ပွေ့ကောင်းလို့ ဆန်ဖြူ
ကျန်းမာခြင်းသည် လာဘ်တပါး
ကျားဆရာကြောင် ကြောင်ဆရာကြွက်
ကျားကြီး ခြေရာကြီး
ကျားရဲလည်းသေ တောလည်းကျေ
ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး
ကျားရှေ့မှောက်ရက်လဲ
ကျီးကြည့် ကြောင်ကြည့်
ကျီစားသန်ကရန်များ၏
ကျူပင်ခုတ် ကျူငုတ်ပါမကျန်
ကြိုးကြာဆိုဘာ ငှက်လဲမေး
ကြိုက်မရှက် ငိုက်မရှက်
ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက်
ကြီးလျှင်မှီ ငယ်လျှင်ချီ
ကြက်ကန်း ဆန်အိုးတိုး
ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲ
ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်
ကြက်မတွန်လို့ မိုးမလင်း
ကြက်ကြော်မကြိုက်တဲ့ လူမိုက်
ကြပ်ပူထိုးလေ ရောင်လေ
ကြမ်းကျွံရင် နှုတ်ရ၊ စကားကျွံရင် နှုတ်မရ
ကြွက်မနိုင် ကျီမီးနဲ့ရှို့
ကြွက်သေတခု အရင်းပြု
ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်
ကြာကြာဝါးမှ ခါးမှန်းသိ
ရန်သူပြန်မှ ဒူးလေးပြင်
ကောက်သော်စားမလောက် ဖြောင့်သော်စားမနိုင်
ကျေးဇူးမတင် -င်လှန်ပြ
ကျေးဇူးရှိမှ ကျေးစွပ်
ကျောသားကလည်းသား ရင်သားကလည်းသား
ကျောသားရင်သား မခွဲခြား
ကျော်တော့လှေသူကြီးညားတော့လှေထိုးသား
ကြွေတလှည့် ကြက်တခုန်
ကြောက်ရင်လာဘ်လွဲ ရဲလျှင်မင်းဖြစ်
ကြောင်ကဲ့သို့ကျင့်လေ ညောင်ကဲ့သို့ကျင့်လေ
ကြောင်မရှိ ကြွက်ထ
ကြောင်သူတော် ကြွက်သူခိုး
ကြောင်အိုတော့ ကြွက်မလေး

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း